Thursday, June 19, 2014

အလုပ်သမားများ အားလုံးအတွက် ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေကို ပြင်ဆင်ရေးဆွဲ


နိုင်ငံပိုင်လုပ်ငန်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ အားလုံးအတွက် ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေကို ပြင်ဆင်ရေး ဆွဲနေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံပိုင်လုပ်ငန်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများအားလုံးတွင် လုပ်ကိုင်နေကြသော အလုပ်သမားများအားလုံး ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ အကျုံးဝင်ခံစားခွင့် ရရှိလာစေရန် ရည်ရွယ်ရေးဆွဲထားကြောင်း ဇွန် ၁၁ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမကြိမ် ပုံမှန်အစည်းအဝေးတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးထင်အောင်က ပြောကြားသည်။ 

ထို့ပြင် အဆိုပါဥပဒေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိစေရန် ရေးဆွဲထားပြီး ဥပဒေတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားများအတွက် မီးဖွားခွင့်ရက်ကို အခကြေးငွေဖြင့် ရရှိခံစားနိုင်ရန်လည်း ထည့်သွင်းရေးဆွဲထားသည်ဟု သိရသည်။

ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေ၊ အလုပ်ရုံများ ဥပဒေ တို့ကို ပြန်လည်ပြင်ဆင် ရေးဆွဲရာတွင် အလုပ်ရှင်အလုပ်သမားတို့ထံမှ အကြံဉာဏ်များ ရယူမည်ဖြစ် ကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဆိုသည်။

၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပေဒတွင် အလုပ်ပိတ်ရက်၊ လူကြီးအလုပ်ချိန်၊ လူငယ်များအလုပ်ချိန်၊ အချိန်ပို၊ နားရက်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ သက်သာချောင်ချိရေးတို့ ပါဝင်ပြီး ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေတွင် ဆေးလက်မှတ်ခွင့်ရက်၊ ရှောင်တခင်ခွင့်ရက်၊ လုပ်သက်ခွင့်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များ ပါဝင်ကြောင်း သိရသည်။

eleven medid group

No comments:

Post a Comment

My Blog List