Saturday, December 22, 2012

ပြည်သူနှင့်ထိထိရောက်ရောက် ထိတွေ့နိုင်ခြင်းမရှိသေးဟု မန်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ၀န်ခံ

Photo: ပြည်သူနှင့်ထိထိရောက်ရောက် ထိတွေ့နိုင်ခြင်းမရှိသေးဟု မန်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ၀န်ခံ
Friday, 21 December 2012 

၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်၁၀နာရီကမန္တလေးတိုင်းဒေသကြီး
လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဝင်းမောင်မှာ မန္တလေးမြို့ရှိ မီဒီယာများနှင့်
တွေ့ဆုံ၍ မန်းတိုင်းဒေသကြီး လွှတ်တော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍   တွေ့ဆုံရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြန်ကြားရေးမှ ဦးကျော်သန်းတို့အပါအ၀င် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြည်သူသည် ကျေးဇူးရှင်

လွှတ်တော်ဆိုသည်မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့်သူများစုဝေးရာအရပ် ဖြစ်ပြီး ထိုအစုအဝေးကို   ပြည်သူကရွေးချယ်တင်မြှောက်
လိုက်သည့်အတွက် ၎င်းတို့၏ကျေးဇူးရှင်သည် ပြည်သူများ ဖြစ်ကြောင်း ၊ ထို့ကြောင့်ပြည်သူကို ဦးထိပ်ထား၍ ပြည်သူ၏ အကျိုးစီးပွားကိုသာ
ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူနှင့်ထိတွေ့ရန်လိုအပ်

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူတို့၏အကျိုးစီးပွားကို ဆောင်ရွက်လိုလျှင် ပြည်သူနှင့် ထိတွေ့ရန် လိုအပ်သလို ပြည်သူနှင့်ထိတွေ့ပြီး သိရှိတွေ့ရှိလာသည့် အကြောင်းအရာများကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိဆောင်ရွက်ခဲ့သည်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြကာ အစီရင်ခံစာများ တင်ပြပေးရန် လိုအပ်ကြောင်းနှင့်    ပြည်သူ၏ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ပြီး ဖြေရှင်းပေးရန် လွှတ်တော်
ကိုယ်စားလှယ်များတွင် တိုက်ရိုက်တာဝန်ရှိသည်။

ထိရောက်သည့် ထိတွေ့မှုမဖြစ်သေး

လွှတ်တော်တိုင်း လွှတ်တော်တိုင်း၏ ဆောင်ပုဒ်သည် `` ပြည်သူ့အသံ လွှတ်တော်အသံ ၊ ပြည်သူ့ဆန္ဒ လွှတ် တော်ဆန္ဒ " ဖြစ်ပြီး ပြည်သူများ၏
အနာဂတ်ကာလ မျှော်လင့်ချက်များကို လွှတ်တော်က ဖော်ဆောင်ရမည်ဖြစ် ကာ ပြည်သူ့ဆန္ဒမျှော်လင့်  ချက်တွေကိုသိရှိရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းအနေဖြင့် သက်ဆိုင်ရာ နယ်မြေများကို ကွင်းဆင်းထိတွေ့ကြရန် လွှတ်တော်မှ မှာကြားထားပြီးဖြစ်ကြောင်း ၊ ထိုကဲ့သို့မှာကြားချက်နှင့် အညီ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်လည်း ထိတွေ့လျှက်ရှိကြောင်း ၊ သို့သော် ထိထိရောက်ရောက် ထိတွေ့ နိုင်ခြင်း မရှိသေးသည်ကို ၀န်ခံကြောင်းပြောကြားခဲ့သည်။

ဥပဒေပညာရှင်များထံမှ အကြံဥာဏ်ယူ

မိမိတို့အနေဖြင့် ဥပဒေပြုရေးကိုဆောင်ရွက်ရသည့်အလျှောက် ဥပဒေပညာရှင်များထံမှ အကြံဥာဏ်များ ရယူလျှက်ရှိကြောင်း ၊
ဆောင်ရွက်ထားသည်များကိုလည်း ဥပဒေပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ကြောင်း ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါတီစုံမှ
ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများလည်း ပြုလုပ်လျှက်
ရှိကြောင်း ၊ ထိုကဲ့သို့ပြုလုပ်ဆောင်ရွက်ထားသည် များကို မီဒီယာများသို့
တွေ့ဆုံတင်ပြသင့်သည်ဟု ယူဆ၍ ယခုလို တွေ့ဆုံတင်ပြရခြင်းဖြစ်ကြောင်း ဥက္ကဌ ဦးဝင်းမောင်က ပြောကြားခဲ့သည်။

လောကပါလတရားနှင့်အညီ

အားလုံးသိရှိပြီးသားဖြစ်သည့်အတိုင်း လွှတ်တော်မှထမ်းဆောင်သည့်
အဓိကတာဝန်များမှာ တစ်အချက် ဥပဒေပြုရေးတာဝန် ၊ နှစ်အချက် ခက်မသုံးဖြာနှင့် ပြည်သူများအကြား အချင်းချင်း အပြန်အလှန်ထိန်းညှိချင်း တာဝန်နှစ်ရပ်ကို ထမ်းဆောင်လျှက် ရှိကြောင်း ၊ မိမိတို့သည် ပြည်သူက
ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြစ်သည့်အတွက် စနစ်တကျဆောင် ရွက်ရန် တာဝန်ရှိကြောင်း ၊ ဥပဒေပြုရေးတာဝန်ကို အများသိပြီးသား ဖြစ်သည့် လောကပါလတရားအတိုင်း တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီမျှခြင်း ဆိုသည့် လောကပါလ တရားသုံးပါးကို အခြေခံကာ သတိထား ဆောင်ရွက်လျှက်ရှိကြောင်းများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့ပြီးနောက် မီဒီယာများမှ
မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup
၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်၁၀နာရီကမန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဝင်းမောင်မှာ မန္တလေးမြို့ရှိ မီဒီယာများနှင့် တွေ့ဆုံ၍ မန်းတိုင်းဒေသကြီး လွှတ်တော်၏ ဆောင်ရွက်မှု များနှင့် ပတ်သက်၍ တွေ့ဆုံရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြန်ကြားရေးမှ ဦးကျော်သန်းတို့အပါအ၀င် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။  ပြည်သူသည် ကျေးဇူးရှင် လွှတ်တော်ဆိုသည်မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့်သူများစုဝေးရာအရပ် ဖြစ်ပြီး ထိုအစုအဝေးကိုပြည်သူကရွေးချယ်တင်မြှောက်လိုက်သည့်အတွက်၎င်းတို့၏ကျေးဇူးရှင်သည် ပြည်သူများ ဖြစ်ကြောင်း ၊ထို့ကြောင့်ပြည်သူကိုဦးထိပ်ထား၍ပြည်သူ၏အကျိုးစီးပွားကိုသာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်သူနှင့်ထိတွေ့ရန်လိုအပ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူတို့၏အကျိုးစီးပွားကို ဆောင်ရွက်လိုလျှင် ပြည်သူနှင့် ထိတွေ့ရန် လိုအပ်သလို ပြည်သူနှင့်ထိတွေ့ပြီး သိရှိတွေ့ရှိလာသည့် အကြောင်းအရာ များကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိဆောင်ရွက်ခဲ့သည်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြကာ အစီရင်ခံစာများ တင်ပြပေးရန် လိုအပ်ကြောင်းနှင့် ပြည်သူ၏ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ပြီး ဖြေရှင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များတွင် တိုက်ရိုက်တာဝန်ရှိသည်။

ထိရောက်သည့် ထိတွေ့မှုမဖြစ်သေး လွှတ်တော်တိုင်း လွှတ်တော်တိုင်း၏ ဆောင်ပုဒ်သည် `` ပြည်သူ့အသံ လွှတ်တော်အသံ ၊ ပြည်သူ့ဆန္ဒ လွှတ် တော်ဆန္ဒ " ဖြစ်ပြီး ပြည်သူများ၏ အနာဂတ်ကာလ မျှော်လင့်ချက် များကို လွှတ်တော်က ဖော်ဆောင်ရမည်ဖြစ် ကာ ပြည်သူ့ဆန္ဒမျှော်လင့် ချက်တွေကိုသိရှိရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းအနေဖြင့် သက်ဆိုင်ရာ နယ်မြေများကို ကွင်းဆင်းထိတွေ့ကြရန် လွှတ်တော်မှ မှာကြားထားပြီးဖြစ်ကြောင်း ၊ ထိုကဲ့သို့မှာကြားချက်နှင့် အညီ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်လည်း ထိတွေ့လျှက်ရှိကြောင်း ၊ သို့သော် ထိထိရောက်ရောက် ထိတွေ့ နိုင်ခြင်း မရှိသေးသည်ကို ၀န်ခံကြောင်းပြောကြားခဲ့သည်။

ဥပဒေပညာရှင်များထံမှ အကြံဥာဏ်ယူ မိမိတို့အနေဖြင့် ဥပဒေပြုရေးကိုဆောင်ရွက်ရသည့်အလျှောက် ဥပဒေပညာရှင်များထံမှ အကြံဥာဏ်များ ရယူလျှက်ရှိကြောင်း ၊ဆောင်ရွက်ထားသည်များကိုလည်း ဥပဒေပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ကြောင်း ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါတီစုံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများလည်း ပြုလုပ်လျှက်ရှိကြောင်း ၊ ထိုကဲ့သို့ပြုလုပ်ဆောင်ရွက် ထားသည် များကို မီဒီယာများသို့တွေ့ဆုံတင်ပြသင့်သည်ဟု ယူဆ၍ ယခုလို တွေ့ဆုံတင်ပြရခြင်းဖြစ်ကြောင်း ဥက္ကဌ ဦးဝင်းမောင်က ပြောကြားခဲ့သည်။

လောကပါလတရားနှင့်အညီ အားလုံးသိရှိပြီးသားဖြစ်သည့်အတိုင်း လွှတ်တော်မှထမ်းဆောင်သည့်အဓိက တာဝန်များမှာ တစ်အချက် ဥပဒေပြုရေးတာဝန် ၊ နှစ်အချက် ခက်မသုံးဖြာနှင့် ပြည်သူများအကြား အချင်းချင်း အပြန်အလှန်ထိန်းညှိချင်း တာဝန်နှစ်ရပ်ကို ထမ်းဆောင်လျှက် ရှိကြောင်း ၊ မိမိတို့သည် ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြစ်သည့်အတွက် စနစ်တကျဆောင် ရွက်ရန် တာဝန်ရှိကြောင်း ၊ ဥပဒေပြုရေးတာဝန်ကို အများ သိပြီးသား ဖြစ် သည့် လောကပါလတရားအတိုင်း တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီမျှခြင်း ဆိုသည့် လောကပါလ တရားသုံးပါးကို အခြေခံကာ သတိထား ဆောင်ရွက်လျှက်ရှိကြောင်းများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့ပြီးနောက် မီဒီယာများမှမေးမြန်းမှု များကို ပြန်လည်ဖြေကြား ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

Myit Makha Mediagroup

No comments:

Post a Comment

My Blog List