Friday, December 21, 2012

မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။

Photo: မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။
Friday, 21 December 2012 

ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန်ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်း
ကြောက်လန့်တကြား ပြင်ဆင်နေကြပါတယ်။

မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာ
ကို အဓိပ္ပါယ်ကောက်ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရာမှာ ကုန်ပစ္စည်းအရောင်းတွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။

တရုတ်နဲ့ ရုရှနိုင်ငံတွေမှာ လူတွေ ဖယောင်းတိုင်နဲ့ အရေးပေါ်ပစ္စည်းတွေ
ပြေးလွှား ၀ယ်ယူကြတာရှိသလို အမေရိကန်နိုင်ငံမှာလည်း အရေးပေါ် ခိုလုံနိုင်တဲ့ရွက်ဖျဉ်တဲအရောင်းကလည်း ဘယ်တုန်းကနဲ့မှမတူအောင် အရောင်းစံချိန် တင်သွားခဲ့ပါတယ်။ ပြင်သစ်မှာ ဒီအဆိုကို ယုံကြတဲ့သူတွေက
ဂြိုလ်သားတွေ လာကယ်လိမ့်မယ်လို့ ယူဆတဲ့ တောင်တွေမှာ ပုန်းအောင်း ဖို့ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။

မြေအောက်ခိုလုံရာ လှိုင်ခေါင်းကို ခေတ်မှီနည်းစနစ်တွေနဲ့ ဆောက်လုပ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကတော့ စီးပွားရေး အကျိုးအမြတ် အင်မတန် များခဲ့တယ်လို့ ဆိုပါတယ်။

ရုရှနိုင်ငံက နိုဗိုကုဇနက်မြို့မှာ ကာလဟာလတွေကြောင့် ဓာတ်မီးတွေ၊
ရေနွေးဓာတ်ဗူးတွေ၊ မီးအိမ်တွေ၊ တခုမှမကျန်တော့အောင်
ကြောက်လန့်တကြားဝယ်ကြ၊ စုကြ ဖြစ်လာတဲ့အတွက် ရုရှဝန်ကြီးချုပ် မီဗေဒေ ကတောင် ကမ္ဘာပျက်မယ်ဆိုတဲ့ကောလဟာလကို သူမယုံဘူးလို့ ၀င်ပြောရတဲ့အထိ ဖြစ်လာပါတယ်။ အနဲဆုံးတော့ ဒီနှစ်မှာ မဖြစ်နိုင်ဘူးတဲ့။

တရုတ်ပြည်မှာ ရှန်ဟိုင်းထောင်ထဲက ထောင်ကျတယောက်က
နောက်ဆုံး အချိန်မှာ အလှူလုပ်သင့်တယ်ဆိုပြီး တခြားအကျဉ်းသားတွေ ဆီက စုဆောင်းငွေ လိမ်ညာယူတဲ့အမှု ဖြစ်ခဲ့တယ်လို့လည်း ကြားရပါတယ်။

တချိန်က မာယန်ယဉ်ကျေးမှု လွှမ်းခဲ့တဲ့ မက္ကစီကိုနိုင်ငံမှာတော့ ကမ္ဘာ့နောက်ဆုံးအချိန်ဆိုတဲ့ တဘောင်ကို အခွင့်အရေးတခု အနေနဲ့
မြင်ပုံရပါတယ်။ မာယန်နဲ့ ပတ်သက်တာ မှန်သမျှ အရုပ်ကအစ ပွဲတွေလမ်းတွေ ရောင်းကုန်တွေ၊ ခရီးစဉ်တွေ အကုန်လုံး ပြင်ဆင် ထုတ်လုပ်ပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွယ်တော့တာပါပဲ။ အဲဒီတော့ ဒီနှစ် မက္ကစီကို ကိုလာတဲ့ ခရီးသည်ဟာ အရင်နှစ်တွေကထက် အနဲဆုံး ၂ ဆတိုးသွားခဲ့ပါတယ်။

နာဆာ (NASA) အာကာသ စူးစမ်းတဲ့အဖွဲ့က ဒီကောလာဟာလတွေ မဟုတ်တဲ့အကြောင်း မဖြစ်နိုင်တဲ့အကြောင်း ကြိုးစားပြီး ရှင်းလင်းခဲ့ပါတယ်။ ကမ္ဘာကို လာရောက်ရိုက်ခတ်မယ်ဆိုတဲ့ အရာကို မတွေ့ရကြောင်း ရှင်းပြခဲ့ပေမဲ့ သူတို့ဆီကို ကလေးလူကြီး တွေက ဆက်သွယ်လာပြီး ဇာတ်လမ်းမျိုးစုံပြောတာ ကြုံရတယ်လို့ ပြောပါတယ်။

အံ့သြစရာကောင်းတာကတော့ မာယန်ပြက္ခဒိန်ကို အဓိပ္ပါယ်ကောက်ပြီး ကမ္ဘာအနှံ့က လူတချို့ ဒီလောက်အထိ သွေးပျက်ခြောက်ခြားနေပေမဲ့
မောယန်တွေ ကိုယ်တိုင်ကတော့ အေးအေးဆေးဆေးပါပဲတဲ့။
သူတို့က ကမ္ဘာကြီး ပျက်သုန်းမယ်ဆိုတဲ့ အရိပ်လက္ခဏာ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။

မာယန်လူမျိုးစုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ပေဒရို စာလက်စ်တီနို ရာနိုခ်ျ က ဂျူးဘားမှာပြုလုပ်တဲ့ ပြက္ခဒိန်ကုန်ဆုံးရက်ဖြစ်တဲ့ ၂၁ ရက်နေ့ အခန်းအနားမှာ သစ်စေ့နဲ့ သစ်သီးတွေကို မီးရှို့ အထိမ်းအမှတ်ပြုခဲ့ပါတယ်။ ၂၁ ရက်နေ့ဟာ ပြက္ခဒိန်ဟောင်းကို နှုတ်ဆက်ကျေးဇူးတင်ကြောင်း
ပြောတဲ့နေ့ ဖြစ်ပြီး ၂၂ ရက်နေ့ဟာ ပြက္ခဒိန်သစ် စတင်တဲ့ နေ့သစ်ကို ကြိုဆိုတဲ့ နေ့ရက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်တဲ့။

(ဓာတ်ပုံ- ဂျူးဘား နိုင်ငံ ဟာဗာနာမြို့ အရှေ့ဘက်က ဘာကူရာနောင် ကမ်းခြေမှာကျင်းပတဲ့ မာယန်ဓလေ့ ရိုးရာပွဲတခုမှာ ဂျူးဘားနိုင်ငံသားတွေ ပါဝင်ဆင်နွဲနေတဲ့ပုံပါ (အေအက်ပီ)

Burma-Newselite
ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန်ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်း  ကြောက်လန့် တကြား ပြင်ဆင်နေကြပါတယ်။

မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာကို အဓိပ္ပါယ်ကောက် ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရာမှာ ကုန်ပစ္စည်းအရောင်းတွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။
တရုတ်နဲ့ ရုရှနိုင်ငံတွေမှာ လူတွေ ဖယောင်းတိုင်နဲ့ အရေးပေါ်ပစ္စည်းတွေပြေးလွှား ၀ယ်ယူကြတာရှိသလို အမေရိကန်နိုင်ငံမှာလည်း အရေးပေါ် ခိုလုံနိုင်တဲ့ရွက်ဖျဉ်တဲအရောင်းကလည်း ဘယ်တုန်းကနဲ့မှမတူအောင် အရောင်းစံချိန် တင်သွားခဲ့ပါတယ်။ ပြင်သစ်မှာ ဒီအဆိုကို ယုံကြတဲ့သူတွေကဂြိုလ်သားတွေ လာကယ်လိမ့်မယ်လို့ ယူဆတဲ့ တောင်တွေမှာ ပုန်းအောင်း ဖို့ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။

မြေအောက်ခိုလုံရာ လှိုင်ခေါင်းကို ခေတ်မှီနည်းစနစ်တွေနဲ့ ဆောက်လုပ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကတော့ စီးပွားရေး အကျိုးအမြတ် အင်မတန် များခဲ့တယ်လို့ ဆိုပါတယ်။ ရုရှနိုင်ငံ က နိုဗိုကုဇနက်မြို့မှာ ကာလဟာလတွေကြောင့် ဓာတ်မီးတွေ၊ရေနွေးဓာတ်ဗူးတွေ၊ မီးအိမ်တွေ၊ တခုမှမကျန်တော့အောင်ကြောက်လန့်တကြားဝယ်ကြ၊ စုကြ ဖြစ်လာတဲ့အတွက် ရုရှဝန်ကြီးချုပ် မီဗေဒေ ကတောင် ကမ္ဘာပျက်မယ်ဆိုတဲ့ကောလဟာလကို သူမယုံဘူးလို့ ၀င်ပြောရတဲ့အထိ ဖြစ်လာပါတယ်။ အနဲဆုံးတော့ ဒီနှစ်မှာ မဖြစ်နိုင်ဘူးတဲ့။

တရုတ်ပြည်မှာ ရှန်ဟိုင်းထောင်ထဲက ထောင်ကျတယောက်ကနောက်ဆုံး အချိန်မှာ အလှူလုပ်သင့်တယ် ဆိုပြီး တခြားအကျဉ်းသားတွေ ဆီက စုဆောင်းငွေ လိမ်ညာယူတဲ့အမှု ဖြစ်ခဲ့တယ်လို့လည်း ကြားရပါတယ်။

တချိန်က မာယန်ယဉ်ကျေးမှု လွှမ်းခဲ့တဲ့ မက္ကစီကိုနိုင်ငံမှာတော့ ကမ္ဘာ့နောက်ဆုံးအချိန်ဆိုတဲ့ တဘောင်ကို အခွင့်အရေးတခု အနေနဲ့မြင်ပုံရပါတယ်။ မာယန်နဲ့ ပတ်သက်တာ မှန်သမျှ အရုပ်ကအစ ပွဲတွေ လမ်းတွေ ရောင်းကုန်တွေ၊ ခရီးစဉ်တွေ အကုန်လုံး ပြင်ဆင် ထုတ်လုပ်ပြီးတော့ ကမ္ဘာလှည့်ခရီး သွားတွေကို ဆွယ်တော့တာပါပဲ။ အဲဒီတော့ ဒီနှစ် မက္ကစီကို ကိုလာတဲ့ ခရီးသည်ဟာ အရင်နှစ်တွေကထက် အနဲဆုံး ၂ ဆတိုးသွားခဲ့ပါတယ်။

နာဆာ (NASA) အာကာသ စူးစမ်းတဲ့အဖွဲ့က ဒီကောလာဟာလတွေ မဟုတ်တဲ့အကြောင်း မဖြစ်နိုင်တဲ့အကြောင်း ကြိုးစားပြီး ရှင်းလင်းခဲ့ပါတယ်။ ကမ္ဘာကို လာရောက်ရိုက်ခတ်မယ်ဆိုတဲ့ အရာကို မတွေ့ရကြောင်း ရှင်းပြခဲ့ပေမဲ့ သူတို့ဆီကို ကလေးလူကြီး တွေက ဆက်သွယ်လာပြီး ဇာတ်လမ်းမျိုးစုံပြောတာ ကြုံရတယ်လို့ ပြောပါတယ်။

အံ့သြစရာကောင်းတာကတော့ မာယန်ပြက္ခဒိန်ကို အဓိပ္ပါယ်ကောက်ပြီး ကမ္ဘာအနှံ့က လူတချို့ ဒီလောက်အထိ သွေးပျက်ခြောက်ခြားနေပေမဲ့မောယန်တွေ ကိုယ်တိုင်ကတော့ အေးအေးဆေးဆေးပါပဲတဲ့။
သူတို့က ကမ္ဘာကြီး ပျက်သုန်းမယ်ဆိုတဲ့ အရိပ်လက္ခဏာ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။

မာယန်လူမျိုးစုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ပေဒရို စာလက်စ်တီနို ရာနိုခ်ျ က ဂျူးဘား မှာပြုလုပ် တဲ့ ပြက္ခဒိန်ကုန်ဆုံးရက်ဖြစ်တဲ့ ၂၁ ရက်နေ့ အခန်းအနားမှာ သစ်စေ့နဲ့ သစ်သီးတွေကို မီးရှို့ အထိမ်းအမှတ်ပြုခဲ့ပါတယ်။၂၁ရက်နေ့ဟာ ပြက္ခဒိန်ဟောင်းကို နှုတ်ဆက်ကျေးဇူးတင်ကြောင်းပြောတဲ့နေ့ ဖြစ်ပြီး ၂၂ ရက်နေ့ဟာ ပြက္ခဒိန်သစ် စတင်တဲ့ နေ့သစ်ကို ကြိုဆိုတဲ့ နေ့ရက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်တဲ့။

(ဓာတ်ပုံ- ဂျူးဘား နိုင်ငံ ဟာဗာနာမြို့ အရှေ့ဘက်က ဘာကူရာနောင် ကမ်းခြေမှာကျင်းပတဲ့ မာယန်ဓလေ့ ရိုးရာပွဲတခုမှာ ဂျူးဘားနိုင်ငံသားတွေ ပါဝင်ဆင်နွဲနေတဲ့ပုံပါ (အေအက်ပီ)

Burma-Newselite

No comments:

Post a Comment

My Blog List