၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေ၊ လူ့ဘောင်သစ်
အင်အားစုတွေ အပါအဝင် ၈၈ အရေးတော်ပုံကာလမှာ ပါဝင်လှုပ်ရှား ခဲ့တဲ့
၈လေးလုံးအင်အားစုတွေစုစည်းပြီး ၂ဝ၁၃ ခုနစ် ဇွန်လ နောက်ဆုံးထားကာ
ညီလာခံတရပ်ကျင်းပသွားမယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားလိုက်ပါ တယ်။
၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင်
၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေနဲ့ လူ့ဘောင်သစ်အင်အားစုတွေ
တွေ့ဆုံပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို
တွေ့ရစဉ်
၈ လေးလုံးအင်အားစုတွေဟာ မနေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်
မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ ရုံးခန်းမှာ
တွေ့ဆုံခဲ့ကြပြီးနောက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက မီဒီယာသမားတွေကို အဲဒီလို
ညီလာခံကျင်းပမယ့်အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
ဒီညီလာခံကို ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ABSDF အင်အားစုတွေ
ပူပေါင်းပြီး ၂ဝ၁၃ ခုနစ် အတွင်းကျင်းပမယ့် တိုင်းရင်းသားတွေအပါအဝင်
ဒီမိုကရေစီအင်အားစုပေါင်းစုံ ညီလာခံကြီးရဲ့ အကြိုအဖြစ်
ကျင်းပမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
၈၈ အင်အားစုတွေ ပူးပေါင်းကျင်းပမဲ့ ဒီညီလာခံတွေဟာ အစိုးရက
အကောင်ထည်ဖော်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် အနုတ် လက္ခဏာဆောင်စေမှာ
မဟုတ်ဘူးလို့လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က
ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment