Thursday, December 20, 2012

ကြက်သွန်ဖြူစိုက်တောင်သူများ အထိနာ

Photo: ကြက်သွန်ဖြူစိုက်တောင်သူများ အထိနာ
Wednesday, December 19, 2012

ယောမြို့နယ် တေးရွာမှကြက်သွန်ဖြူစိုက် တောင်သူကိုဝင်းမောင်
တစ်ယောက် အားသွန်ခွန်စိုက် ကြက်သွန်ဖြူစိုက်ပျိုးပြီးနောက် စာရင်းချုပ်လိုက်သောအခါ ကျပ်သိန်းနှစ်ဆယ်ကျော် ရှုံးနေသည်။ သူ၏လယ်ကွက် ၁၅ ကွက်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ သော ကြက်သွန်ဖြူများမှာ ယခုအခါ ရွာတွင် တစ်ပိဿာသုံးရာဈေးဖြင့်
ရောင်းသော်လည်း ၀ယ်သူမရှိဖြစ်နေသည်။

ကြက်သွန်ဖြူစိုက်၍ အထွက်ကောင်းသော်လည်း ဈေးမကောင်း၍ အရှုံးပေါ်နေသူမှာ ကိုဝင်းမောင်တစ်ယောက်တည်းမဟုတ်ပါ။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်နှင့် ယောမြို့နယ်ရှိ ယောချောင်း
တစ်လျှောက် တေးရွာ၊ စမ်းရေခုံးကျေးရွာ၊ ရေရှင်၊ တောင်ထက်၊ ပြင်လယ်၊ ကံကြီး၊ လယ်ဆော၊ နော်ရွာ စသော ကျေးရွာများရှိ ကြက်သွန်ဖြူစိုက်တောင် သူအများစုမှာလည်း အလားတူ ယခုနှစ်တွင် အရှုံးပေါ်သည်။

ယောမြို့နယ်သာမက ဆောမြို့နယ်အောက်ရှိ ကျောက်ထုမြို့နယ်ခွဲနှင့်
အခြားကြက်သွန်ဖြူ အဓိက စိုက်ပျိုးရာဖြစ်သော တောင်ကြီးမြို့နယ် အပါအ၀င် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင်လည်း အလားတူဖြစ်သည်။

“ကြက်သွန်ဖြူဈေးက တစ်ပိဿာ ၄၅၀၊ ၅၀၀ ကျပ်ကို ၀ယ်သူမရှိဘူး။ စိုက်ပျိုးစရိတ်က တစ်ပိဿာ ၈၅၀ လောက်ကျတယ်။ အများစုက
ဈေးတက်နိုးတက်နိုးနဲ့စောင့်ရင်း ရှုံးနေတာ” ဟု ယောမြို့နယ်
တောခလွန်ကျေးရွာမှ ကိုလင်းစိုးကပြောသည်။

ထိုသို့ ကြက်သွန်ဖြူဝယ်လိုအားနည်းပြီး ဈေးပြုတ်ကျကာ တောင်သူများ အရှုံးပေါ်နေသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ကမ္ဘာ့ဒုတိယ
စီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံမှ ကြူကုတ်ဟု အလွယ်ခေါ်သော တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးခြင်းဖြစ်သည်။ ထို့အပြင် ယခင်နှစ်ကဈေးကောင်း၍ ယခုနှစ်တွင် စိုက်ပျိုးမှုများပြီး အထွက်တိုးခဲ့ခြင်းမှာလည်း ဈေးကျခြင်း၏ အချက်တစ်ချက်ဖြစ်သည်။

“တောင်သူကတော့ ရှုံးတယ်။ သူရတာအများဆုံး ၅၀၀ လောက်ပဲ။ ရန်ကုန်ရောက်လည်း ရှမ်းကြက်သွန်ဖြူကို ၀ယ်မယ့်သူကို မရှိတာ။
ရောင်းအားက တစ်ဖြည်းဖြည်းကျလာတယ်။ ကြက်သွန်ဖြူက ၀ယ်လိုအားနည်းတယ်။ ရာသီက ကုန်ကာနီးပြီ လက်ကျန် တွေက
များသေးတယ်။ ဒီအချက်တွေကြောင့် ဈေးကျတာပေါ့” ဟု မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ
ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်းပြောသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ ပြည်တွင်းဈေးကွက်သို့ ဖြည်းဖြည်းချင်း ၀င်ရောက်လာသော တရုတ်ကြက်သွန်ဖြူများမှာအရွယ်ကြီးမှု၊
အခွံနွှာရန်လွယ်ကူမှု၊ ရောင်းပန်းလှမှုတို့ကြောင့် မြန်မာများက အထူးအားပေးကာ ဈေးကွက်ပိုမို ရရှိလာသည်။ ထို့ကြောင့် ယခုအခါ ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို ကြူကုတ် ကြက်သွန်ဖြူများက ဈေးကွက်ရရှိထားပြီဖြစ်ကြောင်း
ကြက်သွန်ဖြူဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

သို့သော် မြန်မာကြက်သွန်ဖြူတွင်လည်း အားသာချက်များရှိပါသည်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုမှာ တရုတ်နှင့်စာလျှင်
များစွာလျော့နည်းပြီး သဘာဝနှင့် ပိုမိုနီးစပ်အောင် စိုက်ပျိုးထား၍ ကျန်းမာရေးအတွက် သင့်လျော်ခြင်း၊ အရွယ်သေးသော်လည်း အနံ့၊ အရသာတို့မှာ ကြူကုတ်ထက်များစွာသာလွန်သည်။

မြန်မာနိုင်ငံ၏ အဓိကကောက်ပဲသီးနှံ ဈေးကွက်ဖြစ်သော ဘုရင့်နောင်ဈေးတွင် ဒီဇင်ဘာ တတိယပတ်၌ လက်ကားဈေး ကြူကုတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် ဈေးရှိသည်။
ပြည်တွင်းကြက်သွန်ဖြူများမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ၀န်းကျင်မှ ဈေးအများဆုံး ကျပ် ၁၂၀၀ ၀န်းကျင်သာရှိသည်။

“အစိုက်များလို့ ဈေးမကောင်းပါဘူးလို့ ဆိုနေမှ တရုတ်ဘက်က ကြက်သွန်ဖြူကို ကုန်သည်တွေကသွင်းတော့ တောင်သူတွေ အရှုံးပိုများတာပေါ့။ ဒီနှစ်တော့ အိမ်က ကြက်သွန်ဖြူမျိုးလေး မတုံးအောင်တော့ စိုက်တယ်။ အရင်နှစ်ကလို အားကျမခံ စီးပွားဖြစ်တော့ မစိုက်တော့ဘူး” ဟု ပေါက်မြို့နယ် ညောင်ဝန်းပေါက်ကျေးရွာမှ
တောင်သူမ၀င်းနွယ်သင်းကလည်းဆိုသည်။

“အရင်နှစ်တုန်းက ကျွန်တော့်ရဲ့ပွဲရုံမှာ ကုန်ပိဿာတစ်သိန်းဝန်းကျင်ပဲ ၀င်တာ။ ဒီနှစ်တော့ နှစ်သိန်းကျော်ထိဝင်တယ်။ ဒေသနဲ့တွက်ရင် အထွက်ကောင်းတယ်ပေါ့။ ဈေးကွက်အတွင်းမှာ ပြည်ပကြက်သွန်ဖြူတွေအ၀င်များတော့ မိရိုးဖလာမြန်မာကြက်သွန် ဖြူတွေ ဈေးကွက်ပျက်ပြီး ပွဲရုံတွေ မှာ လက်ကျန်များတယ်။ လက်ရှိပေါက်ဈေးက တစ်ပိဿာ ၃၀၀ ကနေ ၇၀၀ ထိပဲရတယ်။ မနှစ်က တစ်ပိဿာ ၂၀၀၀ လောက်ထိ ဈေးရခဲ့ဖူးတယ်။ အခု ကြက်သွန်ဖြူ ပြန်စိုက်နေကြပြီဆိုတော့ နောက်ဆုံးရာသီလို့ပြောရတယ်။ အသစ်မကုန်ခင် လက်ကျန်တွေများနေလို့ ကုန်သည်တွေစိတ်ပျက် နေပြီ။ အသစ်ပေါ်စက လှောင်ထားတဲ့သူတွေဆို ပိဿာတစ်ရာ လှောင်ရင် အခုချိန်ဆို ပိဿာသုံးဆယ်လောက်တော့ လျော့နေပြီ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ဖြူအဓိကတင်ပို့ရောင်းချသော ကိုကျော်မင်းလွင်ကပြောသည်။
၎င်းပြောသကဲ့သို့ပင် ကြက်သွန်ဖြူဈေးကွက်ပျက်မှုကြောင့်
တောင်သူများသာမက ကုန်လှောင်၍ပြန်လည်ရောင်းချသော ကုန်သည်များလည်း ဆုံးရှုံးမှုများသည်။

ယောနယ်၊ ဆောနယ်နှင့် ကြက်သွန်ဖြူစိုက်ပျိုးသော ဒေသများတွင်
နှစ်စဉ်ဆောင်းကာလ နတ်တော်လတွင် ကြက်သွန်ဖြူစိုက်ပျိုးပြီး 
တပေါင်းလတွင် ဖော်သည်။ အညာတွင် ကြက်သွန်ဖြူဈေးကွက်မှာ ပခုက္ကူမြို့မှာ အဓိကဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မုံရွာ၊ မော်လမြိုင် စသော နိုင်ငံတစ်ဝန်းသို့ ဆက်လက်ဖြန့်ဖြူးသည်။ ရှမ်းကြက်သွန်ဖြူများမှာ ရှမ်းပြည်နယ်နှင့် မန္တလေး၊ ရန်ကုန် စသော ဒေသများကို ဖြန့်ဖြူးသည်။

ထို့ကြောင့် ပြည်တွင်း၌စိုက်ပျိုးသော သီးနှံဖြစ်၍ တောင်သူများ အကျိုးရှိရန် ပြည်ပမှ တင်သွင်းခွင့် မပြုသင့်ဟု ဆိုသူများ လည်းရှိသည်။ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရန်အတွက် ပြည်ပမှ တင်သွင်းသင့်သည်ဟု ဆိုသူများလည်းရှိသည်။

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားမ၀င် ၀င်ရောက်နေသော ကြက်သွန်ဖြူများကို ယခုအခါ တရားဝင်သွင်းကုန်လိုင်စင် ခွင့်ပြု၍ တင်သွင်းခွင့်ပြုရန် ကြက်သွန်နီ/ဖြူ၊ စားဖိုဆောင်သီးနှံ အသင်းကို သဘောထားတောင်းခံထားသည်။ အသင်းက တရားဝင် တင်သွင်းခွင့်ပြုပါက အခွန်ကောက်ပြီး ပမာဏ ကန့်သတ်ရန်၊ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရန် အကြံပြုထားသည်။

သို့သော် အဆိုပါအသင်းမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ နည်းပြီး ပွဲရုံပိုင်ရှင်နှင့် ကုန်သည်များသာ များပြားသည့်အတွက် အများစုမှာ တရုတ်ကြက်သွန်ဖြူ ဈေးကွက်လွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှု ကိုယ်တိုင်ကြုံတွေ့မှုနည်းသည်။ 

အဓိကနစ်နာနေသည်မှာ တောင်သူများဖြစ်သည့်အတွက် စိုက်ပျိုးသူများ အရှုံးသက်သာရန် တရုတ်ကြက်သွန်ဖြူအ၀င်ကို ဖြစ်နိုင်ပါက တင်သွင်းခွင့်မပြုရန် (သို့ မဟုတ်) ပမာဏအနည်းငယ်ကိုသာ တင်သွင်းခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်အချို့နှင့်တောင်သူများ
ကပြောကြားသည်။

“ဘိုးဘွားလက်ထက်ကတည်းက မိုးဆိုစပါးစိုက်၊  ဆောင်းဆို
မြေပဲစိုက်၊ ဆောင်းအကုန် ကြက်သွန်ဖြူစိုက်ဆိုတာ မိရိုးဖ လာစိုက်ပျိုးရေးပါ။ သက်တမ်းတစ်လျှောက် ကြက်သွန်ဖြူနဲ့ စားဝတ်နေရေးအဆင်ပြေလာတာ ကြာပါပြီ။ တရုတ်ကြက်သွန်ဖြူ တွေဝင်လို့ တောင်သူတွေရှုံးတယ်
ဆိုပေမယ့် ပြည်တွင်းစားသုံးသူတွေအနေနဲ့ မြန်မာကြက်သွန်ဖြူကို အားပေးနေတယ်ဆိုရင် ရှုံးတာ မြတ်တာထက် မိရိုးဖလာဆက်စိုက်
နေဦးမှာပါ” ဟု ကိုလင်းစိုးက ဆိုသည်။ အလားတူ ကြက်သွန်ဖြူစိုက်ပြီး ကျပ်သိန်းနှစ်ဆယ် အရှုံးပေါ်နေသော အသက် ၃၇ နှစ်အရွယ် ကိုဝင်းမောင်တစ်ယောက်ကလည်း သူ၏အစီအစဉ်ကို အောက်
ပါအတိုင်းပြောသည်။

“ပြည်ပကိုလည်း မြန်မာကြက်သွန်ဖြူတွေတင်ပို့ခွင့်ရမယ်ဆိုရင် ကြက်သွန်ဖြူဈေး ခေါင်းမော့လာနိုင်မယ်လို့ ထင်တယ်။ တောင်သူတွေ
အားလုံးက ဈေးကွက်ဝယ်လိုအားနည်းလို့ဆိုပြီး ပြောင်းစိုက်မှာမဟုတ်ဘူး။ ကြက်သွန်ဖြူကို မိရိုးဖလာအနေနဲ့ စိုက်ကြဦးမယ်”။ 

ရေးသားသူ- မျိုးမင်းဦး၊ ဆွေမွန်၊ ရဲနောင်
7Day News Journal

ယောမြို့နယ် တေးရွာမှကြက်သွန်ဖြူစိုက် တောင်သူကိုဝင်းမောင် တစ်ယောက် အားသွန်ခွန်စိုက် ကြက်သွန်ဖြူစိုက်ပျိုးပြီးနောက် စာရင်းချုပ်လိုက်သောအခါ ကျပ်သိန်းနှစ်ဆယ်ကျော် ရှုံးနေသည်။ သူ၏လယ်ကွက် ၁၅ ကွက်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ သော ကြက်သွန်ဖြူများမှာ ယခုအခါ ရွာတွင် တစ်ပိဿာသုံးရာဈေးဖြင့်ရောင်းသော်လည်း ၀ယ်သူမရှိဖြစ်နေသည်။

ကြက်သွန်ဖြူစိုက်၍ အထွက်ကောင်းသော်လည်း ဈေးမကောင်း၍ အရှုံးပေါ်နေသူမှာ ကိုဝင်းမောင် တစ်ယောက်တည်းမဟုတ်ပါ။မကွေးတိုင်းဒေသကြီး ဆောမြို့နယ်နှင့် ယောမြို့နယ်ရှိ ယောချောင်းတစ်လျှောက် တေးရွာ၊ စမ်းရေခုံးကျေးရွာ၊ ရေရှင်၊ တောင်ထက်၊ ပြင်လယ်၊ ကံကြီး၊ လယ်ဆော၊ နော်ရွာ စသော ကျေးရွာများရှိ ကြက်သွန်ဖြူစိုက်တောင် သူအများစုမှာလည်း အလားတူ ယခုနှစ်တွင် အရှုံးပေါ်သည်။
ယောမြို့နယ်သာမက ဆောမြို့နယ်အောက်ရှိ ကျောက်ထုမြို့နယ်ခွဲနှင့်အခြားကြက်သွန်ဖြူ အဓိက စိုက်ပျိုး ရာဖြစ်သော တောင်ကြီးမြို့နယ် အပါအ၀င် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင်လည်း အလားတူဖြစ်သည်။

“ကြက်သွန်ဖြူဈေးက တစ်ပိဿာ ၄၅၀၊ ၅၀၀ ကျပ်ကို ၀ယ်သူမရှိဘူး။ စိုက်ပျိုးစရိတ်က တစ်ပိဿာ ၈၅၀လောက်ကျတယ်။အများစုကဈေးတက်နိုးတက်နိုးနဲ့စောင့်ရင်းရှုံးနေတာ”ဟု ယောမြို့နယ်တောခလွန်ေ ကျးရွာမှ ကိုလင်းစိုးကပြောသည်။

ထိုသို့ ကြက်သွန်ဖြူဝယ်လိုအားနည်းပြီး ဈေးပြုတ်ကျကာ တောင်သူများ အရှုံးပေါ်နေသည့် အဓိက အကြောင်းအရင်းတစ်ခုမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံမှ ကြူကုတ်ဟု အလွယ်ခေါ်သော တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးခြင်းဖြစ်သည်။ ထို့အပြင် ယခင်နှစ် ကဈေးကောင်း ၍ ယခုနှစ်တွင် စိုက်ပျိုးမှုများပြီး အထွက်တိုးခဲ့ခြင်းမှာလည်း ဈေးကျခြင်း၏ အချက်တစ်ချက်ဖြစ်သည်။

“တောင်သူကတော့ ရှုံးတယ်။ သူရတာအများဆုံး ၅၀၀ လောက်ပဲ။ ရန်ကုန်ရောက်လည်း ရှမ်းကြက်သွန်ဖြူ ကို ၀ယ်မယ့်သူကို မရှိတာ။ရောင်းအားက တစ်ဖြည်းဖြည်းကျလာတယ်။ ကြက်သွန်ဖြူက ၀ယ်လိုအား နည်းတယ်။ ရာသီက ကုန်ကာနီးပြီ လက်ကျန် တွေကများသေးတယ်။ ဒီအချက်တွေကြောင့် ဈေး ကျတာပေါ့” ဟု မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ ထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်းပြောသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ ပြည်တွင်းဈေးကွက်သို့ ဖြည်းဖြည်းချင်း ၀င်ရောက်လာသော တရုတ် ကြက်သွန်ဖြူများမှာအရွယ်ကြီးမှု၊အခွံနွှာရန်လွယ်ကူမှု၊ ရောင်းပန်းလှမှုတို့ကြောင့် မြန်မာများက အထူး အားပေးကာ ဈေးကွက်ပိုမို ရရှိလာသည်။ ထို့ကြောင့် ယခုအခါ ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို ကြူကုတ် ကြက်သွန်ဖြူများက ဈေးကွက်ရရှိထားပြီဖြစ်ကြောင်း ကြက်သွန်ဖြူဈေး ကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

သို့သော် မြန်မာကြက်သွန်ဖြူတွင်လည်း အားသာချက်များရှိပါသည်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုမှာ တရုတ်နှင့်စာလျှင်များစွာလျော့နည်းပြီး သဘာဝနှင့် ပိုမိုနီးစပ်အောင် စိုက်ပျိုးထား၍ ကျန်းမာရေး အတွက် သင့်လျော်ခြင်း၊ အရွယ်သေးသော်လည်း အနံ့၊ အရသာတို့မှာ ကြူကုတ်ထက်များ စွာသာ လွန်သည်။

မြန်မာနိုင်ငံ၏ အဓိကကောက်ပဲသီးနှံ ဈေးကွက်ဖြစ်သော ဘုရင့်နောင်ဈေးတွင် ဒီဇင်ဘာ တတိယပတ်၌ လက်ကားဈေး ကြူကုတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် ဈေးရှိသည်။ ပြည်တွင်း ကြက်သွန်ဖြူ များမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ၀န်းကျင်မှ ဈေးအများဆုံး ကျပ် ၁၂၀၀ ၀န်းကျင်သာရှိသည်။

“အစိုက်များလို့ ဈေးမကောင်းပါဘူးလို့ ဆိုနေမှ တရုတ်ဘက်က ကြက်သွန်ဖြူကို ကုန်သည်တွေက သွင်းတော့ တောင်သူတွေ အရှုံးပိုများတာပေါ့။ ဒီနှစ်တော့ အိမ်က ကြက်သွန်ဖြူမျိုးလေး မတုံးအောင်တော့ စိုက်တယ်။အရင်နှစ်ကလိုအားကျမခံစီးပွားဖြစ်တော့မစိုက်တော့ဘူး”ဟု ပေါက်မြို့နယ် ညောင်ဝန်းပေါက် ကျေးရွာမှတောင်သူမ၀င်းနွယ်သင်းကလည်းဆိုသည်။

“အရင်နှစ်တုန်းက ကျွန်တော့်ရဲ့ပွဲရုံမှာ ကုန်ပိဿာတစ်သိန်းဝန်းကျင်ပဲ ၀င်တာ။ ဒီနှစ်တော့ နှစ်သိန်းကျော် ထိဝင်တယ်။ဒေသနဲ့တွက်ရင်အထွက်ကောင်းတယ်ပေါ့။ ဈေးကွက်အတွင်းမှာ ပြည်ပကြက်သွန်ဖြူတွေအ၀င်များတော့ မိရိုးဖလာမြန်မာကြက်သွန်ဖြူတွေ ဈေးကွက်ပျက်ပြီး ပွဲရုံတွေမှာ လက်ကျန်များတယ်။ လက်ရှိပေါက်ဈေးက တစ်ပိဿာ ၃၀၀ ကနေ ၇၀၀ ထိပဲရတယ်။ မနှစ်က တစ်ပိဿာ ၂၀၀၀ လောက်ထိ ဈေးရခဲ့ဖူးတယ်။ အခု ကြက်သွန်ဖြူ ပြန်စိုက်နေကြပြီဆိုတော့ နောက်ဆုံးရာသီလို့ပြောရတယ်။ အသစ်မကုန်ခင် လက်ကျန်တွေ များနေလို့ ကုန်သည်တွေစိတ်ပျက် နေပြီ။ အသစ်ပေါ်စက လှောင်ထားတဲ့သူတွေဆို ပိဿာ တစ်ရာ လှောင်ရင် အခုချိန်ဆို ပိဿာသုံးဆယ်လောက်တော့ လျော့နေပြီ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ဖြူ အဓိကတင်ပို့ရောင်းချသောကိုကျော်မင်းလွင်ကပြောသည်။၎င်းပြောသကဲ့သို့ပင်ကြက်သွန်ဖြူဈေးကွက်ပျက်မှုကြောင့်
တောင်သူများသာမက ကုန်လှောင်၍ပြန်လည်ရောင်းချသော ကုန်သည်များလည်း ဆုံးရှုံးမှုများသည်။

ယောနယ်၊ ဆောနယ်နှင့် ကြက်သွန်ဖြူစိုက်ပျိုးသော ဒေသများတွင်နှစ်စဉ်ဆောင်းကာလ နတ်တော်လတွင် ကြက်သွန်ဖြူစိုက်ပျိုးပြီးတပေါင်းလတွင် ဖော်သည်။ အညာတွင် ကြက်သွန်ဖြူဈေးကွက်မှာ ပခုက္ကူမြို့မှာ အဓိကဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မုံရွာ၊ မော်လမြိုင် စသော နိုင်ငံတစ်ဝန်းသို့ ဆက်လက်ဖြန့်ဖြူးသည်။ ရှမ်းကြက်သွန်ဖြူများမှာ ရှမ်းပြည်နယ်နှင့် မန္တလေး၊ ရန်ကုန် စသော ဒေသများကို ဖြန့်ဖြူးသည်။

ထို့ကြောင့် ပြည်တွင်း၌စိုက်ပျိုးသော သီးနှံဖြစ်၍ တောင်သူများ အကျိုးရှိရန် ပြည်ပမှ တင်သွင်းခွင့် မပြုသင့်ဟု ဆိုသူများ လည်းရှိသည်။ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရန် အတွက် ပြည်ပမှ တင်သွင်းသင့်သည်ဟု ဆိုသူများလည်းရှိသည်။

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားမ၀င် ၀င်ရောက်နေသော ကြက်သွန်ဖြူများကို ယခုအခါ တရားဝင်သွင်းကုန်လိုင်စင် ခွင့်ပြု၍ တင်သွင်းခွင့်ပြုရန် ကြက်သွန်နီ/ဖြူ၊ စားဖိုဆောင်သီးနှံ အသင်းကို သဘောထားတောင်းခံထားသည်။ အသင်းက တရားဝင် တင်သွင်းခွင့်ပြုပါက အခွန်ကောက်ပြီး ပမာဏ ကန့်သတ်ရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရန် အကြံပြုထားသည်။

သို့သော် အဆိုပါအသင်းမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ နည်းပြီး ပွဲရုံပိုင်ရှင်နှင့် ကုန်သည်များသာ များပြားသည့်အတွက် အများစုမှာ တရုတ်ကြက်သွန်ဖြူ ဈေးကွက်လွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှု ကိုယ်တိုင် ကြုံတွေ့မှုနည်းသည်။

အဓိကနစ်နာနေသည်မှာ တောင်သူများဖြစ်သည့်အတွက် စိုက်ပျိုးသူများ အရှုံးသက်သာရန် တရုတ်ကြက်သွန်ဖြူအ၀င်ကို ဖြစ်နိုင်ပါက တင်သွင်းခွင့်မပြုရန် (သို့ မဟုတ်) ပမာဏအနည်းငယ်ကိုသာ တင်သွင်းခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်အချို့နှင့်တောင်သူများကပြောကြားသည်။

“ဘိုးဘွားလက်ထက်ကတည်းက မိုးဆိုစပါးစိုက်၊ ဆောင်းဆိုမြေပဲစိုက်၊ ဆောင်းအကုန် ကြက်သွန်ဖြူစိုက်ဆို တာ မိရိုးဖ လာစိုက်ပျိုးရေးပါ။ သက်တမ်းတစ်လျှောက် ကြက်သွန်ဖြူနဲ့ စားဝတ်နေရေးအဆင်ပြေလာတာ ကြာပါပြီ။ တရုတ်ကြက်သွန်ဖြူ တွေဝင်လို့ တောင်သူတွေရှုံးတယ်ဆိုပေမယ့် ပြည်တွင်း စားသုံးသူတွေ အနေနဲ့ မြန်မာကြက်သွန်ဖြူကို အားပေးနေတယ်ဆိုရင် ရှုံးတာ မြတ်တာထက် မိရိုးဖလာဆက်စိုက်နေဦး မှာပါ” ဟု ကိုလင်းစိုးက ဆိုသည်။ အလားတူ ကြက်သွန်ဖြူစိုက်ပြီး ကျပ်သိန်းနှစ်ဆယ် အရှုံးပေါ်နေသော အသက် ၃၇ နှစ်အရွယ် ကိုဝင်းမောင်တစ်ယောက်ကလည်း သူ၏အစီအစဉ်ကို အောက်ပါအတိုင်းပြော သည်။ “ပြည်ပကိုလည်း မြန်မာကြက်သွန်ဖြူတွေတင်ပို့ခွင့်ရမယ်ဆိုရင် ကြက်သွန်ဖြူဈေး ခေါင်းမော့ လာနိုင်မယ်လို့ ထင်တယ်။ တောင်သူတွေအားလုံးက ဈေးကွက်ဝယ်လို အားနည်းလို့ဆိုပြီး ပြောင်း စိုက်မှာ မဟုတ်ဘူး။ ကြက်သွန်ဖြူကို မိရိုးဖလာအနေနဲ့ စိုက်ကြဦးမယ်”။
7Day News Journal

No comments:

Post a Comment

My Blog List