ကမ္ဘာကျော်
ဝိပဿနာ ဆရာကြီး ဦးဂိုအင်ဂာာနှင့် တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်သည့် ယနေ့
(ဒီဇင်ဘာလ ၂၁ရက်နေ့) ညနေ ၄ နာရီမိနစ် ၄၀ အချိန်တွင် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှ ရန်ကုန်မြို့သို့ MAI စင်းလုံးငှားလေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။ဆရာကြီး ဦးဂိုအင်ကာ၏ ယခုခရီးစဉ်ကို ဂိုအင်ကာမျိုးဆက် မြန်မာနိုင်ငံသို့ရောက်ရှိချိန်မှ ယခုကာလအထိကို ရည်ညွှန်းပြီး "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဟု အမည်ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်အတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဓမ္မဟောပြောမှုကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို ဟောပြောပွဲနေ့၏ ည ၇ နာရီအချိန်တွင် Channel 7 ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသပေးမည်ကြောင်းနှင့် MRTV-4 ရုပ်သံလိုင်းတွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်နှင့် မွန်းလွဲ ၁ နာရီအချိန်တို့တွင် ထပ်မံ ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment