Tuesday, June 17, 2014

ဥရောပ၏ ရေပန်းအစားဆုံး ဂျာမနီအသင်း သောမတ်စ်မူလာ၏ ဟက်ထရစ်ဂိုးဖြင့် ပေါ်တူဂီကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်းပြသခဲ့


၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု(ဆ) အဖွင့်ပွဲစဉ်များကို တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဥရောပ ဒေသခံ အသင်းများထဲမှ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်း ပြသခဲ့ကြောင်း သိရှိရသည်။

ပေါ်တူဂီအသင်းသည် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပါဝင်ခဲ့သည့်အပြင် နာနီ၊ မေရဲလက်စ်၊ ပီပီ၊ ကွန်ထရာအို၊ မော် တင်ဟို စသည့် ထိပ်တန်းကစားသမားများ ပါဝင်ကစားခဲ့သော်လည်း ဂျာမနီအသင်းကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ဂျာမနီအသင်းက အမာခံကစားသမား ရှဝိန်းစတိုင်ဂါ မပါဝင်နိုင်ခဲ့သလို၊ ၀ါရင့် တိုက်စစ်မှူး ကလိုဆေးကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားခဲ့သော်လည်း ပေါ်တူဂီအသင်းကို အသာစီးယူ ကစားသွား နိုင်ခဲ့သည်။ 

သို့သော် အဓိကအဆုံးအဖြတ် ပေးခဲ့သည်မှာ ပွဲချိန်(၃၇)မိနစ်တွင် ပေါ်တူဂီ နောက်ခံလူပီပီ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ တစ်ယောက်အသာ ရခဲ့ခြင်းကြောင့်လည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ ခြင်းဖြစ်သည်။ 

ဂျာမနီအသင်းက ပွဲအစ(၁၂) မိနစ်တွင်ပင် ပယ်နယ်တီအခွင့်အရေးရရှိခဲ့ သည်။ ဂျာမနီအသင်းအတွက် ပွဲ(၅၀)ပြည့် အဖြစ် ပါဝင်ကစားခဲ့သည့် တောင်ပံကစား သမားသောမတ်စ်မူလာက ဂေါ့ဇီကြောင့် ရရှိသည့် ပယ်နယ်တီကို ကန်သွင်းခဲ့ခြင်း ဖြစ်ပြီး (၃၂)မိနစ်တွင် နောက်ခံလူဟမ်း မဲလ်စ်က တိုနီကရူးစ်၏ ပေးပို့မှုမှ တစ်ဆင့် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ (၃၇)မိနစ်တွင် သောမတ်စ်မူလာကို ခေါင်းဖြင့်တိုက် ခဲ့သည့် အတွက် ပေါ်တူဂီနောက်ခံလူပီပီ ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဂျာမနီအသင်း တစ်ယောက် အသာရရှိသွား ခဲ့သည်။ 

ထို့ ကြောင့် လက်ကျန်ပွဲစဉ်များတွင် ဂျာမနီအသင်း စိတ်ကြိုက်ဖိကစားသွားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်း အနေဖြင့် စီရော်နယ်လ်ဒို၏ ဖရီးကစ်များကိုသာ အားကိုးခဲ့ရသည်။ ဂျာမနီအသင်းအတွက် ကျန်ဂိုး(၂)ဂိုးကို ပထမ ပိုင်းပြီးခါနီး နာကျင်အချိန်ပိုနှင့် (၇၈)မိနစ်တို့တွင် သောမတ်စ်မူလာကပင် သွင်းယူခဲ့ပြီး ယခုနှစ်ကမ္ဘာ့ ဖလားပြိုင်ပွဲ၏ ပထမဆုံးဟက်ထရစ် ဂိုးသွင်းနိုင်သူလည်း ဖြစ်ခဲ့သည်။



Eleven Media Group

No comments:

Post a Comment

My Blog List