ဒီဇင်ဘာ
၂၀ ၊ ၂၀၁၂ အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်ရုံးတွင်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရတ်တစ်တပ်ဦး
(အေဘီအက်စ်ဒီအဖ်)အဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဗဟိုအလုပ် အမူဆောင်အဖွဲ့ တို့  သည်မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးအကြောင်း ကိုဆွေးနွေးခဲ့ကြသည်။
အေဘီအက်စ်ဒီအဖ်အဖွဲ့ အနေနှင့်ဒုတိယပင်လုံညီလာခံကျင်းပနိုင်ရေးကိုလိုလားပြီး၊ အမျီုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အနေနှင့် ကျောင်းသားတပ်ဦးကဲ့ သို့ သောအဖွဲ့ အစည်းများပါဝင်နိုင်သော အခင်းအကျင်းမျိုးကို ဖန်တီးပေစေလိုကြောင်းနှင့်ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ် ကျောင်းသားတပ်ဦးဧ။် အမြင်များကိုဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ်သည်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရတ်တစ်တပ်ဦးနှင့် လျှောက် လှမ်းသည့်လမ်းခြင်းမတူသော်လည်းရည်ရွယ်ချက်ပန်းတိုင်ချင်းအတူတူပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ၄င်းတို့ အဖွဲ့ အပြင်အခြားအဖွဲ့ အစည်းများကိုလည်း ကြိုဆိုကြောင်းပြောကြားခဲ့သည်။

No comments:
Post a Comment