နောက်ဆုံးနေ့အဖြစ် ဒီကနေ့ (ဒီဇင်ဘာ ၂၁) ကျင်းပတဲ့ ၁၅ ကြိမ်မြောက်
ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) ကွန်ဂရက်က ဗိုလ်ချုပ်ကြီး စောမူတူး
စေဖိုးကို ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ်
တင်မြှောက်လိုက်ပါတယ်။ စောမူတူး ဥက္ကဌဖြစ်လာတဲ့အတွက် အစိုးရနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်တိုက် ဆက်လုပ်သွားလိမ့်မယ်လို့
ယူဆကြောင်း မဲဆောက်က ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦးက သုံးသပ်ပါတယ်။
အတွင်းရေးမှူးကိုတော့ မကြာခင်မှာပဲ ရွေးချယ်မယ်လို့ သိရပါတယ်။
BBC Burmese
BBC Burmese

No comments:
Post a Comment