Sunday, December 16, 2012

နာဆာအဖွဲ့ လကမ္ဘာကို စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အာကာသ ယာဉ်ငယ် နှစ်စင်း အသုံး ပြုမည်

Photo: နာဆာအဖွဲ့ လကမ္ဘာကို စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အာကာသ ယာဉ်ငယ် နှစ်စင်း အသုံး ပြုမည် 

Saturday, 15 December 2012
အမေရိကန် အာကာသ အေဂျင်စီ နာဆာ (NASA) အဖွဲ့သည် လမျက်နှာပြင် အထက် ကမ္ဘာ ပတ်လမ်းကြောင်းမှ မိုင်ပေါင်းများစွာ ကွာဝေးသော နေရာမှ နေ၍ အချက်အလက် များကို လပေါင်း များစွာကြာ ရယူပြီးနောက် လကမ္ဘာတွင် စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အတွက် ဒီဇင်ဘာ ၁၇ ရက်တွင် အာကာသ ယာဉ်ငယ် နှစ်စင်းကို အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသ
ည်။ အဆိုပါ အာကာသ ယာဉ်များသည် အဝတ်လျှော်စက် အရွယ်အစား ရှိကြောင်း သိရသည်။

Ebb နှင့် Flow ဟု အမည် ပေးထားသော စူးစမ်း လေ့လာရေး အာကာသယာဉ် နှစ်စင်းသည် လ၏ မြောက်ဝင်ရိုးစွန်း အနီးရှိ တောင်ပေါ်သို့ ဂရင်းနစ် စံတော်ချိန် ၁ဝ နာရီ ၂၈ မိနစ်တွင် ဆင်းသက်၍ တစ်နာရီလျှင် ၃၇၆ဝ မိုင်နှုန်းဖြင့် လ၏ မျက်နှာပြင်ကို ဝင်တိုက်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယင်းအချိန်၌ အဆိုပါ ဒေသသည် မှောင်ရိပ် ကျနေသည့် အတွက် နာဆာအဖွဲ့ အနေဖြင့် ဓာတ်ပုံများ ရိုက်ယူရန် လုပ်ဆောင်နိုင်မည် မဟုတ်သည့် အပြင် စူးစမ်း လေ့လာရေး အာကာသ ယာဉ်ငယ်များသည် ကမ္ဘာပတ်လမ်း အတွင်း နိမ့်ဆင်း ပျံသန်း၍ နောက်ဆုံးတွင် ပျက်စီးသွားမည် ဖြစ်သည်။

အဆိုပါ အာကာသ ယာဉ်များသည် အာကာသ အတွင်းမှ စုဆောင်း ရရှိသော ပြတ်သားမှု အရှိဆုံး ကမ္ဘာ မြေထု၏ ဆွဲငင်အား မြေပုံ တစ်ခုကို ထုတ်လုပ် နိုင်ခဲ့သည်။ အဆိုပါ မြေပုံသည် ကမ္ဘာမြေ ကြီးအား လေ့လာရာတွင် ပိုမိုနား လည် နိုင်စေရန် ထောက်ပံ့ ကူညီသွားမည် ဖြစ်ပြီး နေစကြ ဝဠာ အတွင်းရှိ အခြားသော ဂြိုဟ်များ ဖြစ်ပေါ်မှုနှင့် အဆင့်ဆင့် ပြောင်းလဲပုံကို ပိုမို နားလည်ရန် အကူအညီ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

မြ၀တီ
အမေရိကန် အာကာသ အေဂျင်စီ နာဆာ (NASA) အဖွဲ့သည် လမျက်နှာပြင် အထက် ကမ္ဘာ ပတ်လမ်းကြောင်းမှ မိုင်ပေါင်းများစွာ ကွာဝေးသော နေရာမှ နေ၍အချက်အလက်များကို လပေါင်း များစွာကြာ ရယူပြီးနောက် လကမ္ဘာတွင် စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အတွက် ဒီဇင်ဘာ ၁၇ ရက်တွင် အာကာသ ယာဉ်ငယ် နှစ်စင်းကို အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာကာသ ယာဉ်များ သည် အဝတ်လျှော်စက် အရွယ်အစား ရှိကြောင်း သိရသည်။
Ebb နှင့် Flow ဟု အမည် ပေးထားသော စူးစမ်း လေ့လာရေး အာကာသယာဉ် နှစ်စင်းသည် လ၏ မြောက်ဝင်ရိုးစွန်း အနီးရှိ တောင်ပေါ်သို့ ဂရင်းနစ် စံတော်ချိန် ၁ဝ နာရီ ၂၈ မိနစ်တွင် ဆင်းသက်၍ တစ်နာရီလျှင် ၃၇၆ဝ မိုင်နှုန်းဖြင့် လ၏ မျက်နှာပြင်ကို ဝင်တိုက်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယင်းအချိန်၌ အဆိုပါ ဒေသသည် မှောင်ရိပ် ကျနေသည့် အတွက် နာဆာအဖွဲ့ အနေဖြင့် ဓာတ်ပုံများ ရိုက်ယူရန် လုပ်ဆောင်နိုင်မည် မဟုတ်သည့် အပြင် စူးစမ်း လေ့လာရေး အာကာသ ယာဉ်ငယ်များသည် ကမ္ဘာပတ်လမ်း အတွင်း နိမ့်ဆင်း ပျံသန်း၍ နောက်ဆုံးတွင် ပျက်စီးသွား မည် ဖြစ်သည်။

အဆိုပါ အာကာသ ယာဉ်များသည် အာကာသ အတွင်းမှ စုဆောင်း ရရှိသော ပြတ်သားမှု အရှိဆုံး ကမ္ဘာ မြေထု၏ ဆွဲငင်အား မြေပုံ တစ်ခုကို ထုတ်လုပ် နိုင်ခဲ့သည်။ အဆိုပါ မြေပုံသည် ကမ္ဘာမြေ ကြီးအား လေ့လာရာတွင် ပိုမိုနား လည် နိုင်စေရန် ထောက်ပံ့ ကူညီသွားမည် ဖြစ်ပြီး နေစကြ ဝဠာ အတွင်းရှိ အခြားသော ဂြိုဟ်များ ဖြစ်ပေါ်မှုနှင့် အဆင့်ဆင့် ပြောင်းလဲပုံကို ပိုမို နားလည်ရန် အကူ အညီ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

 


No comments:

Post a Comment

My Blog List