Sunday, December 16, 2012

အိုဘားမား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများ

Photo: အိုဘားမား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများ

Saturday, 15 December 2012
အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာတွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့ အိုဘားမားက ပြည်တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။

ဒီတော့ နိုင်ငံခြားဖြစ်တွေ တော်ရုံမသုံးပါဘူ။ သို့ပေမယ့် ရှားရှားပါးပါး သူကြည့်တဲ့ တီဗီကတော့ LG ရဲ့  ၃၂ လက်မ LED တီဗီ ဖြစ်ပါတယ်။ တောင်ကိုရီး
ယား ဖြစ် တီဗီလေးတော့ အသုံးပြု ပါတယ်။

iPad

အိုဘားမားက iPad ကြိုက်သူ ဖြစ်ပါတယ်။ လက်ရှိ သူသုံးနေတဲ့ iPad က နောက်ဆုံးထွက် တတိယမျိုးဆက်ဖြစ်ပြီး သွားလေရာ ဆောင်တယ်လို့ သိရပါတယ်။ Retina display ကို ကြိုက်တယ်လို့ ဆိုပါတယ်။

Macbook Pro

Apple ရဲ့  Macbook Pro ကိုလည်း သုံးပါတယ်။ iPad နဲ့ တွဲသုံးတာ ဖြစ် ပါတယ်။ သို့ပေမယ့် အပြင်သွားတဲ့အခါ ယူသွားလေ့ မရှိ ပါဘူး။ ရုံးမှာပဲ အသုံးများတယ်လို့ ဆိုပါတယ်။ ၂၀၁၁ နောက်ပိုင်းကထုတ်တဲ့ ၁၅ လက်မ Pro ဖြစ်ပါတယ်။

Dell Latitude E6420

၁၄ လက်မ Core i7 notebook ဖြစ်ပါတယ်။ ဒီ Notebook ကတော့ သွားလေရာ ဆောင်ပါတယ်။ Air Force One နဲ့ ခရီးသွားတိုင်း အမြဲ ပါတယ် ဆိုတဲ့အတွက် မြန်မာပြည်လာတုန်းကလည်း ကြိမ်းသေပါလာမယ့် သူ့ အချစ်တော် Notebook ဖြစ်ပါတယ်။

BlackBerry Curve 8300

ဖုန်းထဲမှာတော့ Blackberry ပရိတ်သတ် ဖြစ်ပါတယ်။ Blackberry ကို အိုဘားမား ကြိုက်တယ်ဆိုတာ အမေရိကန်က လူတိုင်း သိပြီး ဖြစ်ပါတယ်။ သို့ပေမယ့် 8300 ကီးဘုတ်ဖုန်းက ၂၀၀၇ နောင်းပိုင်းကတည်းက ထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ မော်ဒယ်အသစ်တောင် ပြောင်းမကိုင်ပါဘူး။ အလုပ်ပဲရှုပ်လို့လား၊ အဟောင်းပဲ ကြိုက်တာလားတော့ မသိပေမယ့် BlackBerry Curve 8300 ကတော့ သူသွားလေရာ ပါပါတယ်။

BlackBerry Curve 8900

နောက်တစ်လုံးကတော့ 8900 ဖြစ်ပါတယ်။ သမ္မတ တစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးနဲ့ မလုံလောက်ဘူးဆိုတာတော့ လူတိုင်း သိပါတယ်။ 8900 ကတော့ ၂၀၀၉ လောက်ကထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ 8300 ရော၊ 8900 က GSM ဖုန်းများ ဖြစ်ပါတယ်။

HP Elitebook 6930p notebook

နောက်ထပ် လပ်ပ်တော့ တစ်လုံးကတော့ HP ဖြစ်ပါတယ်။ Elitebook 6930p ဖြစ်ပြီး အစည်းအဝေးခန်းထဲမှာ အသုံးပြု ပါတယ်။

ရုံးခန်းစားပွဲပေါ်တင်ထားတဲ့ လျှို့ ဝှက်စကားပြော Telecore IST-2 secure phone, အစည်းဝေးအခန်းမှာ ပုံသေထားရှိတဲ့ Polycom SoundStation 2 conference phone, နံရံကပ် AMX Modero (7-inch) Tabletop Touch Panel, Digital Display Systems Multi-Region Wall Clock,Cisco Unified IP Phone 7965G အစရှိသဖြင့် အခြားသော ပစ္စည်းများလည်း ရှိပါသေးတယ်။

အထက်ဖော်ပြပါ ပစ္စည်းတွေကတောင် သူ Officially ဖော်ပြထားလို့ သိရတာ ဖြစ်ပါတယ်။ အမှန်တကယ် သူသုံးနေတဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများလည်းရှိနေအုံးမှာ ဖြစ်ပါတယ်။

ဥပမာ - The Beast ဇိမ်ခံကား ကို အမြဲမစီးနိုင်ပါဘူ။ အခမ်းအနားတွေမှာသာ အစီးများပြီး ကျန်တဲ့အချိန်ဆို Genera Motors ကထုတ်တဲ့လျှပ်စစ်ကား Chevrolet Volt ကို အသုံးပြုပါတယ်။ ဈေးနှုန်းသက်သာ ပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ကားပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သမ္မတ စီးဖြစ်တဲ့အတွက် လုံခြုံရေးကတော့ ကြိမ်းသေ အဆင့်မြင့်ထားမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ပစ္စည်းများဟာ လက်ရှိအချိန်ထိ အမေရိကန် သမ္မတ အိုဘားမားမှ အသုံးပြုဆဲ အီလက်ထရောနစ် ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: Zdnet
အောင်ခမ်း (TSJ team)
အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာတွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့အိုဘားမား က ပြည်တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။

ဒီတော့ နိုင်ငံခြားဖြစ်တွေ တော်ရုံမသုံးပါဘူ။ သို့ပေမယ့် ရှားရှားပါးပါး သူကြည့်တဲ့ တီဗီကတော့ LG ရဲ့  ၃၂ လက်မ LED တီဗီ ဖြစ်ပါတယ်။ တောင်ကိုရီး ယား ဖြစ် တီဗီလေးတော့ အသုံးပြု ပါတယ်။
iPad
အိုဘားမားက iPad ကြိုက်သူ ဖြစ်ပါတယ်။ လက်ရှိ သူသုံးနေတဲ့ iPad က နောက်ဆုံးထွက် တတိယမျိုးဆက်ဖြစ်ပြီး သွားလေရာ ဆောင်တယ်လို့ သိရပါတယ်။ Retina display ကို ကြိုက်တယ်လို့ ဆိုပါတယ်။

Macbook Pro
Apple ရဲ့  Macbook Pro ကိုလည်း သုံးပါတယ်။ iPad နဲ့ တွဲသုံးတာ ဖြစ် ပါတယ်။ သို့ပေမယ့် အပြင်သွားတဲ့အခါ ယူသွားလေ့ မရှိ ပါဘူး။ ရုံးမှာပဲ အသုံးများတယ်လို့ ဆိုပါတယ်။ ၂၀၁၁ နောက်ပိုင်း ကထုတ်တဲ့ ၁၅ လက်မ Pro ဖြစ်ပါတယ်။

Dell Latitude E6420
၁၄ လက်မ Core i7 notebook ဖြစ်ပါတယ်။ ဒီ Notebook ကတော့ သွားလေရာ ဆောင်ပါတယ်။ Air Force One နဲ့ ခရီးသွားတိုင်း အမြဲ ပါတယ် ဆိုတဲ့အတွက် မြန်မာပြည်လာတုန်းကလည်း ကြိမ်းသေပါလာ မယ့် သူ့ အချစ်တော် Notebook ဖြစ်ပါတယ်။

BlackBerry Curve 8300
ဖုန်းထဲမှာတော့ Blackberry ပရိတ်သတ် ဖြစ်ပါတယ်။ Blackberry ကို အိုဘားမား ကြိုက်တယ်ဆိုတာ အမေရိကန်က လူတိုင်း သိပြီး ဖြစ်ပါတယ်။ သို့ပေမယ့် 8300 ကီးဘုတ်ဖုန်းက ၂၀၀၇ နောင်းပိုင်းကတည်းက ထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ မော်ဒယ်အသစ်တောင် ပြောင်းမကိုင်ပါဘူး။ အလုပ်ပဲရှုပ်လို့လား၊ အဟောင်းပဲ ကြိုက်တာလားတော့ မသိပေမယ့် BlackBerry Curve 8300 ကတော့ သူသွားလေရာ ပါပါတယ်။

BlackBerry Curve 8900
နောက်တစ်လုံးကတော့ 8900 ဖြစ်ပါတယ်။ သမ္မတ တစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးနဲ့ မလုံလောက်ဘူးဆိုတာတော့ လူတိုင်း သိပါတယ်။ 8900 ကတော့ ၂၀၀၉ လောက်ကထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ 8300 ရော၊ 8900 က GSM ဖုန်းများ ဖြစ်ပါတယ်။

HP Elitebook 6930p notebook
နောက်ထပ် လပ်ပ်တော့ တစ်လုံးကတော့ HP ဖြစ်ပါတယ်။ Elitebook 6930p ဖြစ်ပြီး အစည်းအဝေးခန်းထဲမှာ အသုံးပြု ပါတယ်။

ရုံးခန်းစားပွဲပေါ်တင်ထားတဲ့ လျှို့ ဝှက်စကားပြော Telecore IST-2 secure phone, အစည်းဝေးအခန်းမှာ ပုံသေထားရှိတဲ့ Polycom SoundStation 2 conference phone, နံရံကပ် AMX Modero (7-inch) Tabletop Touch Panel, Digital Display Systems Multi-Region Wall Clock,Cisco Unified IP Phone 7965G အစရှိသဖြင့် အခြားသော ပစ္စည်းများလည်း ရှိပါသေးတယ်။

အထက်ဖော်ပြပါ ပစ္စည်းတွေကတောင် သူ Officially ဖော်ပြထားလို့ သိရတာ ဖြစ်ပါတယ်။ အမှန်တကယ် သူသုံးနေတဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများလည်းရှိနေအုံးမှာ ဖြစ်ပါတယ်။

ဥပမာ - The Beast ဇိမ်ခံကား ကို အမြဲမစီးနိုင်ပါဘူ။ အခမ်းအနားတွေမှာသာ အစီးများပြီး ကျန်တဲ့အချိန်ဆို Genera Motors ကထုတ်တဲ့လျှပ်စစ်ကား Chevrolet Volt ကို အသုံးပြုပါတယ်။ ဈေးနှုန်းသက်သာ ပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ကားပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သမ္မတ စီးဖြစ်တဲ့အတွက် လုံခြုံရေးကတော့ ကြိမ်းသေ အဆင့်မြင့်ထားမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ပစ္စည်းများဟာ လက်ရှိအချိန်ထိ အမေရိကန် သမ္မတ အိုဘားမားမှ အသုံးပြုဆဲ အီလက်ထရောနစ် ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

Post a Comment

My Blog List