Wednesday, June 18, 2014

မြန်မာပြည်သူတွေလိုချင်တဲ့ သမ္မတကို ရွေးချယ်ခွင့်ပေးဖို့ ကန်တိုက်တွန်း


မြန်မာနိုင်ငံ ​ဖွဲ့စည်းပုံအခြေခံဥပဒေအရ ​ဒေါ်အောင်ဆန်းစုကြည်လို ​ပုဂ္ဂိုလ်မျိုးကို ​သမ္မတ ​အဖြစ် ​အရွေးခံခွင့် ​ပေးမထားတဲ့အပေါ် ​သဘောထားကွဲလွဲမှုတွေ ​ဖြစ်ပေါ်နေချိန်မှာပဲ ​အမေရိကန်အစိုးရက ​မြန်မာ​သမ္မတ ဘယ်သူဖြစ်သင့်သလဲဆိုတာ ​မြန်မာပြည်သူတွေကို ​လွတ်လပ်စွာ ​ရွေးချယ်ပိုင်ခွင့်ပေးသင့်တယ်လို့ ​မြန်မာ အစိုးရကို ​တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အမေရိကန် ​နိုင်ငံ ​ခြားရေးဝန်ကြီးဌာနရဲ့ ​အဆိုအရ ​ဖွဲ့စည်းပုံအခြေခံဥပဒေကို ​ပြင်ပြီး ​၂၀၁၅ ​ရွေးကောက် ​ပွဲကျရင် ​မြန်မာ​ပြည်သူတွေ ​နှစ်သက်ရာ ​သမ္မတကို ​လွတ်လွတ်လပ်လပ် ​ရွေးချယ်ခွင့် ​ပေးသင့်တယ်လို့ ​ပြောပါတယ်။

ပြည်သူတွေ ​ကြိုက်နှစ် ​သက်တဲ့ ​ခေါင်းဆောင်ကို ​ရွေးချယ် ​ခွင့်ပေးရင် ​မြန်မာနိုင်ငံ ​ဒီမိုကရေစီ ​ပြုပြင်ပြောင်း ​လဲမှုကို ​အထောက်​အကူဖြစ်စေမှာ​ဖြစ်သလို ​တည်ငြိမ်​အေးချမ်းမှုတွေလည်း ​ဖြစ်စေ​နိုင်တယ်လို့ ​အမေရိကန် ​နိုင်ငံခြားရေး ​ဌာနရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​ပါရှိပါတယ်။

နိုင်ငံခြားသား ​မိသားစုဝင်ရှိသူတွေကို ​သမ္မတဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့ ​ပုဒ်မ ​၅၉​(စ)ကို ​မြန်မာလွှတ်တော်က မပြင်ဖို့ဆုံးဖြတ်​လိုက်ပေမယ့်လည်း ​ဆက်လက်ပြီး ​ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ ​ပြောင်းလဲရေးအတွက် ​NLD ​အနေနဲ့ ​လှုပ်ရှားသွားမယ်လို့ ​NLD ​က ​ဦးဝင်းထိန်က ​ပြောပါတယ်။

အခုလောလောဆယ် ​ပုဒ်မ ​၅၉(စ)ကို ​ပြင်ဆင်ဖို့ ​တောင်းဆိုလက်မှတ်ရေးထိုးသူ ​လူပေါင်း ​လေးသိန်းရှိနေ ပြီး ​ပြည်ပရောက် ​မြန်မာတွေကလည်း ​လက်မှတ်ရေးထိုး ​တောင်းဆိုမှုတွေ ​ပြုလုပ်နေပါတယ်။

ABC

No comments:

Post a Comment

My Blog List