Saturday, December 22, 2012

အမှိုက်ကန်များနေရာ ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးကြီးများနှင့် အစားထိုးသုံးစွဲမည်

Photo: အမှိုက်ကန်များနေရာ ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးကြီးများနှင့် အစားထိုးသုံးစွဲမည်
Friday, 21 December 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လက်ရှိအသုံးပြုလျှက်
ရှိသည့် ၀ါးကပ်ဖြင့် ပြုလုပ်ထားသော အမှိုက်ကန်များအစား လာမည့် ၂၀၁၃ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ပြီး ဂျာမနီ နိုင်ငံထုတ် အမှိုက်ပုံးကြီးများကို အစားထိုးပြောင်းလဲထားရှိသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရှိရသည်။

ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးများနှင့် အစားထိုးရခြင်းမှာ နိုင်ငံတကာ
အဆင့်မီစေရန် ၊ အမှိုက်ကန်မှထွက်ရှိသော အနံ့များသည်
ဘေးပတ်ဝန်းကျင်ရှိပြည်သူများနှင့် သန့်ရှင်းရေးဝန်ထမ်းများ
ရောဂါဆိုး မဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

“ပထမဦးစားပေးအနေနဲ့ လက်ရှိအမှိုက်ပစ်တဲ့ ၀ါးကပ်ကန်တွေကိုဖျက်ပစ်ပြီး ဂျာမနီနိုင်ငံက အမှိုက်ပုံး တွေကို အစားထိုးမယ်။ ပိုတဲ့အမှိုက်ပုံးတွေကို ကျန်တဲ့ မြို့နယ်တွေ အတွင်းမှာ ထားပေး သွားမယ်။ နောက်ပိုင်းမှာ အုတ်ကန်တွေ ပါဖျက်ပြီး အမှိုက်ပုံးတွေ အစားထိုးမယ့် စနစ်နဲ့ သန့်ရှင်းရေး လုပ်ငန်းကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်သွားဖို့ရှိပါတယ် ” ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဒုဌာနမှူး ဦးခင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၀ါးကပ်ဖြင့်ပြုလုပ်ထားသော အမှိုက်ကန်ပေါင်း(၂၀၀)ရှိပြီး အဆိုပါ နေရာများတွင် ဂျာမနီနိုင်ငံထုတ်
(၆၆၀)လီတာဆန့် အမှိုက်ပုံး(၈၀၀)ခန့်နှင့် နှင့်(၂၄၀)လီတာဆန့် အမှိုက်ပုံး(၁၈၀၀)ခန့်တို့ကို ထားရှိပေးသွားမည်ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ဂျာမနီနိုင်ငံမှ မှာယူထားသည့် အမှိုက်ပုံးများသည် ကားဖြင့်ချိတ်ပြီး အသုံးပြုနိုင်သောကြောင့် သန့်ရှင်းရေးဝန်ထမ်းများ အပင်ပန်းခံစရာ မလိုကြောင်းနှင့် ထပ်မံ၍ အမှိုက်သိမ်းကား (၄၀)စီး ခန့်မှာယူထားကြောင်း ကိုလည်း သိရသည်။

“ကန်တွေနဲ့ဘာကွာသွားလဲဆိုရင် ပုံးက အဖုံးပါတယ်။ ကန်က
ဟောင်းလောင်းထားတော့ အနံ့အသက်ရှိပြီး   ပြန်ကောက်တဲ့ ၊
ပြန်သယ်တဲ့ဝန်ထမ်းတွေဆိုရင်လည်း ကျန်းမာရေး ဆိုးကျိုး တွေရှိတယ်။ ပြီးတော့ အမှိုက်သိမ်းကား(၄၀)၀ယ်ပြီးတာနဲ့ ပုံးစနစ်နဲ့သွားရင် လုပ်သားတွေလည်း လျော့လာနိုင်တယ်။ ကန်တွေလည်း မလိုတော့ဘူး ”
 ဟု ဒုဌာနမှူး ဦးခင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်း အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားပစ်စနစ်အား ၂၀၁၂ခုနှစ် ဧပြီ(၁)ရက်နေ့မှ စတင်ခဲ့ရာ လက်ရှိတွင် ပြည်သူလူထုပါဝင်မှု ရာခိုင်နှုန်း(၇၀)ရာခိုင်နှုန်းကျော်ရှိကြောင်း၊ တစ်နေ့လျှင် အမှိုက်ထွက်ရှိတန်ချိန် (၁၆၀၀)တန်ချိန်ရှိကြောင်းကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရှိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၂ခုနှစ် ဇွန်လ အတွင်းက အမှိုက်ပုံးအသေးစားများ ချထားပေးလျှက်ရှိရာ တစ်နိုင်ငံလုံး
အတိုင်းအတာအရ အလုံး(၂၀၀၀)ချထားပေးခြဲ့ပီး ရန်ကုန်မြို့
အတွင်း အလုံးပေါင်း(၄၇၀)ခန့်ချထားပြီးဖြစ်သည်။  

ယမင်း(မြစ်မခ)
Myit Makha Mediagroup
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လက်ရှိအသုံးပြုလျှက် ရှိသည့် ၀ါးကပ်ဖြင့် ပြုလုပ်ထားသော အမှိုက်ကန်များအစား လာမည့် ၂၀၁၃ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ပြီး ဂျာမနီ နိုင်ငံထုတ် အမှိုက်ပုံးကြီးများကို အစားထိုးပြောင်းလဲထားရှိသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရှိရသည်။

ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးများနှင့် အစားထိုးရခြင်းမှာ နိုင်ငံတကာအဆင့်မီစေရန် ၊ အမှိုက်ကန်မှထွက်ရှိသော အနံ့များသည်ဘေးပတ်ဝန်းကျင်ရှိပြည်သူများနှင့် သန့်ရှင်းရေးဝန်ထမ်းများရောဂါဆိုး မဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။
“ပထမဦးစားပေးအနေနဲ့ လက်ရှိအမှိုက်ပစ်တဲ့ ၀ါးကပ်ကန်တွေကိုဖျက်ပစ်ပြီး ဂျာမနီနိုင်ငံက အမှိုက်ပုံး တွေကို အစားထိုးမယ်။ ပိုတဲ့အမှိုက်ပုံးတွေကို ကျန်တဲ့ မြို့နယ်တွေ အတွင်းမှာ ထားပေး သွားမယ်။ နောက်ပိုင်းမှာ အုတ်ကန်တွေ ပါဖျက်ပြီး အမှိုက်ပုံးတွေ အစားထိုးမယ့် စနစ်နဲ့ သန့်ရှင်းရေး လုပ်ငန်း ကို နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်သွားဖို့ရှိပါတယ် ” ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဒုဌာနမှူး ဦးခင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၀ါးကပ်ဖြင့်ပြုလုပ်ထားသော အမှိုက်ကန်ပေါင်း(၂၀၀)ရှိပြီး အဆိုပါ နေရာများတွင် ဂျာမနီနိုင်ငံထုတ်(၆၆၀)လီတာဆန့် အမှိုက်ပုံး(၈၀၀)ခန့်နှင့် နှင့်(၂၄၀)လီတာဆန့် အမှိုက်ပုံး(၁၈၀၀)ခန့်တို့ကို ထားရှိပေးသွားမည်ဟု ၄င်းက ဆက်ပြောသည်။ အဆိုပါ ဂျာမနီနိုင်ငံမှ မှာယူထားသည့် အမှိုက်ပုံးများသည် ကားဖြင့်ချိတ်ပြီး အသုံးပြုနိုင်သောကြောင့် သန့်ရှင်းရေးဝန်ထမ်းများ အပင်ပန်းခံစရာ မလိုကြောင်းနှင့် ထပ်မံ၍ အမှိုက်သိမ်းကား (၄၀)စီး ခန့်မှာယူထားကြောင်း ကိုလည်း သိရသည်။

“ကန်တွေနဲ့ဘာကွာသွားလဲဆိုရင် ပုံးက အဖုံးပါတယ်။ ကန်ကဟောင်းလောင်းထားတော့ အနံ့အသက် ရှိပြီး ပြန်ကောက်တဲ့ ၊ပြန်သယ်တဲ့ဝန်ထမ်းတွေဆိုရင်လည်း ကျန်းမာရေး ဆိုးကျိုး တွေရှိတယ်။ ပြီးတော့ အမှိုက်သိမ်းကား(၄၀)၀ယ်ပြီးတာနဲ့ ပုံးစနစ်နဲ့သွားရင် လုပ်သားတွေလည်း လျော့လာနိုင်တယ်။ ကန်တွေလည်း မလိုတော့ဘူး ”ဟု ဒုဌာနမှူး ဦးခင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်း အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားပစ်စနစ်အား ၂၀၁၂ခုနှစ် ဧပြီ(၁)ရက်နေ့မှ စတင်ခဲ့ရာ လက်ရှိတွင် ပြည်သူလူထုပါဝင်မှု ရာခိုင်နှုန်း(၇၀)ရာခိုင်နှုန်းကျော်ရှိကြောင်း၊ တစ်နေ့ လျှင် အမှိုက်ထွက်ရှိတန်ချိန် (၁၆၀၀)တန်ချိန်ရှိကြောင်းကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ သိရှိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၂ခုနှစ် ဇွန်လ အတွင်းက အမှိုက်ပုံးအသေးစားများ ချထားပေးလျှက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အလုံး(၂၀၀၀)ချထားပေးခြဲ့ပီး ရန်ကုန်မြိုအတွင်း အလုံးပေါင်း(၄၇၀)ခန့်ချထားပြီးဖြစ်သည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment

My Blog List