Thursday, December 20, 2012

မလျော်မကန်ကိစ္စများပြုလုပ်သည့်ရဟန်း၊ သာမဏေ၊ သီလရှင်များကို စစ်ဆေးအရေးယူ

မန္တလေးမြို့ပေါ်မြို့နယ်တစ်ခုဖြစ် သော ချမ်းအေးသာစံမြို့နယ်တွင် ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် မသင့်လျော်သော သမဏသာရုပ္ပ မဖြစ်သော ကိစ္စရပ်များ ပြုလုပ်နေခြင်းများကို စစ်ဆေးအရေး ယူနေကြောင်း သတင်းရရှိ သည်။

ဒီဇင်ဘာ ၆ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က မန္တလေးဘူတာကြီးတွင်အသက် ၄၈ နှစ်အရွယ် သံဃာ တစ်ပါးသည် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(ခ) သံဃာစည်းကမ်းထိန်း သိမ်းရေးအဖွဲ့ အဖွဲ့ဝင်ကတ်ပြားအတုကို ကိုင်ဆောင်ကာ အလှူခံနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဘူတာ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစာင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
၎င်းနှင့်အတူ ငွေကျပ်နှစ် သိန်းရှစ်သောင်းကျပ်၊ အမျိုးသမီးတစ်ဦးထံသို့ ပုဂ္ဂလိကဘဏ်တစ်ခု မှ ငွေလွှဲ ထားသော ပြေစာနှစ်ရွက်တို့ကိုပါ စစ်ဆေးတွေ့ရှိရသည်ဟု ဆရာတော်က မိန့်ကြားသည်။ ထိုနေ့ ညနေ ၅ နာရီ အချိန်ကလည်း ဘူတာကြီးတွင်ပင် မူးယစ်စေတတ်သော အရည်ထည့်ထား သည့် ရေသန့်ဘူး တစ်ဘူးနှင့် အလှူငွေ ၁၂၄၅၀ ကျပ် ကိုင်ဆောင်ထားသည့် သံဃာတစ်ပါးကို ဘူတာရဲစခန်းသို့ အပ်နှံခဲ့ သည်ဟု သိရသည်။ “မလှူနဲ့လို့တော့ မပြောချင်ပါဘူး။ ဒကာ၊ ဒကာမတွေအနေနဲ့ ချင့်ချိန်ပြီး လှူတတ်စေချင်ပါတယ်။ လူမိုက်အားပေးဖြစ်မှာ စိုးလို့ပါ” ဟု စစ်ဆေးအရေးယူရာတွင် ပါဝင်ခဲ့သည့် ဆရာတော်ကြီး တစ်ပါးက မိန့်ကြားသည်။

အလှူခံမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ထောက်ခံချက်ဖြင့် ကောက်ခံလိုသည့် မြို့နယ်သံဃနာယကအ ဖွဲ့ထံ ခွင့်တောင်းရမည်ဟုဆိုသည်။ ချမ်းအေးသာစံမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း သက်ဆိုင်ရာရဲစခန်းများသို့ အပ်နှံခဲ့သူပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပြီး ဘူတာကြီး၊ ဈေးများအတွင်းနှင့် ညဘက်တွင် ကားဖြင့် လက်ဖက်ရည်ဆိုင်များသို့ လှည့်လည်စစ်ဆေးအရေးယူနေသည်ဟု ယင်းအဖွဲ့မှ ဦးဆောင်နေသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က မန္တလေးတိုင်းဒေသကြီးအတွင်း သမဏသာရုပ္ပ မဖြစ်သော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် မသင့်လျော်သည့် ဈေး၊ ကားဂိတ်၊ ဘူတာ၊ လူစည်ကား ရာ နေရာများတွင် အလှူခံခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို ကိုယ်တိုင်မောင်းနှင်စီး နင်းခြင်း၊ ပွဲလမ်းသဘင်များ၊ ဘောလုံးပွဲများ၊ ဗီဒီယိုရုံများတွင် ကြည့်ရှုခြင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် များတွင် နေ့လွဲ ညစာ စားသုံးခြင်း၊ ကျောင်းတိုက်အုတ်တံတိုင်းအနီး ဈေးဆိုင်ဆိုင်ခန်းများ ဖွင့်လှစ်ခြင်း အစရှိသည့်ကိစ္စများ ရှောင်ကြဉ်ကြရန်၊ မလိုက်နာပါက အရေးယူခံရမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလကတည်းက ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။
7Day News Journal

No comments:

Post a Comment

My Blog List