Friday, June 20, 2014

ဖမ်းဆီးခံ သံဃာ ၅ ပါးကို အာမခံဖြင့် ပြန်လွှတ်



ဝတ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီးနောက် ညနေ ၄ နာရီကျော် က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။
သူတို့ကို လူဝတ်လဲ တရားစွဲတုန်းက ကန့်ကွက်ပြီး ပြန်လွှတ်ဖို့ တောင်းဆိုကြတဲ့ ဦးပါမောက္ခ၊ ဦးဝီရသူနဲ့ ရွှေည၀ါ ဆရာတော်တို့လည်း သင်္ကန်းတွေနဲ့အတူ ဒီနေ့ တာမွေမြို့နယ်တရားရုံးရှေ့ကို ရောက်ရှိခဲ့ကြပါတယ်။

တာမွေမြို့နယ် တရားရုံးရှေ့မှာလည်း သံဃာအချို့က အပြစ်မဲ့သံဃာများ ပြန်လွှတ်ပေး၊ သာသနာဖျက် အံ့မောင်ကို ထောင်ဒဏ်ချ၊ ချက်ချင်းထွက် စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List