Tuesday, June 17, 2014

ပီအာရ်စနစ်ရေးဆွဲမည့် ကော်မရှင်တွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များဆက်လက်ပါဝင်သင့်၊ မသင့်စဉ်းစားနေ



အမျိုးသားလွှတ်တော်တွင် ကျင့်သုံးမည့်အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ်(ပီအာရ်)ကို ရေးဆွဲမည့်ကော်မရှင်တွင် ပါဝင်သည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်ပါဝင်သင့်၊မသင့်ကို စဉ်းစားနေ ကြကြောင်းယင်းကိုယ်စားလှယ်များထံမှ သ တင်းရရှိသည်။

‘‘ကော်မရှင်ရဲ့ အစည်းအ ဝေးကတော့ စပြီးမလုပ်ရသေးပါ ဘူး။ဒါပေမဲ့ ထွက်သွားတဲ့သူတွေ လည်းရှိတော့ ဒီအဖွဲ့မှာ ပါဖို့ကို စဉ်းစားစရာဖြစ်နေတယ်’’ဟု ‘၀’ဒီ မိုကရက်တစ်ပါတီမှ အတွင်းရေးမှူးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်းပေါင်းနပ် ကပြောသည်။

အမျိုးသားလွှတ်တော်တွင် အချိုးကျရွေးကောက်ပွဲစနစ်ကို ကျင့်သုံးပါက တိုင်းရင်းသားဒေသ များတွင် ရှုပ်ထွေးမှုများဖြစ်နိုင် ကြောင်း လွှတ်တော်ကိုယ်စား လှယ်ဦးဆိုင်းပေါင်းနပ်က ဆွေးနွေးခဲ့သည်။

ပီအာရ်စနစ်ကျင့်သုံးရန်အ ကောင်အထည်ဖော်မည့် ကော်မရှင်တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ချင်းတိုးတက်ရေးပါတီ အတွင်း ရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း အနေဖြင့် ယင်းကော်မရှင်၏ အစည်းအဝေးများ သွားရောက် တက်ရောက်သင့်၊ မသင့်ကိုပင် စဉ်းစားနေရသည်ဟုပြောသည်။

မြန်မာနိုင်ငံတွင် ပီအာရ်စနစ် ကျင့်သုံးရန်သင့်တော်မှုမရှိသေး သည့်အပြင် ယင်းစနစ်ကို ကျင့် သုံးပါက မဲဆန္ဒနယ်များကို ပြန် လည်ရေးဆွဲရမည်ဟုလည်း ၎င်းကဆိုသည်။

‘‘အန်ကယ်တို့ကတော့ ကော်မတီထဲမှာ ဆက်လက်ပါဖို့ မပါဖို့ကိုစဉ်းစားနေပြီ။ ထွက်ရင် တော့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ထုံးစံအတိုင်းခွင့်တိုင်ရမှာ ပေါ့။ လိုအပ်ရင်နုတ်ထွက်မှာပါ’’ ဟု ရခိုင်အမျိုးသားပါတီဗဟို ကော်မတီဝင် တစ်ဦးဖြစ်သူအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦး အုန်းတင်ကပြောသည်။

အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ်(ပီအာရ်) အကောင်အထည်ဖော် မည့်ကော် မရှင်တွင်ပါဝင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ် တော်ကိုယ်စားလှယ်ငါးဦးသည် နုတ်ထွက် ခဲ့ကြသည်။

ပြီးခဲ့သည့် အပတ်အတွင်း က လာမည့်ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော်အတွက် ပီအာရ်စနစ်ကို ကျင့်သုံးရန် လွှတ်တော်တွင်မဲခွဲရာ တိုင်းရင်း သားပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ် တော်ကိုယ်စားလှယ်များနှင့်တပ် မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှလွှတ်တော် ကိုယ်စားလှယ် အများစု၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့သည်။ 

ယင်းနောက် ပီအာရ်စနစ်ကို အမျိုးသားလွှတ်တော်တွင် အ ကောင်အထည်ဖော်ရန် ကော်မရှင်တစ်ရပ်ကို အမျိုးသားလွှတ် တော်ဥက္ကဋ္ဌက အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၃၆ဦး၊ ဥပဒေပညာရှင်များအပါအ၀င် အဖွဲ့ဝင် ၄၀ဦးဖြင့် ဖွဲ့စည်းကာ လွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့သည်။


7Day Daily

No comments:

Post a Comment

My Blog List