Wednesday, June 18, 2014

ကမ္ဘာ့ဖလား ချန်ပီယံဆုရှင် အသင်းကို နာမည်ကြီးမော်ဒယ်လ် ဂီဆီလီဘန်ချန် ဖလားအပ်နှင်းဖွယ်ရှိ


ယခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသော အသင်း၏ လက်ထဲသို့ ဆုဖလားအပ်နှင်းရန်အတွက် ဘရာဇီး စူပါမော်ဒယ်လ် ဂီဆီလီဘန်ချန်က တာဝန်ယူဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အစောပိုင်းက ချန်ပီယံအသင်းကို ဘရာဇီးသမ္မတ ဒယ်လ်မာရူးဆက်ဖ်က ဆုဖလားအပ်နှင်းရန် စီစဉ် ထားသော်လည်း နိုင်ငံရေး အခြေအနေ အချို့ကြောင့် Victoria’s Secret၏ လက်ရွေးစင် အလှမယ်ကို ပြောင်းလဲတာဝန်ပေးဖွယ် ရှိနေကြောင်း Boston Globeက ဖော်ပြခဲ့သည်။

သမ္မတ ရူးဆက်ဖ်သည် ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များကို မျက်ကွယ်ပြုကာ ကမ္ဘာ့ဖလားအတွက် ငွေကြေးအလုံးအရင်း သုံးစွဲခဲ့ကြောင်း ဝေဖန်စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသူ ဖြစ်သည်။ ပြီးခဲ့သည့် (၂၀၁၀) ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချန်ပီယံ စပိန်အသင်း၏ လက်ထဲသို့ ဆုဖလား အပ်နှင်းခဲ့သူမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ ဥက္ကဋ္ဌ ဆပ်ဘလတ္တာဖြစ်သည်။

ဘန်ချန်သည် ကမ္ဘာပေါ်တွင် အောင်မြင်မှု အရှိဆုံး စူပါမော်ဒယ်လ် တစ်ဦးဖြစ်ပြီး သူမ၏ ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် နိုင်ငံ့ဂုဏ်ဆောင် ကြယ်တစ်ပွင့်အဖြစ် ရပ်တည်နေသည်။ သူမသည် ဇူလိုင်လ (၁၃) ရက်နေ့တွင် ရီယိုဒီဂျနေရိုမြို့ရှိ မာရာကာနာ ကွင်းကြီး၌ ကျင်းပမည့် ဆုပေးပွဲတွင် ဆုဖလား ဆောင်ယူ အပ်နှင်းသူအဖြစ် တာဝန်ယူရန် အလွန်နီးစပ်နေကြောင်း Boston Globeက ရေးသားခဲ့သည်။

အသက်(၃၃)နှစ်ရှိ ဘန်ချန်သည် အမေရိကန် ဘောလုံးအားကစားသမား တွမ်ဘရာဒီနှင့် လက်ထပ်ထား သူဖြစ်ပြီး မကြာသေးမီကမှ Chanel No.5 ရေမွှေး၏ အမှတ်တံဆိပ် ကိုယ်စားပြု သံတမန်အဖြစ် ခန့်အပ်ခံ ထားရသည်။

7Day News Journal 

No comments:

Post a Comment

My Blog List