Thursday, December 20, 2012

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ဆိုင်ကယ်များအတွက် ဖောင်းကြွနံပါတ်ပြားများ အထူးအစီအစဉ်အဖြစ်ဆောင်ရွက်ပေးမည်

Photo: မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ဆိုင်ကယ်များအတွက် ဖောင်းကြွနံပါတ်ပြားများ အထူးအစီအစဉ်အဖြစ်ဆောင်ရွက်ပေးမည်
Wednesday, December 19, 2012

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ဆိုင်ကယ်များအတွက် ဖောင်းကြွနံပါတ်ပြားများကို အထူးအစီအစဉ်အဖြစ် လာမည့်ဒီဇင်ဘာ၂၂ရက်တွင် ရုံးချိန်အတိုင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။''

နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်တွေကို ဒီဇင်ဘာနောက်ဆုံးပတ်ကနေစပြီး အရေးယူတော့မှာဆိုတော့ ၂၂ရက်မှာရုံးဖွင့်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မန္တလေးတိုင်းဒေသကြီးကညနမှ တိုင်းဦးစီးမှုးဦးသိန်းဦးက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း အောက်တိုဘာလကုန်အထိ ကညနလိုင်စင် ထုတ်ပေးပြီး ဆိုင်ကယ်စီးရေမှာ ၄၆၈၆၃၆စီး ရှိသည်။ ဆိုင်ကယ်စီးရေ၁၅၀၀၀၀နီးပါးသည် ကညနနံပါတ်ပြားများ လာရောက် ထုတ်ယူခြင်း မရှိပဲ ပြင်ပ နံပါတ်ပြားများ တပ်ဆင် မောင်းနှင်နေကြသည်။

အရေးယူမည့်ကာလနီးကပ်လာပြီဖြစ်သောကြောင့် ကညနရုံးရှိနံပါတ်ပြား ထုတ်ရာနေရာတွင် ဆိုင်ကယ်ပိုင်ရှင်များကြိတ်ကြိတ်တိုးနေသဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ထုတ်ယူနေကြရသည်။

Yangon Media Group

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ဆိုင်ကယ်များအတွက် ဖောင်းကြွနံပါတ်ပြားများကို အထူး အစီအစဉ်အဖြစ် လာမည့်ဒီဇင်ဘာ၂၂ရက်တွင် ရုံးချိန်အတိုင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ''နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်တွေကို ဒီဇင်ဘာနောက်ဆုံးပတ်ကနေစပြီး အရေးယူတော့မှာဆိုတော့ ၂၂ရက်မှာရုံးဖွင့်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မန္တလေးတိုင်းဒေသကြီးကညနမှ တိုင်းဦးစီးမှုး ဦးသိန်းဦး က ပြောကြားသည်။ မန္တလေးတိုင်းအတွင်း အောက်တိုဘာလကုန်အထိ ကညနလိုင်စင် ထုတ်ပေးပြီး ဆိုင်ကယ်စီးရေမှာ ၄၆၈၆၃၆စီး ရှိသည်။ ဆိုင်ကယ်စီးရေ၁၅၀၀၀၀နီးပါးသည် ကညနနံပါတ်ပြားများ လာရောက် ထုတ်ယူခြင်း မရှိပဲ ပြင်ပ နံပါတ်ပြားများ တပ်ဆင် မောင်းနှင်နေကြသည်။ အရေးယူမည့်ကာလနီးကပ်လာပြီဖြစ်သောကြောင့် ကညနရုံးရှိနံပါတ်ပြား ထုတ်ရာနေရာတွင် ဆိုင်ကယ် ပိုင်ရှင်များကြိတ်ကြိတ်တိုးနေသဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ထုတ်ယူနေကြရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List