Friday, June 20, 2014

နိုင်ငံတစ်ဝန်းလုံး သန်းခေါင် စာရင်းမြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းစဉ် ပြီးဆုံးကြောင်းအသိပေးကြေငြာချက်ထုတ်ပြန်


နိုင်ငံတစ်ဝန်းလုံး သန်းခေါင် စာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါကြောင်းပြည် သူ လူထုသို့ အသိပေးကြေငြာချက်ကိုဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ယနေ့ထုတ်ပြန်သည်။

၂၀၁၄ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ် (၄) ရပ်အနက် ဒုတိယအဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား ၂၀၁၄ ခုနှစ် မတ်(၃၀) မှ ဧပြီ (၁၀) အထိ ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ် အတွင်းရှိ နယ်မြေဒေသအချို့တွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေပါသဖြင့် သန်းခေါင်စာရင်း လုပ်ထုံးလုပ်နည်းနှင့် ပြည်တွင်းပြည်ပပညာရှင်များ၏ အကြံပြုချက်အရ စာရင်းကောက် ကာလအား Technical Delay အဖြစ် သတ်မှတ်ပြီး နောက်ထပ် ရက်သတ္တ (၈)ပတ် အထိတိုးမြှင့်ဆောင် ရွက်နိုင်ခွင့်ရှိ၍ (၁၄-၆-၂၀၁၄) ရက်နေ့အထိ စာရင်းကောက်ကာလ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း၊ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

၎င်းကာလအတွင်း စာရင်းကောက်ယူရန် ကျန်ရှိနေသော ဒေသများတွင် သန်းခေါင်စာရင်း ဆက်လက် အကောက်ခံနိုင်ရေးအတွက် စည်းရုံးရေးနည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ်ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း သတ်မှတ်ကာလ ပြည့်မြောက်သည်အထိ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။

သို့ဖြစ်ပါ၍ သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိသောဒေသများတွင် သန်းခေါင်စာရင်းကာလ တိုးမြှင့် သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် (၁၄-၆-၂၀၁၄) ရက်နေ့အထိ ထပ်မံ ကောက်ယူနိုင်ခြင်း မရှိတော့ပါသဖြင့် ဒုတိယအဆင့်လုပ်ငန်းစဉ်ဖြစ်သော နိုင်ငံတစ်ဝန်းလုံး သန်းခေါင် စာရင်း မြေပြင်ကွင်း ဆင်းကောက်ယူမှုလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါကြောင်းနှင့် ကျန်လုပ်ငန်းစဉ်များအား ဆက်လက်ဆောင် ရွက်လျှက်ရှိပါ ကြောင်း ပြည်သူလူထုအား အသိပေးကြေငြာထားသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List