Friday, December 21, 2012

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပြင်ဆင်မှုများ

Photo: ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန်ပြင်ဆင်နေကြသည်ကို ဒီဇင်ဘာ၂၁ရက်ကတွေ့ရစဉ်

7Day News Journal
ကော့သောင်းမြို့သို့ ဒီဇင်ဘာ ၂၂ ရက်တွင် ရောက်ရှိမည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို ရန် ပြင်ဆင်မှု များပြုလုပ်နေပြီး၎င်း၏လုံခြုံရေးအတွက်အထူးဂရုစိုက်ပြင်ဆင်လျက်ရှိသည်ကို တွေ့ရကြောင်း ကော့သောင်းမြို့ ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည် မလာမီရက်ပိုင်း အလို ကတည်းက ကော့သောင်းမြို့ပေါ်ရှိ နေအိမ်အချို့တွင် NLD ပါတီအလံများ လွှင့်ထူခြင်း၊ လမ်းဆုံလမ်းခွ များတွင် ၎င်းအားကြိုဆိုသည့် ဗီနိုင်းဆိုင်းဘုတ်များထောင်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြို့ပေါ်ရှိ အမှတ်တရပစ္စည်း ရောင်းချသည့် ဆိုင်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ပုံ ရိုက်နှိပ်ထားသည့်အင်္ကျီများ၊NLDအလံငယ်များ လက်ကျန်မရှိသည်အထိ ရောင်းအားကောင်းလျက်ရှိသည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော ကော့သောင်းမြို့သို့ ပထမဦးဆုံးအကြိမ် လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၏လုံခြုံရေးအတွက်လည်းအထူးပြင်ဆင်လျက်ရှိသည်။ ကော့သောင်းမြို့ခရီးစဉ်အတွင်း လူထုဟောပြောပွဲပြုလုပ်မည့် အေးရိပ်ငြိမ်ရပ်ကွက် မြို့နယ်ဘောလုံးကွင်းအတွင်း NLD အဖွဲ့ဝင်များက ညအိပ်ညနေ လုံခြုံရေးအစီအစဉ်များ ပြုလုပ်လျက်ရှိသည်။ 
7Day News Journal

No comments:

Post a Comment

My Blog List