Tuesday, June 17, 2014

မယ်ဆိုင်မြို့ တရားမဝင် ဖုန်း အော်ပရေတာ လုပ်ငန်းမှ နိုင်ငံခြားသားများ နှင့်အတူ မြန်မာ နိုင်ငံသား နှစ်ဦး ဖမ်းဆီးခံရ


ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် တရားမဝင်ရုံးဖွင့်ကာ တယ်လီဖုန်း အော်ပရေတာလုပ်ငန်း လုပ်ကိုင်နေသူ လူ ၅၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းရာ မြန်မာနိုင်ငံသား ၂ ဦး ပါဝင်ကြောင်း သိရှိရပါသည်။

မယ်ဆိုင်မြို့နယ် မယ်ဆိုင်အုပ်စု ဘန့်မုံးဒိုင်ရွာရှိ အိမ် ၃ လုံးအား ဂျွန်လ ၁၅ ရက်က ထိုင်းရဲ၊ လ၀က နှင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့တို့ ပူပေါင်း၍ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းဖြစ်ပြီး ထိုင်း- မြန်မာ-တရုတ် သုံးနိုင်ငံအား တယ်လီဖုန်းခေါ်ဆိုလွှဲပြောင်းပေးသည့် (တရားမဝင်) စီးပွါးရေးလုပ်ငန်း ၂ ခုမှ တရုတ်လူမျိုး ၄၇ ဦး၊ ထိုင်း ၂ ဦးနှင့် မြန်မာ ၂ ဦး စုစုပေါင်း ၅၁ ဦးဖမ်းဆီးခဲ့သည်ဟုလည်း မယ်ဆိုင် အွန်လိုင်း သတင်းတွင်အသေးစိပ်ဖော်ပြထားသည်။

အဆိုပါနေအိမ်အတွင်း တယ်လီဖုန်းအလုံးပေါင်းမြောက်များစွာ၊ အင်တာနက်ရောင်တာ၊ ကွန်ပြူတာ အစရှိအသုံးအဆောင်ပစ္စည်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါသည်။

အဆိုပါလုပ်ငန်းသည် ဖုန်းလိုင်းခေါ်ဆိုလွှဲပေးသည်သာမက ငွေလွှဲခြင်း၊ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်လိုသူများအား ပို့ဆောင်ပေးခြင်း တို့ကိုပါ လုပ်ဆောင်ခဲ့သည်ဟု ဝင်ရောက်စီးနင်းဖမ်းဆီး သော ထိုင်းတပ်သား များကပြောသည်။

ထိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရေးစီမံကိန်းအရ အာဏာသိမ်း ထိုင်းစစ်တပ်က ဦးဆောင်ပြီး ထိုင်းရဲများနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံအနှံ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို ရှာဖွေဖမ်းဆီး စစ်ဆေးနေသည့် ကာလအတွင်း ထိုသို့ ရှင်းလင်း ရေးကိုပါ လုပ်ဆောင် နေကြခြင်း ဖြစ်သည်ဟုဆိုသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List