Thursday, June 19, 2014

အာရပ်နဲ့ အစ္စလာမ်မစ်ကမ္ဘာ အဖွဲ့ သြစီ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံမယ်


ဂျေရုဆလင် ​အရှေ့ဘက်ပိုင်း ​နယ်မြေအခေါ်အဝေါ်နဲ့ ​ပတ်သက်ပြီးတော့ ​သြစတြေးလျအစိုးရရဲ့ ​သဘောထားကို ​ရှင်းရှင်းလင်းလင်း ​သိရဖို့အတွက် ​ပါလစ္စတိုင်းကိုထောက်ခံတဲ့ ​အာရပ်နဲ့ ​အစ္စလာမ်မစ် ​ကမ္ဘာအဖွဲ့က ​ကိုယ်စားလှယ်တွေဟာ ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်နဲ့ ​ဒီကနေ့မှာ ​တွေ့ဆုံကြမှာဖြစ်ပါတယ်။

တွေ့ဆုံမှု ​အတွင်းမှာ ​အစ္စရေး ​နိုင်ငံက ​နေရာယူ ​ထားတဲ့ ​အရှေ့ ​အလယ်ပိုင်း ​ဒေသ ​တချို့ကို ​သြစတြေးလျ ​၀န်ကြီးချုပ် ​တိုနီ ​အာဘော့တ်က ​အခေါ်အဝေါ် ​ပြောင်းလဲ ​လိုက်တဲ့ ​ကိစ္စကို ​ဆွေးနွေး ​ကြမှာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​တပတ်ကပဲ ​၀န်ကြီးချုပ် ​တိုနီ ​အာဘော့တ် ​ကနေပြီးတော့ ​အစ္စရေးက ​နေရာယူ ​ထားတဲ့ ​ဒေသကို ​အရင်က ​“သိမ်းပိုက်ခံဒေသ” ​လို့ခေါ်တာကို ​အခုအခါမှာ ​“အငြင်းပွားရာဒေသ” ​လို့ ​ပြောင်းလဲ ​ခေါ်ဝေါ်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အာရပ်နဲ့ ​အစ္စလာမ်မစ် ​ကမ္ဘာ ​အဖွဲ့က ​မကျေမနပ် ​ဖြစ်နေကြတာ ​ဖြစ်ပါတယ်။

ဒီလို ​အခေါ်ဝေါ်တွေကြောင့် ​သြစတြေးလျ ​အစိုးရဟာ ​အစ္စလာမ်မစ် ​ကမ္ဘာအဖွဲ့နဲ့ ​ဆက်ဆံရေး ​ထိခိုက် ​ပျက်ပြားစေအောင် ​လုပ်ဆောင်နေ ​သလိုဖြစ်နေတယ်လို့ ​ပါလစ္စတိုင်း ​ကိုယ်စားလှယ်ကဆိုပါတယ်။

ဒီကနေ့ ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီးနဲ့ ​တွေ့ဆုံမယ့် ​ကိုယ်စားလှယ်တွေမှာ ​ဂျော်ဒန်၊ ​တူရကီနဲ့ ​အာဖဂန်နစ္စတန် ​နိုင်ငံက ​ကိုယ်စားလှယ်တွေ ​ပါဝင်မှာဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List