Thursday, June 19, 2014

ထိုင်းနယ်စပ်ရှိ မြန်မာ-ဒုက္ခသည်တစ်သိန်းကျော် နေရပ်သို့ပြန်ပို့နိုင်ရေး ဆွေးနွေးမည်


လူဦးရေတစ်သိန်းကျော်ရှိသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်ခိုလှုံနေ သော စစ်ပြေး ဒုက္ခသည်များအား နေရပ်ပြန်ပို့နိုင်ရေး ထိုင်းပြည်တွင်းလုံခြုံရေးဌာနက ကြီးမှူး၍အလုပ်ရုံ ဆွေးနွေးပွဲကို မဲဆောက်မြို့၌ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ထိုင်းပြည်တွင်းလုံခြုံရေးတာ ၀န်ရှိသူများ၊ မြန်မာဒုက္ခသည်စ ခန်းများတည် ရှိရာ ခရိုင်လေးခု ဒေသဆိုင်ရာကွပ်ကဲရေးမှူးများ၊ ထိုင်းပြည်ထဲရေးဌာနမှ တာဝန်ရှိ  သူများ၊ UNHCRမှ တာဝန်ရှိသူများအပါအ၀င် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေ ကြောင်း သတင်းရရှိသည်။

‘‘၀န်ထုပ်ဝန်ပိုးဖြစ်တာလို့ ဆိုတယ်။ နှစ် ၃၀ရှိပြီလေ’’ဟု အ ဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ မန်းမျိုးမြင့် (မီဒီယာ)ကပြော သည်။

ထိုင်းစစ်တပ်သည် အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာ  နယ်စပ်မဲဆောက်မြို့တွင် အ ထောက်အထား မရှိသော ရွှေ့ ပြောင်းလုပ်သားများအားစစ်ဆင် ရေးတစ်ခုသဖွယ် ပြုလုပ်ပြီး နောက်မကြာသေးမီရက်ပိုင်းက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက် နေသူများထဲမှ ထိုင်းအစိုးတာဝန် ရှိသူများနှင့် UNHCRမှ တာဝန်ရှိ သူများသည် ဇွန်လ ၁၈ရက်တွင် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ် သော မဲလဒုက္ခသည်စခန်းသို့သွား ရောက်လေ့လာ ခဲ့ကြောင်း မန်းမျိုး မြင့်ကပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေးလက် မှန်ရေးထိုး ထားသည်မှာ ၂နှစ် ကျော်ပြီဖြစ်သော်လည်း ဒုက္ခသည်များအနေဖြင့် နေရပ်သို့ မပြန်နိုင်ကြသေးပေ။

အဆိုပါဆွေးနွေးပွဲကို ဇွန် လ ၁၉ရက်တွင်အပြီးသတ်ဆွေး နွေးမည်ဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ခုချသွား မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List