Thursday, June 19, 2014

အာဖဂန် မဲရေတွက်မှုကို ရပ်တန့်ဖို့ သမ္မတလောင်း Abdullah ပြော


အာဖဂန်နစ္စတန် ​ရွေးကောက်ပွဲမှာ ​မဲမသာမာမှုတွေ ​ရှိနေတယ်ဆိုတဲ့ ​ပြောဆိုသံတွေ ​ကျယ်ကျယ်လောင် လောင် ​ထွက်ပေါ်လာတဲ့အတွက် ​သမ္မတလောင်း ​တစ်ဦးက ​မဲရေတွက်မှုတွေကို ​ရပ်တန့်ဖို့ ​တောင်းဆိုလိုက် ပါတယ်။

သူ့ရဲ့ ​ကိုယ်ပိုင်​စောင့်​ကြည့်​လေ့လာရေးအဖွဲ့တွေရဲ့ ​ပြောကြားချက်အပေါ်အခြေခံပြီး ​ရွေးကောက်ပွဲ ​ကော်မရှင် ​အပေါ် ​ယုံကြည်မှု ​မရှိကြောင်း ​သမ္မတလောင်း ​တစ်ဦး​ဖြစ်တဲ့ ​နိုင်ငံခြားရေး ​၀န်ကြီးဟောင်း ​Abdullah ​Abdullah ​က ​ပြောဆို ​လိုက်ပါတယ်။

သူဟာ ​ကမ္ဘာ့ဘဏ် ​စီးပွားရေး ​ပညာရှင်ဟောင်း ​Ashraf ​Ghani ​နဲ့ ​အာဖဂန် ​သမ္မတ ​နေရာအတွက် ​ယှဉ်ပြိုင်နေကြတာ ​ဖြစ်ပြီး ​ပြီးခဲ့တဲ့ ​စနေနေ့တုန်းက ​အာဖဂန်ပြည်သူ ​သန်းနဲ့ချီက ​မဲပေးခဲ့ကြပါတယ်။

ဒီလို ​ရှုပ်ထွေးနေတဲ့ ​အခြေအနေမှာ ​ကုလသမဂ္ဂ ​ရဲ့ ​ကြားဝင်ဖြေရှင်းမှုလိုအပ်တယ်လို့ ​မစ္စတာ ​Abdullah ​က ​တောင်းဆိုနေပေမယ့် ​၂ ​ဖက် ​ညှိနှိုင်းမှုတွေကနေ ​အဖြေရှာကြဖို့ ​ကုလသမဂ္ဂပြောခွင့်ရသူက ​ဆိုပါတယ်။

ဒီရွေးကောက်ပွဲကနေ ​သမ္မတ ​ဖြစ်လာမယ့်သူဟာ ​နိုင်ငံခြားတပ်တွေ ​အာဖဂန်မြေပေါ်က ​ဆုတ်ခွာအပြီးမှာ ​နိုင်ငံတည်ငြိမ်ရေးအတွက် ​ကြိုးပမ်းရမှာ​ဖြစ်လို့ ​ဒီရွေးကောက်ပွဲဟာ ​ပြည်တွင်းပြည်ပက ​အာဖဂန်ပြည်သူ တွေ​အတွက် ​အင်မတန်အရေးပါတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List