Thursday, December 20, 2012

ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ၌ ပထမဆုံးအကြိမ် ကိုရီးယားနို့ကုမ္ပဏီနှင့် ပူးပေါင်းမည်

Photo: ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ၌ ပထမဆုံးအကြိမ် ကိုရီးယားနို့ကုမ္ပဏီနှင့် ပူးပေါင်းမည်
Wednesday, December 19, 2012

ပုဂ္ဂလိကနို့စား နွားမွေးမြူရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက်
မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် ကိုရီးယားနွားနို့လုပ်ငန်းကော်မတီ
တို့မှ လာမည့် ၂၀၁၄ခုနှစ်မှစ၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်း   မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။  

ထိုသို့ အကျိုးတူပူးပေါင်းရခြင်းမှာ ကိုရီးယားမှ နည်းပညာဖြင့်
မြန်မာနိုင်ငံ၌ နို့စားနွားမွေးမြူရေး လုပ်ငန်းများအား ယခုထက်ပိုမို အဆင်ပြေလာစေရန် ရည်ရွယ်ချက်ဖြင့် နှစ်ဖက် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်အကြံပေး ဒေါက်တာသန်းလှက ပြောသည်။         

“တခြားနိုင်ငံ ကုမ္ပဏီတွေက အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ လာကမ်းလှမ်းကြပေမယ့် MOU ထိုးတာမျိုးတွေ မရှိခဲ့ဘူး။ အခု ကိုရီးယားနို့ကုမ္ပဏီနဲ့မှ ပထမဦးဆုံးအကြိမ် MOU ထိုးတာပါ။ မွေးမြူရေး လုပ်ငန်းမှာတော့ ပထမဦးဆုံးအကြိမ်ပါ ” ဟု မြန်မာနိုင်ငံမွေးမြူရေး
လုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် အကြံပေး ဒေါက်တာသန်းလှက
ပြောသည်။         

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၌ Korean Dairly Committee (KDC) ဥက္ကဌ Mr.Kuen Seong Lee နှင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန်တို့သည် ၂၀၁၂ခုနှစ် ဇွန်လ(၆)ရက်နေ့ ကနှစ်ဖက်
အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရေးအတွက် MOU လက်မှတ်ရေးထိုးထား
ခဲ့ကြောင်း သိရှိရသည်။ 

လာမည့် ၂၀၁၃ခုနှစ်တွင် ကိုရီးယားနိုင်ငံရှိ Korean Dairly Committee သည် မြန်မာ့မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်ကာ
ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ပြီး နို့စားနွား မွေးမြူရေးပုံစံများ ကိုလည်း လာရောက် လေ့လာမည်   ဖြစ်သည်ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ကိုရီးယားနိုင်ငံမှ နို့ကုမ္ပဏီတစ်ခုဖြစ်သည့် Korean Dairly Committee (KDC) နှင့် အကြီးမားဆုံး နို့ချက်စက်ရုံတစ်ခုဖြစ်သည့် SEOUL MILL Co-opတို့မှ ပူးပေါင်းကာ ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ ပုဂ္ဂလိက
လုပ်ငန်းလုပ် ကိုင်နေသော မွေးမြူရေး လုပ်ငန်းရှင်များကို ကိုရီးယားနိုင်ငံသို့ ဖိတ်ခေါ်ပြီး သင်တန်းပို့ချပေးမည် ဖြစ်သည်ဟု ဒေါက်တာ သန်းလှက ဆက် ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းမှာ (၉၉)ရာခိုင်နှုန်းခန့်
ရှိပြီး အစိုးရ မွေးမြူရေး လုပ်ငန်းများမှာ(၁%)သာရှိကြောင်း မြန်မာနိုင်ငံ
မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

ပုဂ္ဂလိကနို့စား နွားမွေးမြူရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ ချုပ်နှင့် ကိုရီးယားနွားနို့လုပ်ငန်းကော်မတီတို့မှ လာမည့် ၂၀၁၄ခုနှစ်မှစ၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။

ထိုသို့ အကျိုးတူပူးပေါင်းရခြင်းမှာ ကိုရီးယားမှ နည်းပညာဖြင့်မြန်မာနိုင်ငံ၌ နို့စားနွားမွေးမြူရေး လုပ်ငန်းများအား ယခုထက်ပိုမို အဆင်ပြေလာစေရန် ရည်ရွယ်ချက်ဖြင့် နှစ်ဖက်လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည် ဟုမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်အကြံပေး ဒေါက်တာသန်းလှက ပြောသည်။
“တခြားနိုင်ငံ ကုမ္ပဏီတွေက အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ လာကမ်းလှမ်းကြပေမယ့် MOU ထိုးတာမျိုးတွေ မရှိခဲ့ ဘူး။ အခု ကိုရီးယားနို့ကုမ္ပဏီနဲ့မှ ပထမဦးဆုံးအကြိမ် MOU ထိုးတာပါ။ မွေးမြူရေး လုပ်ငန်းမှာတော့ ပထမဦးဆုံး အကြိမ်ပါ ” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် အကြံပေး ဒေါက်တာသန်းလှကပြောသည်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၌ Korean Dairly Committee (KDC) ဥက္ကဌ Mr.Kuen Seong Lee နှင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန်တို့သည် ၂၀၁၂ခုနှစ် ဇွန်လ(၆)ရက်နေ့ ကနှစ်ဖက်အကျိုးတူ ပူးပေါင်း လုပ်ကိုင်ရေးအတွက် MOU လက်မှတ်ရေးထိုးထားခဲ့ကြောင်း သိရှိရသည်။

လာမည့် ၂၀၁၃ခုနှစ်တွင် ကိုရီးယားနိုင်ငံရှိ Korean Dairly Committee သည် မြန်မာ့မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်ကာဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ပြီး နို့စားနွား မွေးမြူရေးပုံစံများ ကိုလည်း လာရောက် လေ့လာ မည် ဖြစ်သည်ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ကိုရီးယားနိုင်ငံမှ နို့ကုမ္ပဏီတစ်ခုဖြစ်သည့် Korean Dairly Committee (KDC) နှင့် အကြီးမားဆုံး နို့ချက်စက်ရုံတစ်ခုဖြစ်သည့် SEOUL MILL Co-opတို့မှ ပူးပေါင်းကာ ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ ပုဂ္ဂလိက လုပ်ငန်းလုပ် ကိုင်နေသော မွေးမြူရေး လုပ်ငန်းရှင်များကို ကိုရီးယားနိုင်ငံသို့ ဖိတ်ခေါ်ပြီး သင်တန်းပို့ချပေးမည် ဖြစ်သည်ဟု ဒေါက်တာ သန်းလှက ဆက် ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းမှာ (၉၉)ရာခိုင်နှုန်းခန့်ရှိပြီး အစိုးရ မွေးမြူရေး လုပ်ငန်းများမှာ(၁%)သာရှိကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment

My Blog List