Friday, December 21, 2012

သမ္မတနှင့် အစိုးရသစ်အကြောင်း ရေးထားသည့် စာအုပ်ထွက်ရှိ

မန္တလေးမြို့ခံ စာရေးဆရာ ဝင်းဖေမောင်၏ ပထမဦး ဆုံးစာအုပ် ဖြစ်သည့် “နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု ရာစုသစ်” စာအုပ် ထွက်လာကြောင်း ရန်ကုန်မြို့တော် City Star ဟိုတယ်တွင် ဒီဇင်ဘာလ၁၉ ရက်နေ့က ပြုလုပ်သည့် အဆိုပါ စာအုပ် မိတ်ဆက်ပွဲတွင် စာရေးသူက ပြောကြားသည်။

အဆိုပါ စာအုပ်ကို ၂၀၁၀ ပြည့်နှစ် ကတည်းက ရေးသား ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးနှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ အင်တာဗျူးများ ပါဝင်ကြောင်း၊ သန်း ၆၀ သောလူထု အမြင် ကျယ်ရန်နှင့် ဒီမိုကရေစီ အစိုးရကို ပွင့်လင်း မြင်သာမှု ရှိရန်နှင့် တာဝန်ယူမှု လိုအပ်ပုံ များကို ရေးသား ထားခြင်း ဖြစ်ကြောင်း စာရေးဆရာ ဝင်းဖေမောင်က ရှင်းပြသည်။

“အစိုးရ အနေနဲ့ မှားရင် မှားတယ်လို့ ဝန်ခံဖို့နဲ့ တာဝန်ယူမှု ရှိဖို့ လိုပါတယ်” ဟု စာရေးဆရာက ဆိုသည်။ အဆိုပါ စာအုပ်ကိုအုပ်ရေ ၁၀၀၀ဖြန့်ချိမည် ဖြစ်ပြီး ဈေးနှုန်း ၂၀၀၀ ကျပ်ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List