Wednesday, June 18, 2014

မြန်မာပြည်တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရပုံ လန်ဒန်မှာတင်ပြ


ပြီးခဲ့တဲ့သီတင်းပတ်ကကျင်းပခဲ့တဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအတွင်း လိင်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာတိုင်းရင်းသားအမျိုးသမီးအဖွဲ့တချို့ရဲ့ ကိုယ်စားလှယ် တွေက ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီးဖြစ်လာတဲ့ မြန်မာနိုင်ငံတွင်းက အမျိုးသမီးထုကြုံတွေ့ရတဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက် ခံရမှုတွေနဲ့လုံခြုံမှုကင်းမဲ့ပုံတွေအကြောင်း ရှင်းလင်းပြောပြတဲ့ အစည်းဝေးတခုကို မနေ့ညနေပိုင်းက ဗြိတိသျှလွတ်တော်ရှိ ခန်းမဆောင်တခုမှာ ကျင်းပခဲ့ပါတယ်။ 

အဲဒီအစည်းဝေးပွဲအပြီးမှာ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်စူစန်နာလှလှစိုးက သူ ဆွေးနွေး ခဲ့တာတွေနဲ့ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရင်က သဘောတူထား တာတွေကနေ အခု သွေဖယ်လာမှုတွေရှိနေတဲ့အကြာင်း ခုလိုပြောပါတယ်။

"တစ်နိုင်ငံလုံးအပစ်အခက်ရပ်ဆဲရေး လုပ်တော့မယ် ကောင်းတယ်ဒါပေမဲ့ ကျွန်မတို့ ဖိအားပေးနေတာ ကြာပြီ သို့သော်လည်း ဘယ်လိုပြောင်းသွားလည်းဆိုတော့ အစိုးရဘက်ကလည်း လိုလိုလားလား ဖြစ်ပုံရ တယ် တစ်နိုင်ငံလုံးအပစ်အခက်ရပ်ဆဲရေးစာချုပ်လုပ်ပြီးသွားရင် ကျွန်မတို့က နိုင်ငံရေးဆွေးနွေး ချင်တယ် ဒါကျွန်မတို့ ပြဿနာက စည်းပွားရေးပြဿနာ မဟုတ်ဘူး နိုင်ငံရေးပြဿနာ ဒီနိုင်ငံရေး ပြဿနာမဖြေရှင်းနိုင်လို့ ဒီအနှစ်ခြောက်ဆယ်ကျော်ကြာ စစ်ပွဲကြီးဖြစ်နေတာ ဒါ နိုင်ငံရေး ပြောကိုပြောရမယ် ပထမပိုင်းမှာ သူတို့ သဘောတူထားတာ ဒါပေမဲ့အခု တစ်ချိန်မှာ သူတို့ကရပ်တန့်ထားတယ် ဘာလဲဆိုတော့ ဒီလက်နက် ချရေးတို့ ဥပဒေထက်ပြင်ရေးတို့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံရေး အောက်ထည့်ဝင်ရေး တို့ အဲ့ဒါတွေကတော့ တိုင်းရင်းသားတွေက လက်မခံနိုင်တဲ့ အချက်တွေလေ နောက်တစ်ခုကစီးပွားရေးပေါ့ စီးပွားရေးတွေ လုပ်ခိုင်းတယ် တိုင်းရင်းသားအဖွဲ့တွေကို သဘောကတော့ စီးပွားရေးကိုလုပ်လို့ ရှိရင် ဒီနိုင်ငံရေးဘက် မှာရော့သွားမယ် ဘာညာပေါ့နော် "

နိုင်ငံတကာရဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအတွင်းက လိင်အကြမ်းဖက်မှု ပပျောက်ရေး ညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတက်ရောက်လာတဲ့ ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်ကလည်း မြန်မာနိုင်ငံမှာ လိင် အကြမ်းဖက်မှု တိုက်ဖျက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို မြန်မာ အစိုးရကိုယ်စားလက်မှတ်ရေးထိုး ခဲ့ပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံအမျိုးသမီးကိုယ်စားလှယ်တွေကတော့ လက်မှတ် ထိုးသူနဲ့ လက်တွေအကောင် ထည်ဖော်သူတွေရဲ့ ကတိမှုတွေအရင်က ရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် စိုးရိမ်မှုတွေနဲ့သတိထားကြိုဆို တယ်လို့ ပြောပါတယ်။

ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံအမျိုးသမီး အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောလည်း တွေ့ဆုံဆွေးနွေး ခဲ့ကြပါသေးတယ်။

RFA Burmese

No comments:

Post a Comment

My Blog List