Friday, December 21, 2012

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်လူနာများအတွက် ကုသမှုအားလုံး အခမဲ့လုပ်ဆောင်သွားရန် စီစဉ်

Photo: ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်လူနာများအတွက် ကုသမှုအားလုံး အခမဲ့လုပ်ဆောင်သွားရန် စီစဉ်  
Friday, 21 December 2012

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော အရေးပေါ်လူနာများအား ကုသမှုအားလုံးတွင် အခမဲ့ကုသပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောပြခဲ့သည်။

''အရေးပေါ်လူနာတွေအတွက် အရေးပေါ်ကုသမှုမှာ နှောင့်နှေးမှု
မရှိအောင် ဆောင်ရွက်ပေးရပြီး၊ ငွေကြေးမတတ်နိုင်သူတွေကိုလည်း အခမဲ့ဆောင်ရွက်ပေးနေပါတယ်။ မကြာမီအတွင်းမှာ ဆေးဝါးပစ္စည်းတွေ တိုးမြှင့်ရရှိလာပြီး အရေးပေါ်ကုသမှုတွေအားလုံးမှာ အခမဲ့
ထောက်ပံ့နိုင်အောင်၊ လူနာက စိုက်ထုတ်ကျခံရခြင်း မရှိသလောက် နည်းပါးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒေါက်တာကျော်ကျော်ကပြောပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ ဆေးရုံဖြစ်ပြီး တစ်နေ့လျင် အတွင်းလူနာ ၁၂၀၀ ကျော် တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်းနှင့် လူနာများသည့် အဆောင်များတွင်
နေရာအခက်အခဲကြောင့် ကျပ်ကျပ်တည်းတည်း နေရာချထား
ရကြောင်းလည်း ဆေးရုံအုပ်ကြီးက ဆိုပါသည်။

လက်ရှိဆေးရုံကြီးတွင် ဆရာဝန်၊ သူနာပြုနှင့် ၀န်ထမ်းခွင့်ပြုအင်အားမှာ ၁၇၇၆ဦး ရှိသော်လည်း ခန့်ထားဝန်ထမ်းမှာ ၁၃၆၈ ဦးရှိသောကြောင့် ၀န်ထမ်းအင်အား လိုအပ်ချက်များ ရှိနေကြောင်းလည်းပြောပါသည်။

အခြားနိုင်ငံများတွင် ၀န်ဆောင်ခ၊ ဆရာဝန်၊ ဆရာမများအတွက်
ပေးရသည့် စောင့်ရှောက်ကြည့်ရှုခ၊ ခွဲစိတ်ခ၊ လူနာစမ်းသပ်ခ စသည့် အခကြေးငွေများကို ပေးဆောင်ရခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ကျန်းမာရေးအသုံးစရိတ်နှင့် ပတ်သက်၍ ဆေးရုံဆေးခန်းများ တည်ဆောက်ခြင်း၊ ပရိဘောဂ အသုံးအဆောင်ပစ္စည်းများ၊ စက်ကိရိယာ ပစ္စည်းများ၊ အခြေခံဆေးဝါးပစ္စည်းများ ကုန်ကျစရိတ်နှင့် ၀န်ထမ်းများ ခန့်ထားသည့် ကုန်ကျစရိတ်များကို နိုင်ငံတော်မှ မျှဝေကျခံပြီး နိုင်ငံတော်မှ မျှဝေထောက်ပံ့မပေးနိုင်သည့် ဆေးဝါးများအတွက် ကုန်ကျစရိတ်၊
ရောဂါရှာဖွေစမ်းသပ်ရာတွင် ကုန်ကျစရိတ်၊ သီးသန့်အခန်းခများကို လူနာရှင်မှ မျှဝေကျခံပေးရကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏  ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ် သက်၍ အပြုသဘော ဝေဖန်အကြံပေးမှုများကိုလည်း ကျေးဇူးတင်စွာဖြင့် ခံယူသွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က
ပြောကြားခဲ့ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို  အဆင့်မြှင့်တင်ရန်အတွက် ပြုပြင်မွမ်း မံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး အစိုးရပြည်တွင်းပြည်ပ အလှူရှင်များအားလုံး ပူးပေါင်းပါဝင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည်
ဆေးရုံကြီး၏ လက်ရှိအခြေအနေကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

Eleven Media Group
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော အရေးပေါ်လူနာများအား ကုသမှုအားလုံးတွင် အခမဲ့ ကုသပေးနိုင်ရန်စီစဉ်ဆာင်ရွက်လျက်ရှိကြောင်းရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော် က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောပြခဲ့သည်။

''အရေးပေါ်လူနာတွေအတွက်အရေးပေါ်ကုသမှုမှာ နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်ပေးရပြီး၊ ငွေကြေးမတတ်နိုင်သူတွေကိုလည်း အခမဲ့ဆောင်ရွက်ပေးနေပါတယ်။ မကြာမီအတွင်းမှာ ဆေးဝါးပစ္စည်းတွေ တိုးမြှင့်ရရှိလာပြီး အရေးပေါ် ကုသမှုတွေအားလုံးမှာ အခမဲ့ထောက်ပံ့နိုင်အောင်၊ လူနာက စိုက်ထုတ်ကျခံရခြင်း မရှိသလောက် နည်းပါးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒေါက်တာကျော်ကျော်ကပြောပါသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ ဆေးရုံဖြစ်ပြီး တစ်နေ့လျင် အတွင်းလူနာ ၁၂၀၀ ကျော် တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်းနှင့် လူနာများသည့် အဆောင်များတွင်နေရာအခက်အခဲကြောင့် ကျပ်ကျပ်တည်းတည်း နေရာချထားရကြောင်းလည်း ဆေးရုံအုပ်ကြီးက ဆိုပါသည်။

လက်ရှိဆေးရုံကြီးတွင် ဆရာဝန်၊ သူနာပြုနှင့် ၀န်ထမ်းခွင့်ပြုအင်အားမှာ ၁၇၇၆ဦး ရှိသော်လည်း ခန့်ထားဝန်ထမ်းမှာ ၁၃၆၈ ဦးရှိသောကြောင့် ၀န်ထမ်းအင်အား လိုအပ်ချက်များ ရှိနေကြောင်း လည်းပြောပါသည်။

အခြားနိုင်ငံများတွင် ၀န်ဆောင်ခ၊ ဆရာဝန်၊ ဆရာမများအတွက်ပေးရသည့် စောင့်ရှောက်ကြည့်ရှုခ၊ ခွဲစိတ်ခ၊ လူနာစမ်းသပ်ခ စသည့် အခကြေးငွေများကို ပေးဆောင်ရခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ကျန်းမာရေးအသုံးစရိတ်နှင့် ပတ်သက်၍ ဆေးရုံဆေးခန်းများ တည်ဆောက်ခြင်း၊ ပရိဘောဂ အသုံးအဆောင်ပစ္စည်းများ၊ စက်ကိရိယာ ပစ္စည်းများ၊ အခြေခံဆေးဝါးပစ္စည်းများ ကုန်ကျစရိတ်နှင့် ၀န်ထမ်းများ ခန့်ထားသည့် ကုန်ကျစရိတ်များကို နိုင်ငံတော်မှ မျှဝေကျခံပြီး နိုင်ငံတော်မှ မျှဝေထောက်ပံ့မပေးနိုင်သည့် ဆေးဝါးများအတွက် ကုန်ကျစရိတ်၊ ရောဂါရှာဖွေစမ်းသပ်ရာတွင် ကုန်ကျ စရိတ်၊ သီးသန့် အခန်း ခများကို လူနာရှင်မှ မျှဝေကျခံပေးရကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ကျန်းမာရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍အပြုသဘော ဝေဖန်အကြံပေးမှုများကိုလည်း ကျေးဇူးတင်စွာဖြင့် ခံယူသွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်ကပြောကြားခဲ့ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်ရန်အတွက် ပြုပြင်မွမ်း မံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး အစိုးရပြည်တွင်းပြည်ပ အလှူရှင်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည်ဆေးရုံကြီး၏လက်ရှိအခြေအနေကိုသွားရောက်လေ့လာကြည့်ရှုခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List