Monday, June 16, 2014

ပုသိမ်အထက (၁) ဘာသာစုံဂုဏ်ထူးရှင်မပါလို့ သမ္မတစိတ်မကောင်းဟုဆို



နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ပညာသင်ကြားခဲ့ဘူးသည့်ဧရာဝတီ တိုင်းဒေသကြီးပုသိမ်မြို့အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ပျက်စီးယိုယွင်းနေသော စာသင်ဆောင်များကို ပြုပြင်ဆောင် ရွက်ပေးမည်ဟု ပြောကြားခဲ့ ကြောင်းနှင့် ယခုနှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲ၌ ဘာသာစုံဂုဏ်ထူး ရှင်မပေါ်ပေါက်၍ စိတ်မကောင်း ဖြစ်ရကြောင်း အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းအေးကဆိုသည်။
“ကျွန်မတို့အနေနဲ့ဆို တတ် နိုင်မှာမဟုတ်ဘူး၊ အခုလို ဆောင် ရွက်ပေးခြင်းကို အထူးကျေးဇူးတင် ပါတယ်။ ဒီနှစ် အ.ထ.က (၁) က ဘာသာစုံဂုဏ်ထူးရှင်မပါတာ သူစိတ်မကောင်းဘူးလို့ပြောတယ် လာမယ့်နှစ်တွေမှာလည်း ဂုဏ်ထူး ရှင်တွေ ထွက်ပေါ်အောင်လည်း ကြိုးစားဆောင်ရွက်ပေးဖို့ကိုလည်း သမ္မတကြီးကပြောကြားခဲ့တယ်”ဟု အ.ထ.က (၁)မှ ကျောင်းအုပ် ဆရာမကြီးဒေါ်သန်းသန်းအေးက ပြောသည်။

ဇွန်လ (၁၃) ရက်နေ့ ညနေ လေးနာရီခန့် အချိန်က အ.ထ.က (၁) ကျောင်းအတွင်း မိမိနှင့်အတူ တက်ခဲ့ဘူးသည့်ကျောင်း သားဟောင်းများ၊ လက်ရှိပညာသင်ကြားနေ သော ဆရာ/မများ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် နိုင်ငံ တော်သမ်္မတကြီးမှ တွေ့ဆုံစဉ် ယင်းသို့ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရုပ်ပိုင်းဆိုင်ရာကို တာဝန်ယူသလို၊အရည်အချင်းရှိတဲ့၊ ကျောင်းတစ်ကျောင်းဖြစ်ဖို့၊စည်း ကမ်းရှိဖို့၊ကိုယ့်ကျင့်တရား ကောင်းဖို့ အနှစ်သာရပိုင်းဆိုင်ရာဖြစ်တဲ့ ကျောင်းသား/သူတွေအောင်ချက် ကောင်းအောင် ဆရာ/မ တွေ အနေနဲ့ ကြိုးစားဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟု နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်က ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည်ဧရာဝတီတိုင်းဒေသကြီး ငပု တောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ နယ်ခွဲ ကျုံကူးကျေးရွာ ဇာတိဖြစ်ပြီး ပုသိမ်အမှတ် (၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ၁၉၅၄ မှ ၁၉၇၆ ခုနှစ်အထိ ကျောင်းအုပ် ဆရာမကြီးဒေါ်ကျင်စိန် (၁) လက်ထက်၌ အထက်တန်း ပညာကိုသင်ကြားခဲ့ကြောင်း သိရ သည်။

သမ္မတကြီးမှ ပျက်စီးယိုယွင်း နေသော ကျောင်းဆောင်များကို ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက် ပေးမည်ဖြစ်ပြီး ကျောင်းဝင်းအတွင်း ကွန်ကရစ်လမ်းများ၊ ကွန်ပျူတာ နှင့် အင်တာနက်များကို ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

Hot News Journal

No comments:

Post a Comment

My Blog List