Thursday, December 20, 2012

ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်းလိုင်းများတွင် မက်ဆေ့(ခ်ျ)ပေးပို့သည့် ဝန်ဆောင်မှုများ ပြတ်တောက်လျက်ရှိ

Photo: ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်းလိုင်းများတွင် မက်ဆေ့(ခ်ျ)ပေးပို့သည့် ဝန်ဆောင်မှုများ ပြတ်တောက်လျက်ရှိ
Wednesday, 19 December 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်းလိုင်းများ အချင်းချင်းမက်ဆေ့(ခ်ျ)ပေးပို့သည့် ဝန်ဆောင်မှုများ ၁၈ ရက် နေ့လည်ပိုင်း
အချိန်မှစတင်ကာ ယခုအချိန်ထိ ပြတ်တောက်နေကြောင်း အသုံးပြုသူများ
ထံမှ သတင်းရရှိသည်။

ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ၏ မက်ဆေ့(ခ်ျ)ပေးပို့ခြင်း ဝန်ဆောင်မှု
ပြတ်တောက်ရာတွင် ဂျီအက်(စ်)အမ်ဖုန်းလိုင်းများဖြစ်သော ၀၉ ၄၂ ၊ ၀၉ ၄၀၊ ၀၉ ၄၄ ဖြင့်စသည့်ဖုန်းလိုင်းအများစုမှာ အထွက်မက်ဆေ့ခ်ျပေးပို့မရခြင်း၊ အခြားနံပါတ်မှ စာပေးပို့သော်လည်း အဝင်မက်ဆေ့ခ်ျလက်ခံရရှိမှုမရှိခြင်းများ ယခုအချိန်ထိဖြစ်ပေါ် လျက်ရှိသည်။

“မနေ့ညနေကမှသိလိုက်ရတယ်။ မက်ဆေ့ခ်ျအဝင်ရောအထွက်ရောမရဘူး။ တခြားသူကပို့လိုက်လည်း သူ့ဆီတော့စာအထွက်ပြသွားတယ်။ ဒီဘက်ကိုမရောက်လာဘူး” ဟု မက်ဆေ့ခ်ျပေးပို့ခြင်းဝန်ဆောင်မှု
ပြတ်တောက်မှုနှင့်ကြုံတွေ့နေရသူ လူငယ်တစ်ဦးကပြောသည်။

ယင်းနေ့ နေ့လည်ခင်းကတည်းဖြစ်ပေါ်နေသော အဆိုပါအကြောင်းအရာနှင့်
ပတ်သတ်ပြီး မြန်မာ့ဆက်သွယ်ရေးသို့ဆက်သွယ်ရေးမှ မိုဘိုင်း
အင်ဂျင်နီယာချုပ်က “ ကျွန်တော်တောင်အခုမှသိပါတယ်။ မက်ဆေ့ခ်ျစင်တာက ဆာဗာချို့ယွင်းမှုကြောင့်ဖြစ်နိုင်ပါတယ်။ ချက်ချင်းပြင်ဆင်မှုတွေလုပ်ပေးပြီးအသုံးပြုသူတွေကိုအကြောင်း
ပြန်ပေးပါမယ်” ဟု ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းနှင့်ပတ်သတ်သည့် ဝန်ဆောင်မှုများသည် မကြာခဏဆက်သွယ်မှုပြတ်တောက်ခြင်း၊ ဖုန်းဘေလ်များမှားယွင်း
ဖြတ်မိခြင်းအစရှိသည့် ဆာဗာချို့ယွင်းမှုမျိုးမကြာခဏဖြစ်ပေါ်လျက် ရှိသည်ဟုသိရသည်။

7Day News Journal

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်းလိုင်းများ အချင်းချင်းမက်ဆေ့(ခ်ျ)ပေးပို့သည့် ဝန်ဆောင်မှုများ ၁၈ ရက် နေ့လည်ပိုင်းအချိန်မှစတင်ကာ ယခုအချိန်ထိ ပြတ်တောက်နေကြောင်း အသုံးပြု သူများထံမှ သတင်းရရှိသည်။
ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ၏ မက်ဆေ့(ခ်ျ)ပေးပို့ခြင်း ဝန်ဆောင်မှုပြတ်တောက်ရာတွင် ဂျီအက်(စ်)အမ် ဖုန်းလိုင်းများဖြစ်သော ၀၉ ၄၂ ၊ ၀၉ ၄၀၊ ၀၉ ၄၄ ဖြင့်စသည့်ဖုန်းလိုင်းအများစုမှာ အထွက် မက်ဆေ့ခ်ျပေး ပို့မရခြင်း၊ အခြားနံပါတ်မှ စာပေးပို့သော်လည်း အဝင်မက်ဆေ့ခ်ျ လက်ခံရရှိမှု မရှိခြင်းများ ယခု အချိန်ထိဖြစ်ပေါ် လျက်ရှိသည်။
“မနေ့ညနေကမှသိလိုက်ရတယ်။ မက်ဆေ့ခ်ျအဝင်ရောအထွက်ရောမရဘူး။ တခြားသူကပို့လိုက်လည်း သူ့ဆီတော့စာအထွက်ပြသွားတယ်။ ဒီဘက်ကိုမရောက်လာဘူး” ဟု မက်ဆေ့ခ်ျပေးပို့ခြင်းဝန်ဆောင်မှု
ပြတ်တောက်မှုနှင့်ကြုံတွေ့နေရသူ လူငယ်တစ်ဦးကပြောသည်။
ယင်းနေ့ နေ့လည်ခင်းကတည်းကဖြစ်ပေါ်နေသော အဆိုပါအကြောင်းအရာနှင့် ပတ်သတ်ပြီး မြန်မာ့       ဆက်သွယ်ရေးသို့ ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာချုပ်က “ ကျွန်တော်တောင်အခုမှသိပါတယ်။ မက်ဆေ့ခ်ျစင်တာကဆာဗာချို့ယွင်းမှုကြောင့်ဖြစ်နိုင်ပါတယ်။ချက်ချင်းပြင်ဆင်မှုတွေလုပ်ပေးပြီးအသုံးပြုသူတွေကိုအကြောင်း
ပြန်ပေးပါမယ်” ဟု ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းနှင့်ပတ်သတ်သည့် ဝန်ဆောင်မှုများသည် မကြာခဏ ဆက်သွယ် မှုပြတ်တောက်ခြင်း၊ ဖုန်းဘေလ်များမှားယွင်းဖြတ်မိခြင်းအစရှိသည့် ဆာဗာချို့ယွင်းမှုမျိုးမကြာခဏဖြစ်ပေါ် လျက် ရှိသည်ဟုသိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List