Saturday, December 22, 2012

အလောင်းတော် ကဿပသို့ ဘုရားဖူး ပြည်သူများ လာရောက် ဖူးမြော်နိုင်ပြီ

Photo: အလောင်းတော် ကဿပသို့ ဘုရားဖူး ပြည်သူများ 
လာရောက် ဖူးမြော်နိုင်ပြီ
Friday, 21 December 2012

ဆောင်းရာသီ အခါသမယ ပွင့်လင်း ရာသီသို့ ရောက်လာပြီ ဖြစ်သည့် အတွက် ယင်းမာပင် မြို့နယ်နှင့် ကနီမြို့နယ် ဆုံရာတွင် တည်ထား ကိုးကွယ်သည့် အလောင်းတော် ကဿပ ရဟန္တာ မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးမှုဖြင့် အလောင်းတော် ကဿပ ဘုရားဂေါပက နာယက ဆရာတော် ဦးသုမနနှင့် ဆရာတော် သံဃာတော် များ၊ ဂေါပက အဖွဲ့ဝင်များ၊ ယင်းမာပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်မှ တာဝန်ရှိ သူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီက ပျက်စီး သွားခဲ့သော လမ်းများကို
ပြုပြင် ဖောက်လုပ်ခဲ့ပြီး ဖြစ်သည်။

အလောင်းတော် ကဿပ ဗုဒ္ဓပူဇနိယ ဘုရားပွဲ ရာသီလမ်းကို နှစ်စဉ် ဖွင့်ပွဲ ပြုလုပ် လေ့ရှိရာ ယင်းမာပင် မြို့နှင့် မိုင်(၂ဝ)ကွာ ဝေးသော ယင်းမာပင် မြို့နယ် ကပိုင်ကျေးရွာ၌ ဒီဇင်ဘာ ၂၂ ရက်တွင် လမ်းဖွင့်ပွဲ ကျင်းပမည်
ဖြစ်သည်။ လမ်းဖွင့် လှစ်ပြီးပါက ဘုရားဖူး လာ ပြည်သူများ အနေဖြင့် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အတွင်း စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ဘုရားဖူး လာရောက် နိုင်ပြီဖြစ်သည်။

အလောင်းတော် ကဿပ ဗုဒ္ဓပူဇနိယ ဘုရား ပွဲတော်တွင် တပို့တွဲ လပြည့်နေ့နှင့် တပေါင်း လပြည့်နေ့ များ၌ ပင့်သံဃာတော် များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူကြမည် ဖြစ်သည်။

သို့ပါ၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ အနေဖြင့် 
လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် ချောမွေ့ပြီး အေးချမ်း ပျော်ရွှင်စွာဖြင့် အလောင်းတော် ကဿပသို့ ဘုရားဖူး လာရောက် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဆောင်းရာသီ အခါသမယ ပွင့်လင်း ရာသီသို့ ရောက်လာပြီ ဖြစ်သည့် အတွက် ယင်းမာပင် မြို့နယ်နှင့် ကနီမြို့နယ် ဆုံရာတွင် တည်ထား ကိုးကွယ်သည့် အလောင်းတော် ကဿပ ရဟန္တာ မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးမှုဖြင့် အလောင်းတော် ကဿပ ဘုရားဂေါပက နာယက ဆရာတော် ဦးသုမနနှင့် ဆရာတော် သံဃာတော် များ၊ ဂေါပက အဖွဲ့ဝင်များ၊ ယင်းမာပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်မှ တာဝန်ရှိ သူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီက ပျက်စီး သွားခဲ့သော လမ်းများကိုပြုပြင် ဖောက်လုပ်ခဲ့ပြီး ဖြစ်သည်။
အလောင်းတော် ကဿပ ဗုဒ္ဓပူဇနိယ ဘုရားပွဲ ရာသီလမ်းကို နှစ်စဉ် ဖွင့်ပွဲ ပြုလုပ် လေ့ရှိရာ ယင်းမာပင် မြို့နှင့် မိုင်(၂ဝ)ကွာ ဝေးသော ယင်းမာပင် မြို့နယ် ကပိုင်ကျေးရွာ၌ ဒီဇင်ဘာ ၂၂ ရက်တွင် လမ်းဖွင့်ပွဲ ကျင်းပမည်ဖြစ် သည်။ လမ်းဖွင့် လှစ်ပြီးပါက ဘုရားဖူး လာ ပြည်သူများ အနေဖြင့် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အတွင်း စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ဘုရားဖူး လာရောက် နိုင်ပြီဖြစ်သည်။

အလောင်းတော် ကဿပ ဗုဒ္ဓပူဇနိယ ဘုရား ပွဲတော်တွင် တပို့တွဲ လပြည့်နေ့နှင့် တပေါင်း လပြည့်နေ့ များ၌ ပင့်သံဃာတော် များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူကြမည် ဖြစ်သည်။

သို့ပါ၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ အနေဖြင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် ချောမွေ့ပြီး အေးချမ်း ပျော်ရွှင်စွာဖြင့် အလောင်းတော် ကဿပသို့ ဘုရားဖူး လာရောက် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List