Friday, June 20, 2014

ကမ္ဘာ့ဖလားပွဲစဉ်များကို အိမ်တွင်သာကြည့်ရန် ကင်ညာအစိုးရ ကြေညာချက် ထုတ်ပြန်ထား


ကင်ညာအစိုးရသည် လုံခြုံရေးအခြေအနေကြောင့် ကမ္ဘာ့ဖလားပွဲစဉ်များကိုလူစည်ကားရာနေရာတွင်ကြည့် ရှုခြင်းမပြုဘဲ မိမိနေအိမ်တွင်သာကြည့်ရှုရန် အများပြည်သူများထံ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ 

ကင်ညာနိုင်ငံရှိ Mpeketoni မြို့တွင် ပြီးခဲ့သည့်တစ်ပတ်က ကော်ဖီဆိုင်ခန်းများ၌ လူအများကမ္ဘာ့ဖလား ပွဲကိုကြည့်ရှုနေစဉ် သေနတ်သမားများရုတ်တရက်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အပြစ် မဲ့ပြည်သူအယောက်(၅၀)နီးပါးသေဆုံးခဲ့ရသည့်အပြင် ယခုရက်ပိုင်းအတွင်းကလည်း အဆိုပါမြို့အနီး ရွာတစ်ရွာတွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ(၉)ဦးသေဆုံးခဲ့ရသည်။ 

အဆိုပါတိုက်ခိုက်မှုမှာ အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်မှုရှိနေသည့် ရှီဘတ်အဖွဲ့၏ လုပ် ရပ်ဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပြီး ယခုအခါ ကင်ညာအစိုးရက လူစည်ကား ရာနေရာ များတွင် ကမ္ဘာ့ဖလားပွဲစဉ်များကို မကြည့်ရန် သတိပေးကြေညာချက်များထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။ 

ထို့အတူ နိုက်ဂျီးရီးယားနိုင်ငံ၊ ဒါမာတူရူမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက   ကမ္ဘာ့ဖလားပွဲစဉ်များပြသရာ 
ကွင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အနည်းဆုံးလူ(၂၁)ဦးသေဆုံးခဲ့ပြီး(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြကြောင်းသိရသည်။



Eleven Media Group

No comments:

Post a Comment

My Blog List