Monday, June 16, 2014

မော်လမြိုင်ကျွန်းတွင် ဇွန်လ ၁၈ရက်၌ လယ်သမားများ ဆန္ဒပြထုတ်ဖော် ခြင်းနှင့်အတူ သပိတ်စခန်းဖွင့်မည်


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိတောင်သူများသည်လယ်ယာမြေများသိမ်းဆည်းခံရမှုများကြောင့်လာမည့် ဇွန် ၁၈ရက်တွင် မော်လမြိုင်ကျွန်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ လယ်သမားအင်အား ၈၀၀ ကျော်ဖြင့် လယ်ယာမြေအား ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် ဆန္ဒပြခြင်းနှင့်အတူသပိတ်စခန်းပါ တစ်ခါတည်းဖွင့်တောင်း ဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

“ဧရာဝတီတိုင်းဒေသကြီးမော်လမြိုင်ကျွန်းမှာရှိတဲ့တောင်သူလယ်သမားသမဂ္ဂကနေဦးဆောင်ပြီးတော့လယ်သမားများနဲ့ အတူဇွန်လ ၁၈ရက်နေ့မှာ ဆန္ဒပြမယ်၊နောက်တစ်ခုက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ သပိတ် စခန်းပါ ဖွင့်သွားမယ်လို့ကျွန်မကိုပြောတယ်။

အဲ့ဒီနေ့မှာတောင်သူတွေကနေလာရောက်ဟောပြောပေးဖို့လည်းဖိတ်ခေါ်ထားပါတယ်။သူတို့ကိုကျွန်မ၅လ ပိုင်းက မော်လမြိုင်ကျွန်းမှာသတင်းစာရှင်းလင်းပွဲခဲ့တုန်းကပဲပြောခဲ့ပါတယ်။လယ်သမားတွေဆီကနေ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို ပြန်ပေးပါ မပေးရင် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့ကနေ တရားစွဲမယ်လို့ပြောတော့သူတို့ကမလုပ်ဖို့ လာပြောတယ် အတက်နိုင်ဆုံးဖြေရှင်းပေးမယ်ပြောတော့ ကျွန်မ တို့စောင့်ကြည့်နေလိုက်တယ်။အခုသူတို့ဘက်ကဘာမှဖြေရှင်းမပေးလို့ တောင်သူတွေကနေ ဆန္ဒပြပြီးတော့ သပိတ်စခန်းဖွင့်မှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂတာဝန်ခံ မစုစုနွေးကပြော သည်။

“ကျွန်တော်တို့ လယ်ယာတွေကိုသိမ်းသွားတာအနည်းတော့ဘူးအခုမိုးတွင်းကလည်းရောက်လာပြီး လယ် မရှိပဲနဲ့ ကျွန်တော်တို့ဘာနဲ့လုပ်ကိုင်စားသောက်ရမလဲခက်တာက ကျွန်တော်တို့ကလည်းလယ် ပဲလုပ်တတ် တယ်။တခြားအလုပ်ကိုလည်းမလုပ်တတ်ဘူးဒီတော့ ကျွန်တော်တို့လယ်လုပ် ကိုင်ခွင့် ပြန်ပေးဖို့ အခုလို ဆန္ဒပြတောင်းဆိုသွားမှာဖြစ်ပါတယ်။ဆန္ဒတောင်းဆိုလို့မရရင်တော့မြို့နယ် အုပ်ချုပ် ရေးမှူးရုံးရှေ့မှာပဲ သပိတ်စခန်းဖွင့်ပြီးတော့ ထပ်မံတောင်းဆိုသွားမယ်၊လုပ်ကိုင်ခွင့် ပြန်လည်ပေးအပ် ခြင်းမပြုသရွှေ့ သပိတ် စခန်းဖွင့်မယ်”ဟုမော်လမြိုင်ကျွန်းမြို့ရှိဒေသခံတောင်သူများကပြောသည်။

ဇွန်လ ၁၈ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့ရှိတောင်သူလယ်သမားသမဂ္ဂရုံးရှေ့တွင် စုရပ်အဖြစ်စတင်၍ မော်ကျွန်းမြို့ အားတစ်ပတ်ပတ်ကာတောင်သူအင်အား ၈၀၀ကျော်ဖြင့် စီတန်းလှည့်လည်ဆန္ဒပြသွားမည် ဖြစ်ပြီး။ယင်းနောက် မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် သွားရောက်ကာမော်လမြိုင်ကျွန်းမြို့ရှိအနီးအနား ပတ်ဝန်းကျင်ကျေးရွာများ၌ သိမ်းဆည်းထားသော လယ်ယာမြေများအားပြန်လည်လုပ်ကိုင်ခွင့်ပေးရန် သပိတ်စခန်းဖွင့်၍ ထပ်မံတောင်းဆိုသွားမည်ဖြစ်သောကြောင့် လယ်ယာမြေလုပ်ကိုင်ခွင့်ပြန်လည်ပေးအပ် ခြင်းမရှိတဲ့အထိသပိတ်စခန်းဖွင့် တောင်းဆိုမည်ဖြစ်ကြောင်းသိရသည်။

၎င်း မော်လမြိုင်ကျွန်းမြို့တွင် သိမ်းဆည်းထားသောလယ်ယာမြေများအား ပြန်လည်ပေးအပ်ရန်အတွက် ၂၀၁၄ ခုနှစ်၊မေလ၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂနှင့်တောင်သူလယ်သမား

များတွေ့ဆုံရှင်းလင်းပွဲတွင် လယ်ယာစီမံခန့်ခွဲရေးကော်မတီနှင့်မြို့ နယ်အုပ်ချုပ်ရေးမှူးတို့အားတောင်းဆို ခဲ့သောလည်းယခုအချိန်ထိတာဝန်ယူဖြေရှင်းမပေးသောကြောင့် ဆန္ဒပြတောင်းဆိုခြင်း အပါအဝင် သပိတ် စခန်းပါဖွင့်လှစ်တောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂတာဝန်ခံမစုစုနွေး ကထပ်မံပြောကြားခဲ့သည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List