Friday, December 21, 2012

ကျိုက်ထီးရိုးတောင်တွင် ဘုရားဖူးယာဉ်များအား KNU အဖွဲ့မှ ငွေတောင်းနေ

Photo: ကျိုက်ထီးရိုးတောင်တွင် ဘုရားဖူးယာဉ်များအား KNU အဖွဲ့မှ
ငွေတောင်းနေ
Friday, December 21, 2012

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုး
စေတီတော် တောင်တက်လမ်း တွင် KNU လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းမှာ ဘုရားဖူးယာဉ်တစ်စီးကို 
တားဆီးပြီး အတင်းအဓမ္မ ငွေတောင်းယူသွားတယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံကတော့ ကျိုက်ထိုဟိုတယ်မှာတည်းခိုပြီး ကျိုက်ထီးရိုးဘုရား
တက်ဖူးတဲ့ ထိုင်ဝမ်အမျိုးသား (၂)ဦး နဲ့ အမျိုးသမီး (၂)ဦး အနက်မှ 
Ms, Hsu Yu Tao ဟာ ဘုရားရင်ပြင်တော်ပေါ်မှာ ခြေချော်ပြီး လက်ကောက်ဝတ် ရောင်သွားတဲ့အတွက် ၎င်းတို့ (၄) ဦး ဟာ ယာဉ်မောင်း ဂျပု မောင်းနှင်တဲ့ တောင်တက်ယာဉ် ၆ခ/ ၉၁၂၆ နဲ့ တောင်အောက်ကို
ပြန်ဆင်းလာခဲ့ပါတယ်။ ဆယ်မိနစ်စခန်းကို ရောက်တဲ့အချိန်မှာ KNU လက်အောက်ခံ KNLA တပ်မဟာ (၁) က ကမ်းဘဲ ဦးစီးတဲ့ ပြောက်ကျားဝတ် လက်နက်ကိုင် (၈) ဦးမှ ကားတားပြီး လိုက်လာခဲ့ပါတယ်။ 

ကမ်းဘဲနဲ့ အဖွဲ့ဟာ ကားပေါ်အရောက်မှာ ယာဉ်မောင်းဂျပု ဆီက
ငွေ (၇) သိန်း တောင်းပါတယ်။ ယာဉ်မောင်းအနေနဲ့ ငွေမရှိတာကြောင့် ရသေ့တောင် တောင်တက်မော်တော်ယာဉ် အသင်းတာဝန်ခံဆီကို ဆက်သွယ်ပြီး တာဝန်ခံ ကိုသက်လွင်မှ ငွေ (၇) သိန်း လာပေးခဲ့ပါတယ်။ ကမ်းဘဲနဲ့ အဖွဲ့ဝင် (၈) ဦးဟာ ငွေ (၇) သိန်း ယူပြီး ဒီဇင်ဘာလ(၂၁) ရက်နေ့မှာ တောင်တက်ဘုရားဖူးယာဉ် (၁)စီးကို ငွေ (၅) သိန်း ကျပ်နှုန်းနဲ့ ပေးရမယ်လို့ ပြောဆိုကာ ကင်ပွန်းစခန်း အ၀င်နားမှာ 
ကားပေါ်က ဆင်းသွားခဲ့ ပါတယ်။ ထိုင်ဝမ်အမျိုးသမီးနဲ့ အဖွဲ့ကတော့ ကင်ပွန်းစခန်းမှာဆင်းပြီး ကျိုက်ထိုမြို့ဘက်ကို ကားငှားပြီး ထွက်သွားတယ်လို့ သိရပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ KNLA တပ်မဟာ (၁) လက်အောက်ခံ ကျိုက်ကော်ဆက်ဆံရေးရုံးမှ တာဝန်ခံ အောင်သောင်းသိန်း ဟာ ကင်ပွန်းစခန်းတောင်ခြေ တောင်တက်မော်တော်ယာဉ်အသင်းရုံးကို လာတွေ့ခဲ့ပါတယ်။ ကမ်းဘဲကိစ္စနဲ့ပတ်သက်ပြီး မိမိတို့ခေါင်းဆောင်မှ တာဝန်ယူဖြေရှင်းပေးမည် ဆိုတဲ့ အကြောင်းနဲ့ ကမ်းဘဲတောင်းထားတဲ့ ယာဉ်တစ်စီးလျှင် ငွေ (၅) သိန်းကျပ်ကိုလည်း ပေးရန်မလိုကြောင်း
ပြောသွားခဲ့တယ်လို့ ကင်ပွန်းစခန်းတောင်ခြေ တောင်တက်
မော်တော်ယာဉ်အသင်းဥက္ကဌ ဦးဝိတင်မှ ပြောပြ ပါတယ်။

KNU အဖွဲ့ဟာ နိုင်ငံတော်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ
လက်မှတ်ထိုးထားပြီးတော့ အခုအချိန်မှာ ခေါင်းဆောင်တွေအနေနဲ့
မြန်မာ-ယိုးဒယားနယ်စပ်မှာ (၁၅) ကြိမ်မြောက် KNU ကွန်ကရက် အစည်းအဝေး ကျင်းပနေပါတယ်။ အဲဒီအစည်းအဝေးကနေ အနားယူ
သွားတဲ့ ဗိုလ်ချုပ်ကြီး တာမလာဘော နေရာမှာ ခေါင်းဆောင်အသစ်
ရွေးမယ်လို့လည်း သိရပါတယ်။ ခေါင်းဆောင်တွေ အစည်းအဝေး လုပ်နေတဲ့ အချိန်မှာ လက်အောက်ခံအဖွဲ့တွေကလက်နက်အားကိုးနဲ့ တစ်နိုင်ငံလုံး
တန်ဖိုးထားလေးစားတဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရားနားမှာ ဆက်ကြေးကောက်ငွေတောင်းတာကတော့ မလုပ်သင့်ပါဘူး။ 

ဒီလို KNU အဖွဲ့ရဲ့ လုပ်ရပ်တွေကို တခြားနိုင်ငံခြားသားတွေမြင်သွားတော့ တိုင်းပြည်မျက်နှာငယ်ရပါတယ်။ KNU အဖွဲ့အစည်း ရဲ့တာဝန်ရှိသူတွေက လက်အောက်ကို စည်းကမ်းတင်းကြပ်ဖို့ လိုအပ်ပါတယ်လို့ ကျိုက်ထိုမြို့ခံ
တစ်ဦး က ပြောကြားသွားပါတယ်။ 

Myanmar Online News
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း တွင် KNU လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းမှာ ဘုရားဖူးယာဉ်တစ်စီးကိုတားဆီးပြီး အတင်းအဓမ္မ ငွေတောင်းယူသွားတယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံကတော့ ကျိုက်ထိုဟိုတယ်မှာတည်းခိုပြီး ကျိုက်ထီးရိုးဘုရားတက်ဖူးတဲ့ ထိုင်ဝမ်အမျိုးသား (၂)ဦး နဲ့ အမျိုးသမီး (၂)ဦး အနက်မှ Ms, Hsu Yu Tao ဟာ ဘုရားရင်ပြင်တော်ပေါ်မှာ ခြေချော်ပြီး လက်ကောက်ဝတ် ရောင်သွားတဲ့အတွက် ၎င်းတို့ (၄) ဦး ဟာ ယာဉ်မောင်း ဂျပု မောင်းနှင် တဲ့ တောင်တက် ယာဉ် ၆ခ/ ၉၁၂၆ နဲ့ တောင်အောက်ကိုပြန်ဆင်းလာခဲ့ပါတယ်။ ဆယ်မိနစ်စခန်းကို ရောက်တဲ့အချိန်မှာ KNU လက်အောက်ခံ KNLA တပ်မဟာ (၁) က ကမ်းဘဲ ဦးစီးတဲ့ ပြောက်ကျားဝတ် လက်နက်ကိုင် (၈) ဦးမှ ကားတားပြီး လိုက်လာခဲ့ပါတယ်။

ကမ်းဘဲနဲ့ အဖွဲ့ဟာ ကားပေါ်အရောက်မှာ ယာဉ်မောင်းဂျပု ဆီကငွေ (၇) သိန်း တောင်းပါတယ်။ ယာဉ်မောင်း အနေနဲ့ ငွေမရှိတာကြောင့် ရသေ့တောင် တောင်တက်မော်တော်ယာဉ် အသင်းတာဝန်ခံဆီကို ဆက်သွယ်ပြီး တာဝန်ခံ ကိုသက်လွင်မှ ငွေ (၇) သိန်း လာပေးခဲ့ပါတယ်။ ကမ်းဘဲနဲ့ အဖွဲ့ဝင် (၈) ဦးဟာ ငွေ (၇) သိန်း ယူပြီး ဒီဇင်ဘာလ(၂၁) ရက်နေ့မှာ တောင်တက်ဘုရားဖူးယာဉ် (၁)စီးကို ငွေ (၅) သိန်း ကျပ်နှုန်းနဲ့ ပေးရမယ်လို့ ပြောဆိုကာ ကင်ပွန်းစခန်း အ၀င်နားမှာ ကားပေါ်က ဆင်းသွားခဲ့ ပါတယ်။ ထိုင်ဝမ်အမျိုးသမီးနဲ့ အဖွဲ့ကတော့ ကင်ပွန်းစခန်းမှာဆင်းပြီး ကျိုက်ထိုမြို့ဘက်ကို ကားငှားပြီး ထွက်သွားတယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ KNLA တပ်မဟာ (၁) လက်အောက်ခံ ကျိုက်ကော်ဆက်ဆံရေးရုံးမှ တာဝန်ခံ အောင်သောင်းသိန်း ဟာ ကင်ပွန်းစခန်းတောင်ခြေ တောင်တက်မော်တော်ယာဉ်အသင်းရုံးကို လာတွေ့ခဲ့ပါတယ်။ ကမ်းဘဲကိစ္စနဲ့ပတ်သက်ပြီး မိမိတို့ခေါင်းဆောင်မှ တာဝန်ယူဖြေရှင်းပေးမည် ဆိုတဲ့ အကြောင်းနဲ့ ကမ်းဘဲတောင်းထားတဲ့ ယာဉ်တစ်စီးလျှင် ငွေ (၅) သိန်းကျပ်ကိုလည်း ပေးရန်မလိုကြောင်း
ပြောသွားခဲ့တယ်လို့ ကင်ပွန်းစခန်းတောင်ခြေ တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဌ ဦးဝိတင်မှ ပြောပြ ပါတယ်။

KNU အဖွဲ့ဟာ နိုင်ငံတော်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားပြီးတော့ အခုအချိန်မှာ ခေါင်းဆောင်တွေအနေနဲ့မြန်မာ-ယိုးဒယားနယ်စပ်မှာ (၁၅) ကြိမ်မြောက် KNU ကွန်ကရက် အစည်းအဝေး ကျင်းပနေပါတယ်။ အဲဒီအစည်းအဝေးကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီး တာမလာဘော နေရာမှာ ခေါင်းဆောင်အသစ်ရွေးမယ်လို့လည်း သိရပါတယ်။ ခေါင်းဆောင်တွေ အစည်းအဝေး လုပ်နေတဲ့ အချိန်မှာ လက်အောက်ခံအဖွဲ့တွေကလက်နက်အားကိုးနဲ့ တစ်နိုင်ငံလုံး
တန်ဖိုးထားလေးစားတဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရားနားမှာ ဆက်ကြေးကောက်ငွေတောင်းတာကတော့ မလုပ်သင့်ပါဘူး။

ဒီလို KNU အဖွဲ့ရဲ့ လုပ်ရပ်တွေကို တခြားနိုင်ငံခြားသားတွေမြင်သွားတော့ တိုင်းပြည်မျက်နှာငယ်ရပါတယ်။ KNU အဖွဲ့အစည်း ရဲ့တာဝန်ရှိသူတွေက လက်အောက်ကို စည်းကမ်းတင်းကြပ်ဖို့ လိုအပ်ပါတယ်လို့ ကျိုက်ထိုမြို့ခံတစ်ဦး က ပြောကြားသွားပါတယ်။

Myanmar Online News

No comments:

Post a Comment

My Blog List