Thursday, December 20, 2012

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု ထုတ်ပြန်

Photo: ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍
မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု ထုတ်ပြန်  
Wednesday, 19 December 2012

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ
စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press 
က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KDDI အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲဖွင့်လှစ်ဖြစ်ပါက
ပြည်ပနိုင်ငံများတွင် KDDI ၏ ၁၀၀ ခုမြောက် ရုံးခွဲဖြစ်လာမည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ၏ အိုင်တီ အခြေခံအဆောက်အအုံနှင့် ထိန်းသိမ်းခြင်း၊ Operation ပိုင်းကို အဓိက ၀န်ဆောင်မှုပေးမည်ဟု သိရသည်။ ရန်ကုန်မြို့အတွင်း၌ KDDI Myanmar Business Center အမည်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်၏ ဒုတိယဘဏ္ဍာရေးနှစ်တွင် ဆက်တိုက်မြှုပ်နှံလာခဲ့ပြီး လတ်တလောတွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်သည့် စက်ရုံများ အဓိက
ဝင်ရောက် မြှုပ်နှံနေပြီး ကုမ္ပဏီကြီး အများစုမှာမူ နိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် စီမံကိန်းကြီးများတွင် ၀င်ရောက်ရန်အတွက် အဓိက ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဂျပန်နိုင်ငံ အနေဖြင့် ကုန်လမ်းပို့ဆောင်ရေး ဌာနနှင့် ပူးပေါင်းကာ စတင်မြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ယခုအချိန်အထိ များစွာနည်းပါးနေပြီး အမေရိကန်ဒေါ်လာ ၂၄၆ သန်းကျော်သာ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခြင်း၊ အကြိမ်ကြိမ် လာရောက်ဆွေးနွေးခြင်းများ ပြုလုပ်နေသော်လည်း ဆွေးနွေးသည့် အဆင့်တွင်သာ ရပ်နေခဲ့ပြီး အမှန်တကယ်မြှုပ်နှံသည့် ပမာဏမှာ အနည်းငယ်သာ ရှိခဲ့သည်။ ယခုနောက်ပိုင်း ဆက်တိုက်မြှုပ်နှံသည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး အမေရိကန်၏ နာမည်ကြီး ကုမ္ပဏီကြီးများကိုယ်တိုင် လက်တွေ့မြှုပ်နှံ လာသကဲ့သို့ မြှုပ်နှံမှုမှာလည်း မြန်ဆန်လျက်ရှိကြောင်း သိရသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ယခုလက်ရှိ ဆွေးနွေးခြင်း၊ ၎င်းတို့ ကိုယ်တိုင်လာရောက် လေ့လာခြင်းများ ပြုလုပ်ထားသည့် ကဏ္ဍများတွင်သာ အမှန်တကယ် ဆက်တိုက်မြှုပ်နှံခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ ပမာဏများစွာ မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအဖွဲ့တို့မှ စတင်အကောင်အထည်ေ ဖ်ာမည်ဖြစ်ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလျံချီကာ တိုးလာနိုင်သည်ဟု သိရသည်။

KDDI မ၀င်ရောက်မီ ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ရင်းနှီးမြှုပ်နှံမှုဌာန (China Mobile Oversea Investment Department) မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ့
ဆက်သွယ်ရေး ကဏ္ဍတွင် တရုတ်နိုင်ငံဖြင့် အများဆုံး ဆက်သွယ်
လုပ်ကိုင် နေရသည်။

Eleven Media Group

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press
က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KDDI အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲဖွင့်လှစ်ဖြစ်ပါကပြည်ပနိုင်ငံများတွင် KDDI ၏ ၁၀၀ ခုမြောက် ရုံးခွဲဖြစ်လာမည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ၏ အိုင်တီ အခြေခံအဆောက်အအုံနှင့် ထိန်းသိမ်းခြင်း၊ Operation ပိုင်းကို အဓိက ၀န်ဆောင်မှုပေးမည်ဟု သိရသည်။ ရန်ကုန်မြို့အတွင်း၌ KDDI Myanmar Business Center အမည်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်၏ ဒုတိယဘဏ္ဍာရေးနှစ်တွင် ဆက်တိုက်မြှုပ်နှံ လာခဲ့ပြီး လတ်တလောတွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်သည့် စက်ရုံများ အဓိက ၀င်ရောက် မြှုပ်နှံနေပြီး ကုမ္ပဏီကြီး အများစုမှာမူ နိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် စီမံကိန်းကြီးများတွင် ၀င်ရောက်ရန်အတွက် အဓိက ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဂျပန်နိုင်ငံ အနေဖြင့် ကုန်လမ်းပို့ဆောင်ရေး ဌာနနှင့် ပူးပေါင်းကာ စတင်မြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ယခုအချိန်အထိ များစွာနည်းပါးနေပြီး အမေရိကန်ဒေါ်လာ ၂၄၆ သန်းကျော်သာ ရှိနေသည်။
မြန်မာနိုင်ငံတွင် မြှုပ်နှံရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခြင်း၊ အကြိမ်ကြိမ် လာရောက်ဆွေးနွေးခြင်း များ ပြုလုပ်နေသော်လည်း ဆွေးနွေးသည့် အဆင့်တွင်သာ ရပ်နေခဲ့ပြီး အမှန်တကယ်မြှုပ်နှံသည့် ပမာဏမှာ အနည်းငယ်သာ ရှိခဲ့သည်။ ယခုနောက်ပိုင်း ဆက်တိုက်မြှုပ်နှံသည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး အမေရိကန်၏ နာမည်ကြီး ကုမ္ပဏီကြီးများကိုယ်တိုင် လက်တွေ့မြှုပ်နှံ လာသကဲ့သို့ မြှုပ်နှံမှုမှာ လည်း မြန်ဆန်လျက်ရှိကြောင်း သိရသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ယခုလက်ရှိ ဆွေးနွေးခြင်း၊ ၎င်းတို့ ကိုယ်တိုင် လာရောက် လေ့လာခြင်း များ ပြုလုပ်ထားသည့် ကဏ္ဍများတွင်သာ အမှန်တကယ် ဆက်တိုက်မြှုပ်နှံခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ ပမာဏများစွာ မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ သီလ၀ါ အထူး စီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအဖွဲ့တို့မှ စတင်အကောင်အထည်ေ ဖ်ာမည်ဖြစ်ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလျံချီကာ တိုးလာနိုင်သည်ဟု သိရသည်။

KDDI မ၀င်ရောက်မီ ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ရင်းနှီးမြှုပ်နှံမှုဌာန (China Mobile Oversea Investment Department) မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် တရုတ်နိုင်ငံဖြင့် အများဆုံး ဆက်သွယ်လုပ်ကိုင် နေရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List