Friday, December 21, 2012

မြင့်တက်လာသည့် ကမ္ဘာလှည့် ခရီးသည် ဦးရေနှင့် ပုဂံဒေသမှ စကားသံများ

Photo: မြင့်တက်လာသည့် ကမ္ဘာလှည့် ခရီးသည် ဦးရေနှင့် ပုဂံဒေသမှ စကားသံများ
Thursday, 20 December 2012

ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံမြို့ များသို့ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်လျက် ရှိသည်။

ပုဂံမြို့တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု ယမန် နှစ်များ
ထက် စံချိန်တင် မြင့်တက် လာခြင်းကြောင့် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူမှု အပိုင်းနှင့် ခရီးသွား ဧည့်သည်များ ကြုံတွေ့ရမည့် အခက်အခဲ များအတွက် လုံခြုံရေး စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင် ထားသင့်ပြီဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့က အကြံပြု ပြောကြားလိုက်သည်။

''ပုဂံမှာ နိုင်ငံခြားသား ခရီးသည်တွေ များလာတာနဲ့ ပတ်သက်ပြီးတော့ Tourist တွေကို လုံခြုံရေး ပေးမှုတွေ ကျွန်တော်တို့ ပုဂံမှာ အားနည်း
နေတယ်။ Tourist တွေ ပိုက်ဆံအိတ် ကျပျောက်တာ၊ ခရီးသွား ဗီဇာတွေ ကျပျောက်တာတွေ နိုင်ငံခြား ခရီးသွား ဧည့်သည်အတွက် လုံခြုံရေး ဝန်ထမ်း မရှိတဲ့အခါ တော်တော် အင်အားနည်းတယ်။ ခရီးသည်များ ကြုံတွေ့ နေရတဲ့ အခက်အခဲ များအတွက် လုံခြုံရေး ဝန်ထမ်းတွေကို အမြန်ချပေး သင့်ပါတယ်''ဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြားလာသည် နှင့်အညီ ဝင်ကြေး ကောက်ခံ ရရှိငွေလည်း များပြားစွာ ရရှိသောကြောင့် အဆိုပါ
ငွေများဖြင့် လမ်းများကို ပြုပြင် သင့်သည်ဟု ၎င်းက ဆက်လက်
ပြောဆိုသည်။ ''ဒီမှာ ထောင်နဲ့ချီပြီး ဝင်နေတဲ့ အခါကျတော့ ရှေးဟောင်း သုတေသန တစ်ခုတည်းတင် မဖွဲ့ဘဲနဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းပါ ဖွဲ့စည်း ပူးပေါင်းပြီးတော့ ဒါတွေကို စနစ်တကျ တစိုက်မတ်မတ် လုပ်ပေး နိုင်မယ်လို့ မျှော်လင့်တယ်။ နိုင်ငံခြားသား ဧည့်သည်များနှင့် ပုဂံ ဒေသခံတို့ အယူအဆခြင်း မတူညီ သည့်အခါ အငြင်း ပွားခြင်းများ ဖြစ်ပေါ် လာမည် ဆိုပါက လျင်မြန်စွာ ဖြေ ရှင်း ပေးနိုင်မည့်သူ မရှိခြင်းကြောင့် နည်းစနစ်ကျသည့် လုံခြုံရေးများ ထားသင့်သည်ဟု Tourist Guide တစ်ဦးကလည်း သုံးသပ် ပြောဆိုသည်။ ''လုံခြုံရေး ဘာမှ မရှိဘူး။ ဘယ်မှာ သွားခေါ် ရမယ်မှန်း မသိဘူး။ ဘုရားတွေမှာ ဘာမှ ပြင်ဆင်မှု၊
စောင့်ရှောက်မှု မရှိဘူး။ ဘုရားပေါ်ကို ဖိနပ် မစီးရဘူး ဆိုတဲ့ စာရေး ထားတာကိုလည်း ဖိနပ်စီး တက်တဲ့သူတွေ ရှိနေတယ်လေ။ အဲ့ဒါမျိုးတွေ ရေရှည်ဆိုရင် ဒေသခံ တွေကလည်း သူတို့ ယဉ်ကျေးမှု
စော်ကားတယ်ပေါ့။ အဲ့ဒါကြောင့် စည်းကမ်းတကျ စီမံ ကွပ်ကဲဖို့ လိုတယ်''ဟု Tourist Guide တစ်ဦး ဖြစ်သည့် ကိုရန်မျိုးနိုင်က ပြောသည်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များနှင့် လုံခြုံရေးသည် မသက်ဆိုင်သော်လည်း လူအင်အား ၄ဝ ဝန်းကျင်ဖြင့် စောင့်ကြည့်ကာ ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ''နိုင်ငံခြားသား တွေနဲ့ ပတ်သက်လို့ လုံခြုံရေး ဆိုတာက တိုက်ရိုက်တော့ မဆိုင်ဘူး။ မဆိုင် ပေမယ့်လည်း ကိုယ်က တစ်နည်း တစ်လမ်းတော့ ကူညီ ပေးရတာပေါ့။ ဈေးသည်
တွေဆိုရင် ဧည့်သည်တွေ နောက်ကလိုက်ပြီး အတင်း ဈေးလိုက်
ရောင်းတာကို ကိုယ့်လုံခြုံရေး အဖွဲ့က ထိန်းပေးတယ်။ ဌာန အနေနဲ့ လက်ရှိ လုံခြုံရေးက လူအင်အား ၄ဝ ကျော်လောက်ရှိတယ်'' ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသ ဌာနခွဲမှ တာဝန်ခံ ဦးနိုင်ဝင်းက ပြောသည်။

ပုဂံရှေးဟောင်း နယ်မြေ အတွင်းသို့ ဝင်ရောက်မည် ဆိုပါက နိုင်ငံခြားသား ခရီးသွား တစ်ဦးလျှင် ၁ဝ ဒေါ်လာ ကောက်ခံလျက် ရှိပြီး တစ်ရက်လျှင်
နိုင်ငံခြားသား တစ်ထောင်ကျော် ဝင်ရောက်လျက် ရှိသည်ဟု ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ သိရသည်။ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ထံမှ ရရှိသည့် ဇုန်ဝင်ကြေးမှာ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၅၂၈၈ဝ၊ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၂ဝ၁၉ဝ နှင့် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ် မတိုင်ခင် ဒေါ်လာ ကိုးသိန်းကျော် ရရှိ ထားခြင်းကြောင့် ယမန် နှစ်များထက် စံချိန်တင် နိုင်ကြောင်း သိရသည်။


မိုးဦး
့မြ၀တီ

ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံမြို့ များသို့ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်လျက် ရှိသည်။ ပုဂံမြို့တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု ယမန် နှစ်များထက် စံချိန်တင် မြင့်တက် လာခြင်းကြောင့် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူမှု အပိုင်းနှင့် ခရီးသွား ဧည့်သည်များ ကြုံတွေ့ရမည့် အခက်အခဲ များအတွက် လုံခြုံရေး စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင် ထားသင့်ပြီဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့က အကြံပြု ပြောကြားလိုက်သည်။

''ပုဂံမှာ နိုင်ငံခြားသား ခရီးသည်တွေ များလာတာနဲ့ ပတ်သက်ပြီးတော့ Tourist တွေကို လုံခြုံရေး ပေးမှုတွေ ကျွန်တော်တို့ ပုဂံမှာ အားနည်းနေတယ်။ Tourist တွေ ပိုက်ဆံအိတ် ကျပျောက်တာ၊ ခရီးသွား ဗီဇာတွေ ကျပျောက်တာတွေ နိုင်ငံခြား ခရီးသွား ဧည့်သည်အတွက် လုံခြုံရေး ဝန်ထမ်း မရှိတဲ့အခါ တော်တော် အင်အားနည်းတယ်။ ခရီးသည်များ ကြုံတွေ့ နေရတဲ့ အခက်အခဲ များအတွက် လုံခြုံရေး ဝန်ထမ်းတွေကို အမြန်ချပေး သင့်ပါတယ်''ဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။
နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြားလာသည် နှင့်အညီ ဝင်ကြေး ကောက်ခံ ရရှိငွေ လည်း များပြားစွာ ရရှိသောကြောင့် အဆိုပါငွေများဖြင့် လမ်းများကို ပြုပြင် သင့်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ''ဒီမှာ ထောင်နဲ့ချီပြီး ဝင်နေတဲ့ အခါကျတော့ ရှေးဟောင်း သုတေသန တစ်ခုတည်းတင် မဖွဲ့ဘဲနဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းပါ ဖွဲ့စည်း ပူးပေါင်းပြီးတော့ ဒါတွေကို စနစ်တကျ တစိုက်မတ်မတ် လုပ်ပေး နိုင်မယ်လို့ မျှော်လင့်တယ်။ နိုင်ငံခြားသား ဧည့်သည်များနှင့် ပုဂံ ဒေသခံတို့ အယူအဆခြင်း မတူညီ သည့်အခါ အငြင်း ပွားခြင်းများ ဖြစ်ပေါ် လာမည် ဆိုပါက လျင်မြန်စွာ ဖြေ ရှင်း ပေးနိုင်မည့်သူ မရှိခြင်းကြောင့် နည်းစနစ်ကျသည့် လုံခြုံရေးများ ထားသင့်သည်ဟု Tourist Guide တစ်ဦးကလည်း သုံးသပ် ပြောဆိုသည်။ ''လုံခြုံရေး ဘာမှ မရှိဘူး။ ဘယ်မှာ သွားခေါ် ရမယ်မှန်း မသိဘူး။ ဘုရားတွေမှာ ဘာမှ ပြင်ဆင်မှု၊စောင့်ရှောက်မှု မရှိဘူး။ ဘုရားပေါ်ကို ဖိနပ် မစီးရဘူး ဆိုတဲ့ စာရေး ထားတာကိုလည်း ဖိနပ်စီး တက်တဲ့သူတွေ ရှိနေတယ်လေ။ အဲ့ဒါမျိုးတွေ ရေရှည် ဆိုရင် ဒေသခံ တွေက လည်း သူတို့ ယဉ်ကျေးမှုစော်ကားတယ်ပေါ့။ အဲ့ဒါကြောင့် စည်းကမ်းတကျ စီမံ ကွပ်ကဲဖို့ လိုတယ်''ဟု Tourist Guide တစ်ဦး ဖြစ်သည့် ကိုရန်မျိုးနိုင်က ပြောသည်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များနှင့် လုံခြုံရေးသည် မသက်ဆိုင်သော်လည်း လူအင်အား ၄ဝ ဝန်းကျင်ဖြင့် စောင့်ကြည့်ကာ ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ''နိုင်ငံခြားသား တွေနဲ့ ပတ်သက်လို့ လုံခြုံရေး ဆိုတာက တိုက်ရိုက်တော့ မဆိုင်ဘူး။ မဆိုင် ပေမယ့်လည်း ကိုယ်က တစ်နည်း တစ်လမ်းတော့ ကူညီ ပေးရတာပေါ့။ ဈေးသည်
တွေဆိုရင် ဧည့်သည်တွေ နောက်ကလိုက်ပြီး အတင်း ဈေးလိုက်ရောင်းတာကို ကိုယ့်လုံခြုံရေး အဖွဲ့က ထိန်းပေးတယ်။ ဌာန အနေနဲ့ လက်ရှိ လုံခြုံရေးက လူအင်အား ၄ဝ ကျော်လောက်ရှိတယ်'' ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသ ဌာနခွဲမှ တာဝန်ခံ ဦးနိုင်ဝင်းက ပြောသည်။

ပုဂံရှေးဟောင်း နယ်မြေ အတွင်းသို့ ဝင်ရောက်မည် ဆိုပါက နိုင်ငံခြားသား ခရီးသွား တစ်ဦးလျှင် ၁ဝ ဒေါ်လာ ကောက်ခံလျက် ရှိပြီး တစ်ရက်လျှင်နိုင်ငံခြားသား တစ်ထောင်ကျော် ဝင်ရောက်လျက် ရှိသည်ဟု ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ သိရသည်။ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ထံမှ ရရှိသည့် ဇုန်ဝင်ကြေးမှာ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၅၂၈၈ဝ၊ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၂ဝ၁၉ဝ နှင့် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ် မတိုင်ခင် ဒေါ်လာ ကိုးသိန်းကျော် ရရှိ ထားခြင်းကြောင့် ယမန် နှစ်များထက် စံချိန်တင် နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List