Thursday, June 19, 2014

သမ္မတ ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း


နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ သမ္မတ၏ အကြံပေးအဖွဲ့အဖြစ် ယခင်က နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ အဖွဲ့သုံးဖွဲ့ထားရှိရာမှ ယခုအမိန့်စာအရ အကြံပေးအဖွဲ့သုံးဖွဲ့ ထပ်မံတိုးချဲ့ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ထပ်မံတိုးချဲ့ဖွဲ့စည်းခန့် အပ်လိုက်သောအဖွဲ့များမှာ သာသနာရေးအကြံပေးအဖွဲ့၊ ကျန်းမာရေး အကြံပေး အဖွဲ့၊ ပညာရေးအကြံပေးအဖွဲ့တို့ဖြစ်သည်။

သာသနာရေးအကြံပေးအဖွဲ့တွင် ယခင်သာသနာရေးပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သူရ ဦးမြင့်မောင်အား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အငြိမ်းစားသံအမတ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိ တွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးစိန်ဝင်းအောင် အား အဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ထားသည်။

ထို့အပြင် ကျန်းမာရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာ  ဒေါ်နုနုသာအား ခန့်အပ် သည်။ ပညာရေးအကြံပေးအဖွဲ့တွင် ယူနီဆက် မှ အငြိမ်းစားဝန်ထမ်းဖြစ်သူ ဒေါက်တာဒေါ်ရင်ရင်နွယ်အား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ သမ္မတ၏အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံ ပေးကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ခဲ့သည်။

မူလက ဖွဲ့စည်းထားပြီးဖြစ်သော စီးပွားရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင်ထွဋ်ဦး ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းခန့် အပ်ထားသည်။

သမ္မတသက်တမ်းသုံးနှစ်နှင့် တစ်လကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သော သမ္မတ ဦးသိန်းစိန် တွင် အထက်ပါ အကြံပေးအဖွဲ့များအပြင် သမ္မတ ၏ အမျိုးသားစီးပွားရေး၊ လူမှုရေးအကြံပေးကောင်စီ လည်းရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List