Thursday, December 20, 2012

သံတွဲနှင့်မြောက်ဦးတွင် WCDMA ဖုန်း အသုံးပြုနိုင်တော့မည်

Photo: သံတွဲနှင့်မြောက်ဦးတွင် WCDMA ဖုန်း အသုံးပြုနိုင်တော့မည်
Wednesday, December 19, 2012

ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်မှုများသည့်  သံတွဲနှင့်
မြောက်ဦးမြို့နယ်တို့တွင် WCDMAဖုန်းများကို မကြာမီသုံးစွဲနိုင်တော့မည်
ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

စစ်တွေမြို့  တစ်မြို့တည်းသာ အသုံးပြု၍ရသော WCDMA ဖုန်းကို မြောက်ဦးနှင့် သံတွဲမြို့နယ် တို့တွင် အသုံးပြုနိုင်ရန် စက်ကိရိယာများကို တပ်ဆင်ပေးသွားမည်ဟု သိရသည်။

ပြည်နယ်အတွင်း၌ GSM၊CDMA၊WCDMA ဖုန်းများ အသုံးပြုနေသော်လည်း WCDMA ဖုန်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ယင်းWCDMAဖုန်းများအား အလွယ်တကူသုံးစွဲနိုင်ရန်အတွက် စစ်တွေမြို့အပြင် ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှု များပြားသည့် သံတွဲနှင့်မြောက်ဦးမြို့တို့တွင်လည်း ထပ်မံတပ်ဆင်
ပေးသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်   GSM ဖုန်းများသုံးစွဲနိုင်ရန်   တာဝါတိုင် ၄၇ ခု
တည်ဆောက်ရန် လျာထားရာ လက်ရှိတွင်  (၄၂ )ခု တည်ဆောက်ပြီး
ဖြစ်သည်။

ထို့အပြင် CDMA သုံးစွဲနေသူ အများစုမှာ  အင်တာနက် အသုံးပြု၍ အဆင်ပြေသော WCDMA၊ GSM ဖုန်းများကို အသုံးပြုရန် စိတ်ဝင်စား
နေသလို CDMA ဖုန်းများအား ပြန်လည်ရောင်းချသူများလည်း ရှိလာသည်။

''ကျွန်တော့်ဖုန်းက CDMA 450 MHz ဆိုတော့အင်တာနက် မရဘူး၊  အခု အသုံးများနေကြတဲ့ GSM၊WCDMA တို့ဆိုရင်  အင်တာနက် သုံးရတာလည်း အဆင်ပြေတယ်''ဟုစစ်တွေမြို့မှလူငယ် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တဝန်းကျေးရွာပေါင်း (၅၀၀)ခန့်၌ ကျပ်နှစ်သိန်းတန် GSM ဖုန်းများအသုံးပြုနိုင်ပြီဖြစ်ရာ   ကျေးလက်နေပြည်သူ များအတွက်
နှစ်သိန်းတန်  GSM ဖုန်းများကို  အောက်တိုဘာလမှစ၍ အရစ်ကျ
ရောင်းချခဲ့သည်။

နှစ်သိန်းတန်GSMဖုန်းများ အရစ်ကျဝယ်ယူရာတွင် နိုင်ငံတော်၏  ဖုန်းကတ်
ဈေးနှုန်း အပြောင်းအလဲ ရှိလာလျှင်   ၄င်းဈေးနှုန်းအပြောင်းအလဲ
အတိုင်းသာပေးသွင်းရမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုထားသည်။

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
Myit Makha Mediagroup

ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်မှုများသည့် သံတွဲနှင့် မြောက်ဦးမြို့နယ်တို့တွင် WCDMAဖုန်း များကို မကြာမီသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
စစ်တွေမြို့ တစ်မြို့တည်းသာ အသုံးပြု၍ရသော WCDMA ဖုန်းကို မြောက်ဦးနှင့် သံတွဲမြို့နယ် တို့တွင် အသုံးပြုနိုင်ရန် စက်ကိရိယာများကို တပ်ဆင်ပေးသွားမည်ဟု သိရသည်။

ပြည်နယ်အတွင်း၌ GSM၊CDMA၊WCDMA ဖုန်းများ အသုံးပြုနေသော်လည်း WCDMA ဖုန်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယင်းWCDMAဖုန်းများအား အလွယ်တကူသုံးစွဲနိုင်ရန်အတွက် စစ်တွေမြို့အပြင် ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှု များပြားသည့် သံတွဲနှင့်မြောက်ဦးမြို့တို့တွင်လည်း ထပ်မံတပ်ဆင်ပေးသွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် GSM ဖုန်းများသုံးစွဲနိုင်ရန် တာဝါတိုင် ၄၇ ခုတည်ဆောက်ရန် လျာထားရာ လက်ရှိတွင် (၄၂ )ခု တည်ဆောက်ပြီးဖြစ်သည်။ထို့အပြင် CDMA သုံးစွဲနေသူ အများစုမှာ အင်တာနက် အသုံးပြု၍ အဆင်ပြေသော WCDMA၊ GSM ဖုန်းများကို အသုံးပြုရန် စိတ်ဝင်စားနေသလို CDMA ဖုန်းများ အား ပြန်လည်ရောင်းချသူများလည်း ရှိလာသည်။
''ကျွန်တော့်ဖုန်းက CDMA 450 MHz ဆိုတော့အင်တာနက် မရဘူး၊ အခု အသုံးများနေကြတဲ့ GSM၊WCDMA တို့ဆိုရင် အင်တာနက် သုံးရတာလည်း အဆင်ပြေတယ်''ဟုစစ်တွေမြို့မှလူငယ် တစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်တဝန်းကျေးရွာပေါင်း (၅၀၀)ခန့်၌ ကျပ်နှစ်သိန်းတန် GSM ဖုန်းများ အသုံးပြုနိုင်ပြီဖြစ်ရာ ကျေးလက်နေပြည်သူ များအတွက်နှစ်သိန်းတန် GSM ဖုန်းများကို အောက်တိုဘာလ မှစ၍ အရစ်ကျရောင်းချခဲ့သည်။
နှစ်သိန်းတန်GSMဖုန်းများ အရစ်ကျဝယ်ယူရာတွင် နိုင်ငံတော်၏ ဖုန်းကတ်ဈေးနှုန်း အပြောင်းအလဲ ရှိလာလျှင် ၄င်းဈေးနှုန်းအပြောင်းအလဲအတိုင်းသာပေးသွင်းရမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုထားသည်။


No comments:

Post a Comment

My Blog List