Saturday, December 22, 2012

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်

Photo: ကမ္ဘာ့ဈေးအကြီးဆုံးအိမ်
Friday, 21 December 2012

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။

ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

သူပိုင်ဆိုင်သော အိမ်ကို Antilia ဟု အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် အထက်တွင် ရှိကြောင်း သိရသည်။ Antilia တိုက်သည် ၂၇ ထပ်မြင့်ပြီး လူ၅၀ ဆန့်သော ရုပ်ရှင်ရုံငယ်ကို ရှစ်ထပ်တွင်ထားရှိသည်။ ရေကူးကန်တစ်ကန်၊ သုံးထပ်စာပန်းခြံ၊ ခန်းမကြီးတစ်ခုတို့လည်း ပါဝင်သည်။

စတုရန်းပေ လေးသိန်းကျယ်သော နေထိုင်ရာနေရာ၊ ကား ၁၆၈ စီး ထားသိုနိုင်သော ပါကင်၊ ကားပြင်အလုပ်ရုံကြီး တစ်ထပ်၊ ရဟတ်ယာဉ် ဆင်းသက်ကွင်း ၃ ကွင်း၊ လေကြောင်းထိန်းချုပ်စင်တာ တစ်ခု၊ ကျန်းမာရေး spa တစ်ခု၊ ရောဂျကျင့်ရန်သီးသန့်ခန်း၊ လူလုပ်ရေခဲခန်းတစ်ခန်း၊
ကျောက်ဆောင်၊ ကျောက်ခဲများဖြင့် ပြုလုပ်ဖန်တီးထားသော ပန်းခြံတစ်ခု၊ ကမ္ဘာ့အကြီးဆုံး ရှေးခေတ်အပ်ချုပ်စက်များ ခင်းကျင်းပြသထားသည့်
ပြတိုက်ငယ် စသည်တို့လည်းပါရှိသည်။

ဓာတ်လှေကား ၉ ခုပါရှိပြီး အမြင့် ၅၆၈ ပေ ရှိသော Antilia အမည်ရတိုက် တွင် ဝန်ထမ်းပေါင်း ၆၀၀ ကျော်က နေ့စဉ်တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

တိုက်ကို ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံး အဆင့် ၁၀တွင်ရှိသော Altamount လမ်းတွင် တည်ဆောက်ထားပြီး ၂၀၀၇ခုနှစ်က စတင်ရာ ၂၀၁၀ ခုနှစ်တွင်
ဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၁၀ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်နေထိုင်သော ယင်းတိုက်ကို ကမ္ဘာတစ်လွှားမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများကို ဧည့်ခံတွေ့ဆုံလေ့ 
ရှိကြောင်း သိရသည်။

Ref:dailymail
International news for myanmar
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်း တွင် တွေ့ရမည် ဖြစ်သည်။

ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
သူပိုင်ဆိုင်သော အိမ်ကို Antilia ဟု အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် အထက်တွင် ရှိကြောင်း သိရသည်။ Antilia တိုက်သည် ၂၇ ထပ်မြင့်ပြီး လူ၅၀ ဆန့်သော ရုပ်ရှင်ရုံငယ်ကို ရှစ်ထပ်တွင်ထားရှိသည်။ ရေကူးကန်တစ်ကန်၊ သုံးထပ်စာပန်းခြံ၊ ခန်းမကြီးတစ်ခုတို့လည်း ပါဝင်သည်။

စတုရန်းပေ လေးသိန်းကျယ်သော နေထိုင်ရာနေရာ၊ ကား ၁၆၈ စီး ထားသိုနိုင်သော ပါကင်၊ ကားပြင်အလုပ်ရုံကြီး တစ်ထပ်၊ ရဟတ်ယာဉ် ဆင်းသက်ကွင်း ၃ ကွင်း၊ လေကြောင်းထိန်းချုပ်စင်တာ တစ်ခု၊ ကျန်းမာရေး spa တစ်ခု၊ ရောဂျကျင့်ရန်သီးသန့်ခန်း၊ လူလုပ်ရေခဲခန်းတစ်ခန်း ၊ကျောက်ဆောင်၊ ကျောက်ခဲ များဖြင့် ပြုလုပ်ဖန်တီးထားသော ပန်းခြံတစ်ခု၊ ကမ္ဘာ့အကြီးဆုံး ရှေးခေတ်အပ်ချုပ်စက်များ ခင်းကျင်းပြသ ထားသည့်ပြတိုက်ငယ် စသည်တို့လည်းပါရှိသည်။

ဓာတ်လှေကား ၉ ခုပါရှိပြီး အမြင့် ၅၆၈ ပေ ရှိသော Antilia အမည်ရတိုက် တွင် ဝန်ထမ်းပေါင်း ၆၀၀ ကျော်က နေ့စဉ်တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။ တိုက်ကို ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံး အဆင့် ၁၀တွင်ရှိသော Altamount လမ်းတွင် တည်ဆောက်ထားပြီး ၂၀၀၇ခုနှစ်က စတင်ရာ ၂၀၁၀ ခုနှစ်တွင်
ဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၁၀ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်နေထိုင်သော ယင်းတိုက်ကို ကမ္ဘာတစ်လွှားမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများကို ဧည့်ခံတွေ့ဆုံလေ့ 
ရှိကြောင်း သိရသည်။

Ref:dailymail
International news for myanmar

No comments:

Post a Comment

My Blog List