Thursday, June 19, 2014

ဘင်္ဂါလီများ စိစစ်မှုလက်ခံမှသာ နိုင်ငံသားစိစစ်ခြင်း ဆက်လက်ဆောင်ရွက်မည်



၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကို ရခိုင်ပြည်နယ်အတွင်း ဆက်လက်အကောင်အ ထည်ဖော်ရာတွင် သက်ဆိုင်ရာ ဒေသများမှ ဘင်္ဂါလီလူမျိုးများ လက်ခံမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၁၉၈၂ ဥပဒေကို မြေပုံမြို့နယ်တွင် Pilot ဧရိယာအဖြစ်သတ်မှတ်၍ ဆောင်ရွက်ရာ၌ ဘင်္ဂါလီလူမျိုးများက လိုလားစွာ စိစစ်ရန် လက်ခံခြင်းကြောင့် သတ်မှတ်ရက်ထက်စော၍ ပြုလုပ်နိုင် ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ ဥပဒေဖြင့် နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းများကို ဇွန်လ ၁၅ ရက်မှစတင်၍ မြေပုံမြို့နယ်တွင် ပြုလုပ်နေခြင်းဖြစ် သည်။ အခြားမြို့နယ်များ၌ ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက်မူ သတ်မှတ်ထား ခြင်းမရှိသေးဘဲ ဘင်္ဂါလီလူမျိုး များ၏ ဆန္ဒဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။

‘‘သူတို့က လိုလိုလားလား လက်ခံရင် ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ’’ဟု ရခိုင်ပြည်နယ် အစိုးရ ပန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ဆိုသည်။

စစ်တွေမြို့တွင် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း (ဆွဲတင်စစ်)ကို ယမန်နှစ် ဧပြီလအတွင်း ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်ကန့်ကွက်မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ရသည်။

၁၉၈၂ ခုနှစ် ဥပဒေဖြင့် နိုင်ငံသား စိစစ်ရာတွင် နိုင်ငံသားပြုခွင့် ရရှိသူများကို မြို့နယ်၊ ခရိုင်၊ ဗဟို စိစစ်ရေးအဖွဲ့များက အဆင့်ဆင့် စိစစ်ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List