Wednesday, June 18, 2014

မြန်မာလုပ်သားများကို ဖမ်းဆီးမည်မဟုတ်ဟု ထိုင်းစစ်တပ် ကတိပေး ထားကြောင်း မြန်မာသံအမတ်ပြော


မြန်မာနိုင်ငံသားများကိုလုံးဝဖမ်းဆီးမည်မဟုတ်ဟု ထိုင်းစစ်တပ်က ကတိပေးပြောဆိုထားကြောင်း ထိုင်းနိုင် ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က 7Day သတင်းစာသို့ ဖုန်းမှ တစ်ဆင့် အတည်ပြုပြောကြား သည်။

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီး နေခြင်းနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များနှင့် သွားရောက် တွေ့ဆုံဆွေးနွေးရာ မြန်မာနိုင်ငံသားများကို လုံးဝဖမ်း ဆီးမည်မဟုတ်ဟု ကတိပေးပြောဆိုလိုက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်က ပြောကြားသည်။

‘‘သံအမတ်ကြီးကိုယ်တိုင် တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီးပါ ပြီ။မြန်မာဆိုရင် လုံးဝမဖမ်းဘူးလို့ပြောပါတယ်။ နယ်စပ်မှာလည်း ဖမ်းဆီးတာ မရှိပါဘူး။ တရားမ၀င်တဲ့သူတွေ ၀င်လာမှာကြောက်လို့ စစ်ဆေးတာပဲရှိ ပါတယ်။ အရင်ကဖမ်းထားတဲ့သူတွေလည်း အကုန်ပြန်လွှတ်လိုက်ပါပြီ။ စစ်တပ်ကကို ဖမ်းဆီးထားတဲ့ သူတွေရှိရင်ဘယ်မှာရှိလဲ ပြောပါလို့တောင် ပြောထားပါတယ်။ ATM စက်မှာငွေခိုးထုတ်လို့ ဖမ်းထားတဲ့ နှစ်ယောက်ရယ်၊ မူးယစ်ဆေးဝါးနဲ့ ဖမ်းထားတဲ့ ခြောက်ယောက်ရယ်၊ အားလုံး ပေါင်းမြန်မာရှစ်ယောက်ပဲ အဖမ်းခံထားရပါတယ်’’ဟု ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းမှုကို ဦးဝင်းမောင်က ပြန်လည်ပြောကြား ခြင်းဖြစ် သည်။

ထိုင်းနိုင်ငံသတင်းစာများတွင်လည်း မြန်မာနိုင်ငံသားများအား ဖမ်းဆီးထားခြင်းမရှိဟု ရေးသားထားကြောင်း ဦးဝင်းမောင် ကဆက်ပြောသည်။

ထိုင်းစစ်တပ်က မြန်မာများ အားလုံးဝဖမ်းဆီးမည်မဟုတ်ဟု ပြောဆိုသော်လည်း ထိုင်းနိုင်ငံ ရောက်မြန်မာ များမှာ စိုးရိမ်ပူပန် နေလျက်ရှိသည်။ ဖမ်းဆီးရာတွင် တရားမ၀င်နေထိုင်သူများသာမက တရားဝင်နေ ထိုင်သူများ ကိုပါ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများ ကပြောသည်။

‘‘မြန်မာတွေ အဖမ်းမခံရတာမဟုတ်ပါဘူး။ ဟိုနေ့ကလည်းမြန်မာ ၃၀ အဖမ်းခံရတယ်လို့ သိရပါတယ်။ ခုရက်ပိုင်း အတွင်း ဆက်တိုက်ဖမ်းဆီး ခံနေရတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာတွေ အဖမ်းခံရသေးတယ်။ ဒီမှာ အလုပ်လုပ်နေတဲ့ သူတွေက ကြောက်နေကြပြီ။ သူများနိုင်ငံက သူတွေဆိုပြန် ကုန်ကြပြီ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။

ထိုင်းစစ်အစိုးရက တရားမ၀င်မြန်မာလုပ်သားများကို ဆက်တိုက်ဖမ်းဆီးနေသည့် သတင်းများထွက်ပေါ်နေ သဖြင့် မြန်မာ အစိုးရက စတင်စုံစမ်းနေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမျိုးအောင်က 7Day သတင်းစာအား ပြောကြား ထားသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သူများ ဖမ်းဆီးခံနေရခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာအစိုးရတို့က မသိချင်ယောင်ဆောင်နေသည်ဟုဆိုကာ သံရုံးရှေ့၌ မြန်မာနိုင်ငံသားတစ်ဦးက တစ်ကိုယ်တော်ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ ယင်းဆန္ဒပြသူကို မြန်မာသံအမတ်ကြီးက ခေါ် ယူဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံစံတော်ချိန် နံနက် ၁၀နာရီတွင် မဟာချိုင်ရှိရွှေ့ ပြောင်းလုပ်သားကလေးများအား ပညာသင်ပေး နေသော ကျောင်းဆရာ ကိုစောမောင်သည် ထိုင်းနိုင်ငံတွင်တရားဝင်နေထိုင်သောသူများအား ဖမ်းဆီးခံနေ ရမှုနှင့်ပတ်သက်ပြီး မြန်မာသံရုံးနှင့် မြန်မာအစိုးရတို့က မသိချင်ယောင်ဆောင်နေသည်ဟုဆိုကာ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ ထိုသို့ ဆန္ဒပြကန့်ကွက်နေသော ကိုစောမောင်ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဝင်းမောင်ကခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော့်ကို ဘာလို့ဆန္ဒ ပြတာလဲလို့မေးတယ်။ ဒီမှာဖမ်း ဆီးထားတဲ့သူတွေမရှိဘူးလို့ ပြောတယ်။ ထိုင်းမှာ မြန်မာတွေအဖမ်း ခံနေရတယ်။ အခုတရားဝင်နေတဲ့ သူတွေတောင် အဖမ်းခံနေရတယ်။ သံရုံးကလည်း မသိချင်ယောင်ဆောင်နေတယ်။ အဲဒါကြောင့် ဆန္ဒပြကန့်ကွက်တာပါ’’ဟု ကို စောမောင် ကပြောသည်။

‘‘သူ့ကိုခေါ်ပြီး ဆူပူခဲ့တာမ ဟုတ်ပါဘူး။ ဘာကြောင့်ဆန္ဒပြ တာလဲမေးတာပါ။ ဒီမှာလည်းမြန် မာတွေ ဖမ်းဆီးခံထားရတာမရှိပါဘူး။ ရှိရင်သံရုံးကို လာပြောပါလို့ ပြောတာပါ။ခေါ်ဆူတာမဟုတ်ပါဘူး’’ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်က 7Day သတင်းစာအားပြောသည်။

ဆန္ဒပြသူသည် ‘‘ပတ်စပို့စ်ရှိ လျက်နဲ့ ပုလိပ်ကဖမ်းနေတာကို မြန်မာသံရုံးက မသိချင်ယောင်မ ဆောင်ပါနဲ့’’၊ ‘‘ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများကိုပစ်မထားပါနဲ့ သမ္မတကြီးခင်ဗျာ’’စသည့် ဆိုင်းဘုတ်နှစ်ချပ်အား ကိုင်ဆောင်ကာ သံတိတ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြကန့်ကွက်မှုမှာ ၁၀ မိနစ်ခန့်သာ အချိန်ကြာမြင့်ခဲ့ ကြောင်း သတင်းရ ရှိသည်။

ထိုင်းနိုင်ငံစစ်တပ်ကအာဏာ သိမ်းပြီးနောက် ၎င်းတို့နိုင်ငံတွင် တရားမ၀င်နေ ထိုင်သူများကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ဖမ်းဆီးမှုများ ဆက် တိုက်ပြုလုပ်ခဲ့သည်။ ဖမ်းဆီးမှုများကြောင့် မြန်မာနိုင်ငံသားလေး ရာကျော် ဖမ်းဆီးခံထားရကြောင်း၊ထိုသို့ ဖမ်းဆီးမှုများပြုလုပ်ရာတွင်တရားဝင်စာရွက်
စာတန်းများဖြင့် နေထိုင်သူများပါ ထိုင်းနိုင်ငံစစ်တပ်က ဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံရောက်မြန်မာများက ပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List