Saturday, December 22, 2012

တရုတ်ဝယ်လက်အဆင်းများ၍ မန်းကျောက်ဝိုင်းဈေးကွက် ပြန်လည်လှုပ်ခတ်

Photo: တရုတ်ဝယ်လက်အဆင်းများ၍ မန်းကျောက်ဝိုင်းဈေးကွက် ပြန်လည်လှုပ်ခတ်
Friday, 21 December 2012

ရက်ပိုင်းအတွင်း တရုတ်ဝယ်လက်များ မန္တလေးကျောက်ဝိုင်းသို့ ဆင်းလာသည့်အတွက် မန္တလေးမဟာအောင်မြေကျောက်ဝိုင်းအတွင်း 
ကျောက်စိမ်းအရောင်းအ၀ယ်သွက်လာကြောင်း ကျောက်ကုန်သည်
အသိုင်းအ၀ိုင်းက သိရသည်။

"ဒီရက်ပိုင်းမှာ အထက်ကျောက်တွေ အရောင်းအ၀ယ်ကောင်းနေတယ်၊
အပွင့်လိုင်းကတော့ ပုံမှန်ပဲသွားနေလို့အေးနေတယ် ။ဖားကန့် ဘက်က
ကျောက်ကောင်းတွေ သိပ်မ၀င်လို့ဒီမှာရှိတဲ့ ကျောက်ကောင်းတွေ
ဈေးမြင့်နေတာ ၊လက်ကောက်လိုင်းဖက်ကတော့ တရုတ်ကုန်သည်
တွေကြားမှာအရောင်းအ၀ယ်ကောင်းနေတယ်။"ဟု ကျောက်ကုန်သည် ဦးကိုလွင်ကပြောသည်။

သိန်းနှစ်ဆယ်နှင့် အထက်ကျောက်ကောင်းများနှင့်ကျောက်အချပ်လိုင်းများ အရောင်းအ၀ယ်ဖြစ်ပြီး အဆင်ပြေလျက်ရှိကြောင်း တရုတ်ဝယ်လက်များ
ကျောက်ဝိုင်းအတွင်းဆင်းဝယ်လာသောကြောင့် အရောင်းအ၀ယ်
လှုပ်လာခြင်းဖြစ်ကြောင်းကျောက် ပွဲစားတစ်ဦးက ဆိုသည်။

"ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ အရင်နှစ်တွေက
ကျောက်တူးတွေ အစောကြီးနားခဲ့တယ်၊ အခုအခါလည်း  
ကျောက်တူးသူ နည်းနေလို့ကျောက်ဝိုင်းမှာကျောက်ကောင်း
အ၀င်နည်းနေတယ် ။ ကျောက်ကောင်းကိုင်ထားနိုင်တဲ့ သူတွေအတွက်တော့ပိုအဆင်ပြေတာပေါ့။ ၀ယ်လက်ကြိုက်ရင်
ဈေးခေါ်လို့ရတယ်"ဟုကျောက်ပွဲစားကိုမြင့်အေးကပြောသည်။

တရုတ်ပြည်မှ ၀ယ်လက်ဆင်းလာပြီးနောက်ပိုင်း ကျောက်စိမ်း
ဈေးကွက်ပိုမိုအလုပ်ဖြစ် လာနိုင်ကြောင်း၊နေပြည်တော်ကျောက်စိမ်းပြပွဲ
ပြီးလျှင် လည်း အရောင်းဝယ်ကောင်းမည်ဟု ခန့်မှန်းထားကြောင်း
မန်းကျောက်ဝိုင်းမှအတွေ့အကြုံဝါရင့်ကျောက်ပွဲစားများက သုံးသပ်သည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup
ရက်ပိုင်းအတွင်း တရုတ်ဝယ်လက်များ မန္တလေးကျောက်ဝိုင်းသို့ ဆင်းလာသည့်အတွက် မန္တလေး မဟာအောင်မြေကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအရောင်းအ၀ယ်သွက်လာကြောင်း ကျောက်ကုန်သည်
အသိုင်းအ၀ိုင်းက သိရသည်။

"ဒီရက်ပိုင်းမှာ အထက်ကျောက်တွေ အရောင်းအ၀ယ်ကောင်းနေတယ်၊အပွင့်လိုင်းကတော့ ပုံမှန်ပဲသွားနေ လို့အေးနေတယ်။ဖားကန့်ဘက်ကကျောက်ကောင်းတွေသိပ်မ၀င်လို့ဒီမှာရှိတဲ့ ကျောက်ကောင်းတွေဈေးမြင့်နေတာ ၊လက်ကောက်လိုင်းဖက်ကတော့တရုတ်ကုန်သည်တွေကြားမှာအရောင်းအ၀ယ်ကောင်းနေတယ်။"ဟု ကျောက်ကုန်သည် ဦးကိုလွင်ကပြောသည်။
သိန်းနှစ်ဆယ်နှင့် အထက်ကျောက်ကောင်းများနှင့်ကျောက်အချပ်လိုင်းများ အရောင်းအ၀ယ်ဖြစ်ပြီး အဆင်ပြေလျက်ရှိကြောင်းတရုတ်ဝယ်လက်များကျောက်ဝိုင်းအတွင်းဆင်းဝယ်လာသောကြောင့်အရောင်းအ၀ယ်လှုပ်လာခြင်းဖြစ်ကြောင်းကျောက် ပွဲစားတစ်ဦးက ဆိုသည်။

"ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ အရင်နှစ်တွေကကျောက်တူးတွေ အစောကြီးနားခဲ့တယ်၊ အခုအခါလည်းကျောက်တူးသူနည်းနေလို့ကျောက်ဝိုင်းမှာကျောက်ကောင်းအ၀င်နည်းနေတယ်။ကျောက်ကောင်းကိုင်ထားနိုင်တဲ့ သူတွေအတွက်တော့ပိုအဆင်ပြေတာပေါ့။ဝယ်လက်ကြိုက်ရင်ဈေးခေါ်လို့ရတယ်"ဟုကျောက်ပွဲစားကိုမြင့်အေးကပြောသည်။

တရုတ်ပြည်မှ ၀ယ်လက်ဆင်းလာပြီးနောက်ပိုင်း ကျောက်စိမ်းဈေးကွက်ပိုမိုအလုပ်ဖြစ် လာနိုင်ကြောင်း ၊နေပြည်တော်ကျောက်စိမ်းပြပွဲပြီးလျှင်လည်း အရောင်းဝယ်ကောင်းမည်ဟု ခန့်မှန်းထားကြောင်း မန်းကျောက်ဝိုင်းမှအတွေ့အကြုံဝါရင့်ကျောက်ပွဲစားများက သုံးသပ်သည်။


Myit Makha Mediagroup

No comments:

Post a Comment

My Blog List