Thursday, December 20, 2012

တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ

Photo: တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ
Wednesday, December 19, 2012

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်
အတွက် လက်ရှိ ကြုံတွေ့နေရသည့် မြေဈေးနှုန်းကြီးမြင့်နေမှုကို
လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီးမှာ အဓိကလိုအပ်ချက်
ဖြစ်နေကြောင်းလည်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက ဆိုပါသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန 
အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ၂၀၂၈ ခုနှစ်အတွင်း အိပ်ခန်းယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း  အိပ်ခန်းပေါင်း ၃၅၀၀၀၀ စတင် တည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိဆောက်လုပ်မည့် အိမ်ရာ ၁၀၀၀၀ ကျော်မှာ စမ်းသပ်
ဆောက်လုပ်သည့် အိမ်ရာစီမံကိန်း ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိကာလ၌ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အိပ်ခန်း ၁၀၀၀၀ ပါဝင်မည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်း နှစ်ခုအတွက် လုပ်ငန်းဆောင်ရွက်
မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားပြီ
ဖြစ်ကြောင်းလည်း သိရှိရသည်။

“ရန်ကုန်မှာ အိမ်ရာစီမံကိန်းတွေ ဖော်ဖို့ဆိုရင် မြေနေရာနဲ့ငွေကြေး
အရင်းအနှီးက အဓိက လိုအပ်ချက် ဖြစ်နေတယ်။အိမ်ရာအတွက်
မြေနေရာလိုသလို တည်ဆောက်ဖို့အတွက်လည်း ငွေကြေးအရင်း
အနှီးက လိုပါတယ်။ ငွေကြေးအရင်းအနှီးအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊၊ ဧရာဝဏ်နဲ့ ရတနာစီမံကိန်းအတွက်တော့ တင်ဒါ ခေါ်ယူထားပါပြီ” ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။

“အိမ်ရာတွေ ဖော်ထုတ်ဖို့ စီစဉ်ထားသလို ပြည်သူ့အိမ်ရာတွေဖြစ်တဲ့ လမ်း (၅၀) လို၊ ရန်ကင်းအိမ်ရာ စတာတွေကိုလည်း လက်ရှိနေထိုင်နေတဲ့ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။    အိမ်ရာတွေ ဖော်ထုတ်တယ်ဆိုရာမှာလည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထားတွေ ဖြစ်ဖို့လိုပါတယ်။ မိသားစုတစ်ခုရဲ့ savingpower ကို မြှင့်တင်ပေးမှ အိမ်ဝယ်တာကို နောက်တစ်ဆင့်အနေနဲ့ လုပ်နိုင်မှာပါ။ အဲဒီတော့ လူတစ်ဦးချင်းရဲ့ ၀င်ငွေတိုးတက်လာမှာလည်း အိမ်ဝယ်နိုင်တဲ့
အဆင့်၊ အဆင့်အတန်းမီ နေနိုင်တဲ့ အနေအထားတွေ ရှိလာမှာပါ။ ဒါကြောင့် တစ်ဦးချင်းရဲ့ purchasing power အား ကောင်းအောင်လုပ်ပေးရမှာ
ဖြစ်ပါတယ်” ဟု မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင် ဦးသံမိုးက သုံးသပ်
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်
ဆောင်ရွက်လိုသူများ၊ တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသူ
များမှ ရန်ကုန်မြို့၏ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် အဆိုပြုထားကြောင်းလည်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရှိရသည်။

တန်ဖိုးနည်း အိမ်ရာများတွင် ပါဝင်မည့် အိမ်ခန်းများအား ဧရိယာ စတုရန်းပေ ၆၅၀ပေ၊ ၇၀၄ပေ၊ ၈၅၂ ပေ၊ ၉၀၀ပေ၊ ၁၀၅၄ ပေ၊ ၁၂၇၀ပေ စသည်ဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Eleven Media Group

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန် အတွက်လက်ရှိ ကြုံတွေ့နေရ သည့်မြေဈေးနှုန်းကြီးမြင့်နေမှုကိုလျှော့ချနိုင်ရန်နှင့်ငွေကြေးအရင်းအနှီးမှာအဓိကလိုအပ်ချက်ဖြစ်နေကြောင်းလည်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက ဆိုပါသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ၂၀၂၈ ခုနှစ်အတွင်း အိပ်ခန်းယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း အိပ်ခန်းပေါင်း ၃၅၀၀၀၀ စတင် တည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိဆောက်လုပ်မည့် အိမ်ရာ ၁၀၀၀၀ ကျော်မှာ စမ်းသပ်ဆောက်လုပ်သည့် အိမ်ရာစီမံကိန်း ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်ရှိကာလ၌ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အိပ်ခန်း ၁၀၀၀၀ ပါဝင်မည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာ စီမံကိန်း နှစ်ခုအတွက် လုပ်ငန်းဆောင်ရွက်မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထား ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

“ရန်ကုန်မှာအိမ်ရာစီမံကိန်းတွေဖော်ဖို့ဆိုရင်မြေနေရာနဲ့ငွေကြေးအရင်းအနှီးကအဓိကလိုအပ်ချက် ဖြစ်နေတယ်။အိမ်ရာအတွက်မြေနေရာလိုသလို တည်ဆောက်ဖို့အတွက်လည်းငွေကြေးအရင်းအနှီးကလိုပါတယ်။ငွေကြေးအရင်းအနှီးအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊၊ ဧရာဝဏ်နဲ့ ရတနာစီမံကိန်း အတွက်တော့ တင်ဒါ ခေါ်ယူထားပါပြီ” ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

“အိမ်ရာတွေ ဖော်ထုတ်ဖို့ စီစဉ်ထားသလို ပြည်သူ့အိမ်ရာတွေဖြစ်တဲ့ လမ်း (၅၀) လို၊ ရန်ကင်းအိမ်ရာ စတာတွေကိုလည်း လက်ရှိနေထိုင်နေတဲ့ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေ ပါတယ်။ အိမ်ရာတွေ ဖော်ထုတ်တယ်ဆိုရာမှာလည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထားတွေ ဖြစ်ဖို့ လိုပါတယ်။ မိသားစုတစ်ခုရဲ့ savingpower ကို မြှင့်တင်ပေးမှ အိမ်ဝယ်တာကို နောက်တစ်ဆင့်အနေနဲ့ လုပ်နိုင်မှာပါ။ အဲဒီတော့ လူတစ်ဦးချင်းရဲ့ ၀င်ငွေတိုးတက်လာမှာလည်း အိမ်ဝယ်နိုင်တဲ့အဆင့်၊ အဆင့်အတန်းမီ နေနိုင်တဲ့ အနေအထားတွေ ရှိလာမှာပါ။ ဒါကြောင့် တစ်ဦးချင်းရဲ့ purchasing power အား ကောင်းအောင်လုပ်ပေးရမှာဖြစ်ပါတယ်” ဟု မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင် ဦးသံမိုးက သုံးသပ်ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်လိုသူများ၊ တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသူများမှ ရန်ကုန်မြို့၏ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် အဆိုပြုထားကြောင်းလည်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရှိရသည်။
တန်ဖိုးနည်း အိမ်ရာများတွင် ပါဝင်မည့် အိမ်ခန်းများအား ဧရိယာ စတုရန်းပေ ၆၅၀ပေ၊ ၇၀၄ပေ၊ ၈၅၂ ပေ၊ ၉၀၀ပေ၊ ၁၀၅၄ ပေ၊ ၁၂၇၀ပေ စသည်ဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment

My Blog List