Saturday, December 22, 2012

ရခိုင်ဒေသမှကြက်စာကုန်ကြမ်းတင်ပို့မှုကျဆင်းနေရခြင်း အကြောင်းအရင်း

Photo: ရခိုင်ဒေသမှကြက်စာကုန်ကြမ်းတင်ပို့မှုကျဆင်းနေရခြင်း အကြောင်းအရင်း
Friday, 21 December 2012

ရခိုင်ကမ်းရိုးတန်းဒေသမှ အောက်ခြေအဆင့် တန်ဖိုးနည်း ငါးပုစွန်သေးများကို ကြက်စာကုန်ကြမ်းအဖြစ်  နေလှမ်းအခြောက်
ပြုလုပ်၍ ပြည်တွင်းဈေးကွက်များဖြစ်သည့် ပြည်(ပဲခူးအနောက်)၊ ရန်ကုန်နှင့်မကွေး ကြက် မွေးမြူရေးဇုန်များသို့ ထုတ်လုပ်တင်ပို့လျှက်ရှိသည်။

ယခုနှစ် မေလနောက်ပိုင်းမှစ၍ တင်ပို့မှုမှာ တစ်လထက် တစ်လ
လျော့နည်းကျဆင်းလာပြီး လက်ရှိတွင် အဆိုးဆုံး အခြေအနေသို့
ရောက်ရှိနေကြောင်း မွေးမြူရေးအစာ ထုတ်လုပ်တင်ပို့သူများထံမှ 
သိရသည်။

စားသုံးမှုဈေးကွက်မ၀င်သော ငါးပုစွန် အကောင်သေးများကို ရခိုင်ကမ်းရိုးတမ်းဒေသ မြစ်ချောင်း အင်းအိုင်များ တွင် အများအပြားဖမ်းဆီးရရှိနိုင်ကြောင်းကိုလည်း သိရသည်။

ထိုသို့ဖမ်းဆီးရာတွင် ဇာခြင်ထောင်ကဲ့သို့သော အပေါက်စိတ်သည့် ပိုက်ကွန်များဖြင့် ဖမ်းဆီးလုပ်ကိုင်မှု များပြားလာခြင်းကြောင့် ငါးပုစွန် သားဖေါက်များမျိုးပြုန်းတီးမှု ဖြစ်ပေါ်လာပြီး ဖမ်းဆီးရရှိမှုမှာလည်း
လျော့နည်း ကျဆင်းလာခြင်းနှင့်အတူ ကြက်စာကုန်ကြမ်း တင်ပို့မှုမှာလည်း ကျဆင်းလာရခြင်း ဖြစ်သည်။

“ကြက်စာကုန်ကြမ်း တင်ပို့မှုက ဧပြီ၊မေလ၀န်းကျင်လောက်မှ စပြီး တင်ပို့မှု တစ်လထက်တစ်လ လျော့နည်းကျ ဆင်းလာတာ   ဖြစ်ပါတယ်။ အဲဒီ မတိုင်မီက တစ်လတစ်လကို အိတ်ရေ သုံးရာမှ ငါးရာအထိ တင်ပို့နိုင်ခဲ့တယ်။ တစ်လထက်တစ်လ ကျဆင်းလာတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကဆို အိတ်ရေ (၁၀၀)ကျော်ဝန်းကျင်လောက်သာ စုဆောင်း တင်ပို့နိုင်ခဲ့ပါတယ်” ဟု ကြက်စာကုန်ကြမ်း အ၀ယ်ဒိုင်
ဖွင့်လှစ်တင်ပို့နေသူ ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။

ဒေသတွင်း ငါးပိထုတ်လုပ်မှု ဈေးကွက်အားကောင်းခိုင်မာလာမှုနှင့်အတူ ကစ္ဆပနဒီမြစ်ဖျားပိုင်း အိန္ဒိယနိုင်ငံ မီဖိုရန်ပြည်နယ် နယ်စပ်ဈေးကွက်များမှ အဆွဲများလာမှုများကြောင့် ယခုနှစ် နှစ်ဆန်းပိုင်း ကာလများမှစပြီး ငါးပိထုတ်လုပ်မှုလုပ်ငန်းများကို စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ် တွင်ကျယ်စွာ ဇောက်ချလုပ်ကိုင်မှု များလာခြင်းကြောင့် ကုန်ကြမ်း
တင်ပို့မှုကျဆင်းရခြင်းဖြစ်သည်။

ထိုကြောင့် ကြက်စာကုန်ကြမ်းထုတ်လုပ်မှုလုပ်ငန်းမှ ဈေးကွက်နှင့်ဈေးနှုန်း
အနေအထားများအရ ငါးပိထုတ် လုပ်သည့် လုပ်ငန်းများသို့ ပြောင်းလဲ
ရောင်းချမှုများပြားလာခြင်းများကြောင့်လည်း ယခုကဲ့သို့ ကြက်စာ ကုန်ကြမ်းတင်ပို့မှု သိသိသာသာကျဆင်းလာခြင်းလည်း ဖြစ်သည်။

မွေးမြူရေးအစာကုန်ကြမ်း တင်ပို့မှု လျော့နည်းကျဆင်းလာရခြင်းနှင့် ပတ်သက်၍ သံတွဲဒေသမှ တင်ပို့သူ တစ်ဦးကလည်း ယခုကဲ့သို့ ဆိုသည်။

“တံငါသည်တွေက ဖမ်းဆီးရရှိတဲ့ ငါးပုစွန် ကြက်စာကုန်ကြမ်းများကို အရင်လို့ ကျွန်တော်တို့ဆီမှာ လာမသွင်းကြဘူး။ ငါးပိထုတ်လုပ်မှု
လုပ်ငန်းများသို့ပဲ သွားသွင်းကြတာ။ ကျွန်တော်တို့က သူတို့လို
ဈေးတင်ပေးပြီး မ၀ယ်နိုင်ကြတော့ တင်ပို့နိုင်မှု အပိုင်းကလည်း ကျဆင်းလာရတာပေါ့ဗျာ” ဟု သံတွဲ ဒေသခံ လုပ်ငန်းရှင်က ပြောသည်။

ငါးပိထုတ်လုပ်မှုလုပ်ငန်းများမှ အဆွဲများလာမှုကြောင့် လက်ရှိ
ကြက်စာကုန်ကြမ်း (၃၀ပိဿာဆန့်)   တစ်အိတ် လျှင်(သန့်စင်)(၄၀၀၀၀)ကျပ်နှင့် ရိုးရိုး(၂၂၀၀၀)ကျပ်ထိ အမြင့်ဈေးတွင်ရှိနေပြီး ယခုနှစ်ပြီးခဲ့သည့် ဇန်နာဝါရီမှ မတ်လအထိ (သန့်စင်) တစ်အိတ်
(၃၀၀၀၀)၀န်းကျင်နှင့် ရိုးရိုးတစ်အိတ်(၁၃၀၀၀)ကျပ်သာဈေး ရှိခဲ့ကြောင်း ကိုလည်း သိရသည်။

အာရကန်ကိုကို(မြစ်မခ)
Myit Makha Mediagroup
ရခိုင်ကမ်းရိုးတန်းဒေသမှ အောက်ခြေအဆင့် တန်ဖိုးနည်း ငါးပုစွန်သေးများကို ကြက်စာ ကုန်ကြမ်း အဖြစ် နေလှမ်းအခြောက် ပြုလုပ်၍ ပြည်တွင်းဈေးကွက်များဖြစ်သည့် ပြည်(ပဲခူးအနောက်)၊ ရန်ကုန်နှင့် မကွေး ကြက် မွေးမြူရေးဇုန်များသို့ ထုတ်လုပ်တင်ပို့လျှက်ရှိသည်။

ယခုနှစ် မေလနောက်ပိုင်းမှစ၍ တင်ပို့မှုမှာ တစ်လထက် တစ်လလျော့နည်းကျဆင်းလာပြီး လက်ရှိတွင် အဆိုးဆုံး အခြေအနေသို့ရောက်ရှိနေကြောင်း မွေးမြူရေးအစာ ထုတ်လုပ်တင်ပို့သူများထံမှ သိရသည်။

စားသုံးမှုဈေးကွက်မ၀င်သော ငါးပုစွန် အကောင်သေးများကို ရခိုင်ကမ်းရိုးတမ်းဒေသ မြစ်ချောင်း အင်းအိုင်များ တွင် အများအပြားဖမ်းဆီးရရှိနိုင်ကြောင်းကိုလည်း သိရသည်။
ထိုသို့ဖမ်းဆီးရာတွင် ဇာခြင်ထောင်ကဲ့သို့သော အပေါက်စိတ်သည့် ပိုက်ကွန်များဖြင့် ဖမ်းဆီးလုပ်ကိုင်မှု များပြားလာခြင်းကြောင့် ငါးပုစွန် သားဖေါက်များမျိုးပြုန်းတီးမှု ဖြစ်ပေါ်လာပြီး ဖမ်းဆီးရရှိမှုမှာ လည်းလျော့နည်း ကျဆင်း လာခြင်းနှင့်အတူ ကြက်စာကုန်ကြမ်း တင်ပို့မှုမှာလည်း ကျဆင်း လာရခြင်း ဖြစ်သည်။

“ကြက်စာကုန်ကြမ်း တင်ပို့မှုက ဧပြီ၊မေလ၀န်းကျင်လောက်မှ စပြီး တင်ပို့မှု တစ်လထက် တစ်လ လျော့နည်းကျ ဆင်းလာတာ ဖြစ်ပါတယ်။ အဲဒီ မတိုင်မီက တစ်လတစ်လကို အိတ်ရေ သုံးရာမှ ငါးရာအထိ တင်ပို့နိုင်ခဲ့တယ်။ တစ်လထက်တစ်လ ကျဆင်းလာတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလကဆို အိတ်ရေ (၁၀၀)ကျော်ဝန်းကျင်လောက်သာ စုဆောင်း တင်ပို့နိုင်ခဲ့ပါတယ်” ဟု ကြက်စာကုန်ကြမ်း အ၀ယ်ဒိုင်
ဖွင့်လှစ်တင်ပို့နေသူ ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။

ဒေသတွင်း ငါးပိထုတ်လုပ်မှု ဈေးကွက်အားကောင်းခိုင်မာလာမှုနှင့်အတူ ကစ္ဆပနဒီမြစ်ဖျားပိုင်း အိန္ဒိယနိုင်ငံ မီဖိုရန်ပြည်နယ် နယ်စပ်ဈေးကွက်များမှ အဆွဲများလာမှုများကြောင့် ယခုနှစ် နှစ်ဆန်းပိုင်း ကာလများမှစပြီး ငါးပိထုတ်လုပ်မှုလုပ်ငန်းများကို စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ် တွင်ကျယ်စွာ ဇောက်ချလုပ်ကိုင်မှု များလာခြင်းကြောင့် ကုန်ကြမ်းတင်ပို့မှုကျဆင်းရခြင်းဖြစ်သည်။

ထိုကြောင့် ကြက်စာကုန်ကြမ်းထုတ်လုပ်မှုလုပ်ငန်းမှ ဈေးကွက်နှင့်ဈေးနှုန်းအနေအထားများအရ ငါးပိထုတ် လုပ်သည့် လုပ်ငန်းများသို့ ပြောင်းလဲရောင်းချမှုများပြားလာခြင်းများကြောင့်လည်း ယခုကဲ့သို့ ကြက်စာ ကုန်ကြမ်းတင်ပို့မှု သိသိသာသာကျဆင်းလာခြင်းလည်း ဖြစ်သည်။

မွေးမြူရေးအစာကုန်ကြမ်း တင်ပို့မှု လျော့နည်းကျဆင်းလာရခြင်းနှင့် ပတ်သက်၍ သံတွဲဒေသမှ တင်ပို့သူ တစ်ဦးကလည်း ယခုကဲ့သို့ ဆိုသည်။ “တံငါသည်တွေက ဖမ်းဆီးရရှိတဲ့ ငါးပုစွန် ကြက်စာကုန်ကြမ်းများကို အရင်လို့ ကျွန်တော်တို့ဆီမှာ လာမသွင်းကြဘူး။ ငါးပိထုတ်လုပ်မှုလုပ်ငန်းများသို့ပဲ သွားသွင်းကြတာ။ ကျွန်တော်တို့က သူတို့လိုဈေးတင်ပေးပြီး မ၀ယ်နိုင်ကြတော့ တင်ပို့နိုင်မှု အပိုင်းကလည်း ကျဆင်းလာရ တာပေါ့ဗျာ” ဟု သံတွဲ ဒေသခံ လုပ်ငန်းရှင်က ပြောသည်။

ငါးပိထုတ်လုပ်မှုလုပ်ငန်းများမှ အဆွဲများလာမှုကြောင့် လက်ရှိကြက်စာကုန်ကြမ်း (၃၀ပိဿာဆန့်) တစ်အိတ် လျှင်(သန့်စင်)(၄၀၀၀၀)ကျပ်နှင့် ရိုးရိုး(၂၂၀၀၀)ကျပ်ထိ အမြင့်ဈေးတွင်ရှိနေပြီး ယခုနှစ်ပြီးခဲ့သည့် ဇန်နာဝါရီမှ မတ်လအထိ (သန့်စင်) တစ်အိတ်(၃၀၀၀၀)၀န်းကျင်နှင့် ရိုးရိုးတစ်အိတ်(၁၃၀၀၀)ကျပ်သာဈေး ရှိခဲ့ကြောင်း ကိုလည်း သိရသည်။

Myit Makha Mediagroup

No comments:

Post a Comment

My Blog List