Thursday, December 20, 2012

၂ဝ၁၂ ခုနှစ်အတွင်း ရုရှားနိုင်ငံ၏ ပြည်ပသို့ စစ်လက်နက် တင်ပို့ရောင်းချမှုသည် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ ရရှိ

Photo: ၂ဝ၁၂ ခုနှစ်အတွင်း ရုရှားနိုင်ငံ၏ ပြည်ပသို့ စစ်လက်နက် တင်ပို့ရောင်းချမှုသည် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ ရရှိ
Wednesday, 19 December 2012

၂ဝ၁၂ ခုနှစ် အတွင်း ရုရှားနိုင်ငံ၏ ပြည်ပသို့ စစ်လက်နက်ပစ္စည်း
ရောင်းချမှုများမှ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ ရရှိခဲ့ပြီး မျှော်မှန်း
ထားသည်ထက် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ပိုမို ရရှိခဲ့ကြောင်း ဒီဇင်ဘာလ ၁၇ ရက် နေ့တွင်ပြုလုပ်သည့် ကာကွယ်ရေး စက်မှုလုပ်ငန်း ဆိုင်ရာ အစိုးရကော်မရှင် အစည်းအဝေး တစ်ရပ်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြား ခဲ့ပါသည်။

သို့ရာတွင် ရုရှားနိုင်ငံ အနေဖြင့် စစ်လက်နက် ပစ္စည်းများ ခေတ်မီစေရေးနှင့် ထိန်းသိမ်းပြုပြင်ရေး အတွက် ဈေးကွက်တွင် ၎င်း၏ ရပ်တည်မှု ကို တိုးချဲ့ရန်နှင့် ခိုင်မာစေရန် လုပ်ဆောင် သွားသင့်ကြောင်း ပူတင်က ပြောကြား ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် အတွင်း ပြည်ပသို့ တင်ပို့ ရောင်းချခဲ့သည့် စစ်လက် နက်ပစ္စည်းများ၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၃.၅ ဘီလီယံ ရှိမည်ဟု စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ရုရှားဖက်ဒရယ် အဖွဲ့က ခန့်မှန်း ထားခဲ့ပါသည်။

ရုရှားနိုင်ငံသည် ၂ဝ၁၁ ခုနှစ်အတွင်း ပြည်ပသို့ စစ်လက်နက်ပစ္စည်း အမေရိ ကန် ဒေါ်လာ ၁၃.၂ ဘီလီယံ တန်ဖိုးခန့် ရောင်းချခဲ့ရာ အမေရိကန်ပြီးနောက် ကမ္ဘာ့ ဒုတိယမြောက် လက်နက် တင်ပို့ ရောင်းချသည့် နိုင်ငံအဖြစ် ၎င်း၏ နေရာကို ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့ပါသည်။

၂ဝ၁၁ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ၏ ပြည်ပသို့ စစ်လက်နက်ပစ္စည်း
ရောင်းချမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၄.၈ ဘီလီယံ ရှိကြောင်း အမေရိကန် ကာကွယ်ရေး ကဏ္ဍ၊ လုံခြုံမှု ဆိုင်ရာပူးပေါင်း
ဆောင်ရွက်ရေး အေဂျင်စီက ပြောကြား ခဲ့ပါသည်။ 

ရုရှား စစ်လက်နက် ပစ္စည်းများကို အဓိက ဝယ်ယူလျက် ရှိသော
နိုင်ငံများ မှာ အိန္ဒိယ၊ ဗီယက်နမ်၊ မြန်မာ၊ ဗင်နီဇွဲလားနှင့် အရှေ့
အလယ်ပိုင်းနိုင်ငံများဖြစ်ကြောင်း သိရှိ ရပါသည်။

မြ၀တီ
၂ဝ၁၂ ခုနှစ် အတွင်း ရုရှားနိုင်ငံ၏ ပြည်ပသို့ စစ်လက်နက်ပစ္စည်း ရောင်းချမှုများမှ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ ရရှိခဲ့ပြီး မျှော်မှန်းထားသည်ထက် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ပိုမို ရရှိခဲ့ကြောင်း ဒီဇင်ဘာလ ၁၇ ရက် နေ့တွင်ပြုလုပ်သည့် ကာကွယ်ရေး စက်မှုလုပ်ငန်း ဆိုင်ရာ အစိုးရကော်မရှင် အစည်းအဝေး တစ်ရပ်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြား ခဲ့ပါသည်။

သို့ရာတွင် ရုရှားနိုင်ငံ အနေဖြင့် စစ်လက်နက် ပစ္စည်းများ ခေတ်မီစေရေးနှင့် ထိန်းသိမ်းပြုပြင်ရေး အတွက် ဈေးကွက်တွင် ၎င်း၏ ရပ်တည်မှု ကို တိုးချဲ့ရန်နှင့် ခိုင်မာစေရန် လုပ်ဆောင် သွားသင့်ကြောင်း ပူတင်က ပြောကြား ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် အတွင်း ပြည်ပသို့ တင်ပို့ ရောင်းချခဲ့သည့် စစ်လက် နက်ပစ္စည်းများ၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၃.၅ ဘီလီယံ ရှိမည်ဟု စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ရုရှားဖက်ဒရယ် အဖွဲ့က ခန့်မှန်း ထားခဲ့ပါသည်။
ရုရှားနိုင်ငံသည် ၂ဝ၁၁ ခုနှစ်အတွင်း ပြည်ပသို့ စစ်လက်နက်ပစ္စည်း အမေရိ ကန် ဒေါ်လာ ၁၃.၂ ဘီလီယံ တန်ဖိုးခန့် ရောင်းချခဲ့ရာ အမေရိကန်ပြီးနောက် ကမ္ဘာ့ ဒုတိယမြောက် လက်နက် တင်ပို့ ရောင်းချသည့် နိုင်ငံအဖြစ် ၎င်း၏ နေရာကို ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့ပါသည်။

၂ဝ၁၁ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ၏ ပြည်ပသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၄.၈ ဘီလီယံ ရှိကြောင်း အမေရိကန် ကာကွယ်ရေး ကဏ္ဍ၊ လုံခြုံမှု ဆိုင်ရာပူးပေါင်း
ဆောင်ရွက်ရေး အေဂျင်စီက ပြောကြား ခဲ့ပါသည်။

ရုရှား စစ်လက်နက် ပစ္စည်းများကို အဓိက ဝယ်ယူလျက် ရှိသောနိုင်ငံများ မှာ အိန္ဒိယ၊ ဗီယက်နမ်၊ မြန်မာ၊ ဗင်နီဇွဲလားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြောင်း သိရှိ ရပါသည်။

မြ၀တီ

No comments:

Post a Comment

My Blog List