Thursday, December 20, 2012

နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစ်စောင်

Photo: နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစ်စောင်
==========================================
သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက်အယှက် ဖြစ်စေ လို တဲ့ စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလိုက်မိပါတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် ခြေတစ်ဖက် စွန့်ထားသူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည်အတွက် အလုပ်အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။ ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေးတံဆိပ်လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည်နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီးတို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစားနိုင်ပါဘူး။

ကျွန်မတို့ မိသားစုဟာ စစ်ကိုင်းတိုင်းက မြို့နယ်တစ်ခုမှာ နေထိုင်ကြီးပြင်း ခဲ့ကြတယ်။ ကျွန်မအမျိုးသားဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခြေတစ်ဖက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သားငယ်လေးဟာ ကချင်ပြည်နယ်မှာ အသက် စွန့်ခဲ့ရတယ်။ကျွန်မရဲ့ သားငယ်ဟာ အသက်စွန့်ပြီး စီးပွားရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသက်ပေးခဲ့တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ သမ္မတကြီး။ သမ္မတကြီးတို့ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဆိုတာ ဖြစ်အောင်၊ ကျွန်မ ကလေးတွေကို သင်ပေးတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံ မြေပုံကြီး ဖြစ်အောင် မွေးရပ်မြေကို စွန့်ခွာပြီး အသက်စွန့်တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ တပ်မတော် သားတွေပါရှင်။

အသက် ၂၅ နှစ် ဆိုတဲ့ ကျွန်မ သားငယ်ဟာ ကျွန်မအတွက်တော့ ကလေးပါပဲ။ ကျွန်မ သားငယ် စစ်ဆင်ရေး တာဝန်ကို စပြီးထမ်းဆောင်ကတည်းက ကျွန်မသားဟာ သူ့လစာကို မစားခဲ့ရဘူး။ သူနဲ့ ရွယ်တူ အပေါင်း အသင်းတွေ မိသားစုနဲ့ အတူနေပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချိန်မှာ ကျွန်မသားအတွက် မိသားစု ဆိုတာ တာဝန်နဲ့ ရဲဘော်ရဲဘက်တွေပဲ ဖြစ်ခဲ့ရတယ်။ သူအရမ်း နှစ်သက်တဲ့ ဘုရားပွဲတွေကို နှစ်ပေါင်းများစွာ မိသားစုနဲ့အတူ ပျော်ရွှင်ခွင့်မရခဲ့ဘူး။ အခုတော့ ဒီဘ၀မှာ သူ့အတွက် မိသားစုနဲ့ ပြန်ဆုံဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါပြီ။

နိုင်ငံကြီးတစ်ခုက စစ်သားတစ်ယောက်ဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်မှာ အနွေးထည် မလုံလောက် လို့ သူ့အမေဆီ စာရေးပြီး မှာခဲ့ဖူးတယ်။ သူ့မိခင်က အစိုးရကို ဒီအဖြစ်အတွက် စာရေးတောင်းဆိုလို့ အစိုးရက ဖြေရှင်းခဲ့ပေးရတယ်။ ကျောပိုးအိတ် တစ်လုံးနဲ့ ရိက္ခာ အငတ်ငတ်အပြတ်ပြတ် တာဝန်ထမ်းဆောင်တဲ့ တပ်မ တော် သားတွေအတွက် သမ္မတကြီးတို့ အစိုးရအဖွဲ့မှာ တာဝန်မရှိဘူးလို့ သမ္မတကြီး ယူဆပါလား လို့ ကျွန်မ တကယ် မေးလိုက်ချင်တယ်။ စစ်သားဘ၀ကို ဖြတ်သန်းပြီးမှ သမ္မတဖြစ်လာတဲ့ သမ္မတကြီးတို့လို လူကြီး တွေက တပ်မတော်သားတွေ အပေါ် ပိုပြီး ကြင်နာရမှာ မဟုတ်ပါဘူးလား။

မာနယ်ပလော၊ မဲသဝေါ လိုဒေသ မျိုးတွေမှာတောင် တိုက်ပွဲတိုင်းနိုင်အောင် တိုက်ပြီး တိုင်းပြည် အေးချမ်း စေခဲ့တဲ့ တပ်မတော်သား တွေဟာ ဘာမဟုတ်တဲ့ ကချင်လက်နက်ကိုင်ကျမှ အကျိုးမဲ့ အသက်ပေးခိုင်း ခဲ့ရပါသ လား။ ကချင်ထိုးစစ်ရပ် ဆိုလို့ ရပ်ထားခဲ့ရတယ်တဲ့။ ဒါဆို ထိုးစစ်ရပ်ဆိုတဲ့ ကာလမှာ ကျွန်မသားဟာ ရန်သူ့ရဲ့ ကျည်ဆံအောက်မှာ ကျဆုံးခဲ့ရတာပါလဲ။ တကယ်ဆို သမ္မတကြီးတို့ လုပ်တဲ့ ငြိမ်းချမ်းရေးသာ စစ်မှန် ရင် ဒီအချိန် ကျွန်မဟာ ကျွန်မသား ပြန်အလာကို စောင့်ရင်းနဲ့ ဘုရားမှာ ဆုတောင်းနေရမှာပါ။

ကျွန်မ အရမ်း ၀မ်းနည်းမိပါတယ်။ စစ်သားတစ်ယောက် ဖြစ်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျွန်မသားကို ကျွန်မ ဂုဏ်ယူပေမယ့် ကျွန်မသား ပေးဆပ်ရတဲ့ အသက်ဟာ သမ္မတကြီးရဲ့ ထိုးစစ်ရပ်ဆိုတဲ့ စကားကြောင့် ဆိုတဲ့ အတွေးကလည်း ကျွန်မကို နှိပ်စက်နေပါတယ်။ သမ္မတကြီးရဲ့အမိန့်ကို ကာကွယ်ရေး ဦးစီးချုပ်က နာခံပါ့မယ် လို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တယ်။ ဒီလို ကချင်ပြည်နယ်မှာ တပ်မတော် မလိုအပ်ဘူး။ ကေအိုင်အေပဲ လိုအပ်တယ်ဆိုရင် ကချင်ပြည်နယ်က တပ်မတော်ကို သမ္မတကြီး အမိန့်ထုတ်ပြီး ပြန်ရုပ်ခိုင်းလိုက်ပါတော့လား။ ဒါဆို ကျွန်မ သားလို ကျည်တစ်တောင့် မပစ်ရဘဲ သေဆုံးရတဲ့ တပ်မတော်သားတွေ မရှိနိုင်တော့ဘူး မဟုတ် လား ရှင်။

အခု သေဆုံးသွားတဲ့ ကျွန်မသား အပါအ၀င် တပ်မတော်သားတွေဟာ သူရဲကောင်းတွေပါ။ သူရဲကောင်းတို့ အသက်စွန့်ခြင်းနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူတွေပါ။ သမ္မတကြီးတို့ အမြဲပြောဆိုနေတဲ့ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံက စစ်သားတွေ ဗီယက်နမ် စစ်မြေပြင်မှာ သေဆုံးတုန်းကတောင် အမေရိကန် သမ္မတက သူ့မိသားစု တွေဆီကို ၀မ်းနည်းကြောင်း ပို့ပေးခဲ့ဖူးပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အသက် ပေးခဲ့ရသူတွေအတွက် သမ္မတကြီး ၀မ်းနည်းကြောင်း တစ်ခွန်း မပြောသင့်ဘူးလားလို့ မေးချင်ပါတယ်။

ကျွန်မဟာ ကျွန်မသား သေဆုံးမှုအတွက် ၀မ်းနည်းတာတစ်ဖက်၊ ခံပြင်းတာတစ်ဖက်မို့ အရူးတစ်ပိုင်း ဖြစ်နေရ ပါတယ်။ကျွန်မ မျက်ရည်တွေကို ကူမသုတ်ပေးနိုင်ရင်တောင် နောက်ထပ် ကျွန်မလို မိဘတွေ ထပ်ပြီး မရှိရ အောင် သမ္မတကြီးတို့ ဆုံးဖြတ်ကြပါတော့လို့ ကျွန်မ တိုက်တွန်းလိုက်ပါတယ်။
သမ္မတကြီးကို အားကိုးယုံကြည်လျှက်။။

သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက်အယှက် ဖြစ်စေ လို တဲ့ စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလိုက်မိပါတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် ခြေတစ်ဖက် စွန့်ထားသူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည်အတွက် အလုပ် အကျွေးပြနေဆဲ ကျောင်းဆရာမ တစ်ဦးပါ။ ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူး တဲ့ ကြေးတံဆိပ်လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည်နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီးတို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစားနိုင်ပါဘူး။

ကျွန်မတို့ မိသားစုဟာ စစ်ကိုင်းတိုင်းက မြို့နယ်တစ်ခုမှာ နေထိုင်ကြီးပြင်း ခဲ့ကြတယ်။ ကျွန်မအမျိုးသားဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခြေတစ်ဖက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သားငယ်လေးဟာ ကချင်ပြည်နယ်မှာ အသက် စွန့်ခဲ့ရတယ်။ကျွန်မရဲ့ သားငယ်ဟာ အသက်စွန့်ပြီး စီးပွားရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အသက်ပေးခဲ့တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ သမ္မတကြီး။ သမ္မတကြီးတို့ အုပ်ချုပ် တဲ့ မြန်မာနိုင်ငံဆိုတာ ဖြစ်အောင်၊ ကျွန်မ ကလေးတွေကို သင်ပေးတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံ မြေပုံကြီး ဖြစ်အောင် မွေးရပ်မြေကို စွန့်ခွာပြီး အသက်စွန့် တာဝန်ထမ်းဆောင်နေ တဲ့ မြန်မာနိုင်ငံရဲ့ တပ်မတော် သားတွေပါရှင်။
အသက် ၂၅ နှစ် ဆိုတဲ့ ကျွန်မ သားငယ်ဟာ ကျွန်မအတွက်တော့ ကလေးပါပဲ။ ကျွန်မ သားငယ် စစ်ဆင်ရေး တာဝန်ကို စပြီးထမ်းဆောင်ကတည်းက ကျွန်မသားဟာ သူ့လစာကို မစားခဲ့ရဘူး။ သူနဲ့ ရွယ်တူ အပေါင်း အသင်းတွေ မိသားစုနဲ့ အတူနေပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချိန်မှာ ကျွန်မသားအတွက် မိသားစု ဆိုတာ တာဝန်နဲ့ ရဲဘော်ရဲဘက်တွေပဲ ဖြစ်ခဲ့ရတယ်။ သူအရမ်း နှစ်သက်တဲ့ ဘုရားပွဲတွေကို နှစ်ပေါင်းများစွာ မိသားစုနဲ့အတူ ပျော်ရွှင်ခွင့်မရခဲ့ဘူး။ အခုတော့ ဒီဘ၀မှာ သူ့အတွက် မိသားစုနဲ့ ပြန်ဆုံဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါပြီ။

နိုင်ငံကြီးတစ်ခုက စစ်သားတစ်ယောက်ဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်မှာ အနွေးထည် မလုံလောက် လို့ သူ့အမေဆီ စာရေးပြီး မှာခဲ့ဖူးတယ်။ သူ့မိခင်က အစိုးရကို ဒီအဖြစ်အတွက် စာရေးတောင်းဆိုလို့ အစိုးရက ဖြေရှင်းခဲ့ပေးရတယ်။ ကျောပိုးအိတ် တစ်လုံးနဲ့ ရိက္ခာ အငတ်ငတ်အပြတ်ပြတ် တာဝန်ထမ်းဆောင်တဲ့ တပ်မ တော် သားတွေအတွက် သမ္မတကြီးတို့ အစိုးရအဖွဲ့မှာ တာဝန်မရှိဘူးလို့ သမ္မတကြီး ယူဆပါလား လို့ ကျွန်မ တကယ် မေးလိုက်ချင်တယ်။ စစ်သားဘ၀ကို ဖြတ်သန်းပြီးမှ သမ္မတဖြစ်လာတဲ့ သမ္မတကြီးတို့လို လူကြီး တွေက တပ်မတော်သားတွေ အပေါ် ပိုပြီး ကြင်နာရမှာ မဟုတ်ပါဘူးလား။

မာနယ်ပလော၊ မဲသဝေါ လိုဒေသ မျိုးတွေမှာတောင် တိုက်ပွဲတိုင်းနိုင်အောင် တိုက်ပြီး တိုင်းပြည် အေးချမ်း စေခဲ့တဲ့ တပ်မတော်သား တွေဟာ ဘာမဟုတ်တဲ့ ကချင်လက်နက်ကိုင်ကျမှ အကျိုးမဲ့ အသက်ပေးခိုင်း ခဲ့ရပါသ လား။ ကချင်ထိုးစစ်ရပ် ဆိုလို့ ရပ်ထားခဲ့ရတယ်တဲ့။ ဒါဆို ထိုးစစ်ရပ်ဆိုတဲ့ ကာလမှာ ကျွန်မသားဟာ ရန်သူ့ရဲ့ ကျည်ဆံအောက်မှာ ကျဆုံးခဲ့ရတာပါလဲ။ တကယ်ဆို သမ္မတကြီးတို့ လုပ်တဲ့ ငြိမ်းချမ်းရေးသာ စစ်မှန် ရင် ဒီအချိန် ကျွန်မဟာ ကျွန်မသား ပြန်အလာကို စောင့်ရင်းနဲ့ ဘုရားမှာ ဆုတောင်းနေရမှာပါ။

ကျွန်မ အရမ်း ၀မ်းနည်းမိပါတယ်။ စစ်သားတစ်ယောက် ဖြစ်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျွန်မသားကို ကျွန်မ ဂုဏ်ယူပေမယ့် ကျွန်မသား ပေးဆပ်ရတဲ့ အသက်ဟာ သမ္မတကြီးရဲ့ ထိုးစစ်ရပ်ဆိုတဲ့ စကားကြောင့် ဆိုတဲ့ အတွေးကလည်း ကျွန်မကို နှိပ်စက်နေပါတယ်။ သမ္မတကြီးရဲ့အမိန့်ကို ကာကွယ်ရေး ဦးစီးချုပ်က နာခံပါ့မယ် လို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တယ်။ ဒီလို ကချင်ပြည်နယ်မှာ တပ်မတော် မလိုအပ်ဘူး။ ကေအိုင်အေပဲ လိုအပ်တယ်ဆိုရင် ကချင်ပြည်နယ်က တပ်မတော်ကို သမ္မတကြီး အမိန့်ထုတ်ပြီး ပြန်ရုပ်ခိုင်းလိုက်ပါတော့လား။ ဒါဆို ကျွန်မ သားလို ကျည်တစ်တောင့် မပစ်ရဘဲ သေဆုံးရတဲ့ တပ်မတော်သားတွေ မရှိနိုင်တော့ဘူး မဟုတ် လား ရှင်။

အခု သေဆုံးသွားတဲ့ ကျွန်မသား အပါအ၀င် တပ်မတော်သားတွေဟာ သူရဲကောင်းတွေပါ။ သူရဲကောင်းတို့ အသက်စွန့်ခြင်းနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူတွေပါ။ သမ္မတကြီးတို့ အမြဲပြောဆိုနေတဲ့ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံက စစ်သားတွေ ဗီယက်နမ် စစ်မြေပြင်မှာ သေဆုံးတုန်းကတောင် အမေရိကန် သမ္မတက သူ့မိသားစု တွေဆီကို ၀မ်းနည်းကြောင်း ပို့ပေးခဲ့ဖူးပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အသက် ပေးခဲ့ရသူတွေအတွက် သမ္မတကြီး ၀မ်းနည်းကြောင်း တစ်ခွန်း မပြောသင့်ဘူးလားလို့ မေးချင်ပါတယ်။

ကျွန်မဟာ ကျွန်မသား သေဆုံးမှုအတွက် ၀မ်းနည်းတာတစ်ဖက်၊ ခံပြင်းတာတစ်ဖက်မို့ အရူးတစ်ပိုင်း ဖြစ်နေရ ပါတယ်။ကျွန်မ မျက်ရည်တွေကို ကူမသုတ်ပေးနိုင်ရင်တောင် နောက်ထပ် ကျွန်မလို မိဘတွေ ထပ်ပြီး မရှိရ အောင် သမ္မတကြီးတို့ ဆုံးဖြတ်ကြပါတော့လို့ ကျွန်မ တိုက်တွန်းလိုက်ပါတယ်။
သမ္မတကြီးကို အားကိုးယုံကြည်လျှက်။။

No comments:

Post a Comment

My Blog List