Thursday, December 20, 2012

"အစိုးရထိန်းချုပ်နယ်မြေအတွင်း ကချင်ဒုက္ခသည် တစ်ရှိန်ထိုး မြင့်တက်နေ"

Photo: "အစိုးရထိန်းချုပ်နယ်မြေအတွင်း ကချင်ဒုက္ခသည် တစ်ရှိန်ထိုး မြင့်တက်နေ"
Wednesday, 19 December 2012

မပြီးဆုံးနိုင်သေးသည့် ကချင်ဒေသစစ်ပွဲကြောင့် အစိုးရထိန်းချုပ် နယ်မြေ အတွင်း၌ ဒုက္ခသည်ဦးရေ တစ်ရှိန်ထိုးမြင့်တက် လာနေကြောင်း ကချင်လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်နယ်အစိုးရ စာရင်းများ ၏ ဖော်ပြချက်အရ သိရသည်။

၂ဝ၁၁ ခုနှစ် ဇွန်လဆန်းမှ စကာ နှစ်ဖက်တိုက်ပွဲငယ်များ စတင်ဖြစ်ပွား ခဲ့သော အချိန်မှစ၍ ယခု ဒီဇင်ဘာလ ဒုတိယအပတ်အထိ နယ်မြေ လုံခြုံရေးအရ ရွှေ့ပြောင်းလာ သည့် ကချင်ဒေသခံတို့မှာ ကယ်ဆယ်ရေး စခန်း ၈၄ ခု တို့၌ ၃၂၂-၃၄ ဦးအထိရှိသွားပြီး ၂ဝ၁၂ ဖေဖော်ဝါရီ နောက် ဆုံးပတ်က ဒုက္ခသည် ၁၈၅၄၃ သာရှိကြောင်း ကချင်ပြည်နယ် လူမှုရေး ဝန်ကြီးဌာနက အတည်ပြုပေးခဲ့သည်။

''ဖားကန့် စခန်းတွေ ကတော့ လျော့ကျသွားပေမယ့် လွယ်ဂျယ်ဘက် မှာတော့ တိုးလာနေပါတယ်''ဟု လူမှုရေးဝန်ကြီးဌာနက ပြောသည်။
နေရပ် စွန့်ခွာထွက်ပြေးလာမှုတွင် အမျိုးသမီးများ၊ ကလေးသူငယ် များ၊ ကျောင်းသားလူငယ်များမှာ ထက်ဝက်ကျော် ရှိနေခဲ့သည်။

လက်ရှိ စာရင်းများအရ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသများတွင် ကယ်ဆယ်ရေ စခန်း ၄၅ ခုဖြင့် အများဆုံးဖွင့်ထားခဲ့ရပြီး ဗန်မော်တွင် စခန်း ၉ ခု၊ လွယ်ဂျယ်တွင် ၅ ခု၊ မိုးမောက် တွင် ၄ ခု၊မိုး ကောင်းတွင် ၃ ခု၊ ပန်းဝါ တွင် ၃ခု၊ မန်စီ၊ ချီဖွေ၊ မိုးညှင်းနှင့် ပူတာအို တို့တွင် ၂ ခုစီနှင့် ကန်ပိုက်တီး တွင် စခန်း ၁ ခု ဖွင့်လှစ်ထားသည်။

ဖားကန့် ဒုက္ခသည် စခန်းတွင် လက်ရှိတွင် နေထိုင်နေသည့် ဒုက္ခသည် တစ်ဦးက ''ဘာကြောင့် ဒီလိုဖြစ်နေခဲ့ရတယ် ဆိုတာကို စဉ်းစားလို့မရဘူး။ ကိုယ့်အိမ်၊ ကိုယ့်ယာမှာပဲ လုပ်ကိုင်စားချင်တာပေါ့။ ဒီလိုဘယ် နေချင်ပါ့ မလဲ''ဟု ပြောသည်။

စစ်ကြောင့် ဖားကန့်ဒေသမှ ကျောင်းသား၊ ကျောင်းသူရာနှင့် ချီကာ မြစ်ကြီး နားနှင့် အခြားဒေသများသို့ ပြီးခဲ့သည့် လပိုင်းကပင် ရွှေ့ပြောင်းသွားခဲ့ ရသည်ဟု ၄င်းက ပြောသည်။

ဖားကန့်ဒေသမှ ကျောင်းဆရာ တစ်ဦးက ''တိုက်ပွဲတွေဖြစ်လိုက်၊ လမ်း ပိတ်လိုက်၊ ကုန်ဈေးနှုန်း တက်လိုက်နဲ့ ဒီဒဏ်တွေကို ပြည်သူတွေက လှိမ့်ခံနေရတယ်။ နှစ်ဖက် စလုံးကို ကြောက်ရတယ်။ အရမ်း မပြောရဲ ဘူး။ နေရ၊ ပြောရ၊ ရှာဖွေစားသောက်ရတာ မလုံခြုံဘူး ဖြစ်နေတယ်'' ဟု ပြောသည်။

သက်ဆိုင်ရာနှင့် ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်း အသီးသီးတို့က ဒုက္ခ သည်စခန်းများအားကူညီ ထောက်ပံ့ပေးနေသော်လည်း နေရာအချို့တို့၌ လိုအပ်မှုတို့ ရှိနေ သေးကြောင်း လူမှုအဖွဲ့အစည်း အချို့က ပြောသည်။
နိုင်ငံတော်သမ္မတက မြန်မာ့စစ်တပ်အား ထိုးစစ်ကို ရပ်ဆိုင်းထား ရန် ညွှန်ကြားထားပြီး ဖြစ်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲများက ဆက်ဖြစ်နေဆဲဖြစ်ရာ စစ်ပွဲရပ်တန့်ရန် တောင်းဆို ဆန္ဒထုတ်ဖော်မှုတို့ကို မြို့ကြီးများတွင် ပြုလုပ်ခဲ့သေးသည်။

မင်းသုအောင်
Popular Myanmar News Journal

မပြီးဆုံးနိုင်သေးသည့် ကချင်ဒေသစစ်ပွဲကြောင့် အစိုးရထိန်းချုပ် နယ်မြေ အတွင်း၌ ဒုက္ခသည်ဦးရေ တစ်ရှိန်ထိုးမြင့်တက် လာနေကြောင်း ကချင်လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်နယ်အစိုးရ စာရင်းများ ၏ ဖော်ပြချက်အရ သိရသည်။

၂ဝ၁၁ ခုနှစ် ဇွန်လဆန်းမှ စကာ နှစ်ဖက်တိုက်ပွဲငယ်များ စတင်ဖြစ်ပွား ခဲ့သော အချိန်မှစ၍ ယခု ဒီဇင်ဘာလ ဒုတိယအပတ်အထိ နယ်မြေ လုံခြုံရေးအရ ရွှေ့ပြောင်းလာ သည့် ကချင်ဒေသခံတို့မှာ ကယ်ဆယ်ရေး စခန်း ၈၄ ခု တို့၌ ၃၂၂-၃၄ ဦးအထိရှိသွားပြီး ၂ဝ၁၂ ဖေဖော်ဝါရီ နောက် ဆုံးပတ်က ဒုက္ခသည် ၁၈၅၄၃ သာရှိကြောင်း ကချင်ပြည်နယ် လူမှုရေး ဝန်ကြီးဌာနက အတည်ပြုပေးခဲ့သည်။

''ဖားကန့် စခန်းတွေ ကတော့ လျော့ကျသွားပေမယ့် လွယ်ဂျယ်ဘက် မှာတော့ တိုးလာနေပါတယ်''ဟု လူမှုရေးဝန်ကြီးဌာနက ပြောသည်။နေရပ် စွန့်ခွာထွက်ပြေးလာမှုတွင် အမျိုးသမီးများ၊ ကလေးသူငယ် များ၊ ကျောင်းသားလူငယ်များမှာ ထက်ဝက်ကျော် ရှိနေခဲ့သည်။

လက်ရှိ စာရင်းများအရ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသများတွင် ကယ်ဆယ်ရေ စခန်း ၄၅ ခုဖြင့် အများဆုံးဖွင့်ထားခဲ့ရပြီး ဗန်မော်တွင် စခန်း ၉ ခု၊ လွယ်ဂျယ်တွင် ၅ ခု၊ မိုးမောက် တွင် ၄ ခု၊မိုး ကောင်းတွင် ၃ ခု၊ ပန်းဝါ တွင် ၃ခု၊ မန်စီ၊ ချီဖွေ၊ မိုးညှင်းနှင့် ပူတာအို တို့တွင် ၂ ခုစီနှင့် ကန်ပိုက်တီး တွင် စခန်း ၁ ခု ဖွင့်လှစ်ထားသည်။

ဖားကန့် ဒုက္ခသည် စခန်းတွင် လက်ရှိတွင် နေထိုင်နေသည့် ဒုက္ခသည် တစ်ဦးက ''ဘာကြောင့် ဒီလိုဖြစ်နေခဲ့ရတယ် ဆိုတာကို စဉ်းစားလို့မရဘူး။ ကိုယ့်အိမ်၊ ကိုယ့်ယာမှာပဲ လုပ်ကိုင်စားချင်တာပေါ့။ ဒီလို ဘယ် နေချင်ပါ့ မလဲ''ဟု ပြောသည်။

စစ်ကြောင့် ဖားကန့်ဒေသမှ ကျောင်းသား၊ ကျောင်းသူရာနှင့် ချီကာ မြစ်ကြီး နားနှင့် အခြားဒေသများသို့ ပြီးခဲ့ သည့် လပိုင်းကပင် ရွှေ့ပြောင်းသွားခဲ့ ရသည်ဟု ၄င်းက ပြောသည်။

ဖားကန့်ဒေသမှ ကျောင်းဆရာ တစ်ဦးက ''တိုက်ပွဲတွေဖြစ်လိုက်၊ လမ်း ပိတ်လိုက်၊ ကုန်ဈေးနှုန်း တက်လိုက်နဲ့ ဒီဒဏ်တွေကို ပြည်သူတွေက လှိမ့်ခံနေရတယ်။ နှစ်ဖက် စလုံးကို ကြောက်ရတယ်။ အရမ်း မပြောရဲ ဘူး။ နေရ၊ ပြောရ၊ ရှာဖွေစားသောက်ရတာ မလုံခြုံဘူး ဖြစ်နေတယ်'' ဟု ပြောသည်။

သက်ဆိုင်ရာနှင့် ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်း အသီးသီးတို့က ဒုက္ခသည်စခန်းများအား ကူညီထာက်ပံ့ေ ပးနေသော်လည်း နေရာအချို့တို့၌ လိုအပ်မှုတို့ ရှိနေ သေးကြောင်း လူမှုအဖွဲ့အစည်း အချို့က ပြောသည် ။နိုင်ငံတော်သမ္မတကမြန်မာ့စစ်တပ်အားထိုးစစ်ကိုရပ်ဆိုင်းထားရန်ညွှန်ကြားထားပြီး ဖြစ်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲများက ဆက်ဖြစ်နေဆဲဖြစ်ရာ စစ်ပွဲရပ်တန့်ရန် တောင်းဆို ဆန္ဒထုတ်ဖော်မှုတို့ကို မြို့ကြီးများတွင် ပြုလုပ်ခဲ့သေးသည်။

မင်းသုအောင်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List