Saturday, December 22, 2012

အလုပ်သမား မှတ်ပုံတင်ရက်တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာတိုက်တွန်းခဲ့

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ကြည့်ရှုတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို သမ္မတဦးသိန်းစိန်နဲ့အတူ တွေ့ရစဉ်

ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို   နိုင်ငံသားအသိအမှတ်ပြု ကဒ်ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

မြန်မာပြည်ကို ပြီးခဲ့တဲ့ တနင်္လာနေ့သွားရောက်ခဲ့စဉ်မှာ မြန်မာအလုပ်သမားဝန်ကြီးရဲ့ တိုက်တွန်းချက်အရ ထိုင်းဝန်ကြီးချုပ် က အဲဒီလိုကတိပေးခဲ့တာဖြစ်ကြောင်း မြန်မာအလုပ်သမားရေးရာဌာန ညွန်ကြားရေး မှူးချုပ်  ဦးမျိုးအောင်က ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွန်ကြားရေးမှူးချုပ်  ပရာဗစ် Pravit ကို   ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ စနေနေ့ ထုတ်ဝေတဲ့ Bangkok Post သတင်းစာမှာဖေါ်ပြ ထားပါတယ်။
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ်  ပရာဗစ် Pravit က သူတို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင်ခေါ်ယူဖို့ စဉ်းစားနေကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ အဲဒီလိုခေါ်ယူခြင်းအားဖြင့် ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့   နို်င်ငခြားအလုပ်သမားတွေကို တရားဝင် ဌားရမ်းနိုင်မယ်လို့ဆိုပါတယ်။ ထိုင်း အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနကို တရားဝင်တင်ပြလျှောက်ထားရမယ်လို့လည်း သူက ပြောပါတယ်။

No comments:

Post a Comment

My Blog List