Monday, June 16, 2014

သူပုန်တွေကို လက်ဦးမှုယူဟု အီရတ်စစ်တပ်ပြောဆို


အီရတ်နိုင်ငံအတွင်းက မြို့တချို့ကို သိမ်းပိုက်ထားပြီး မြို့တော်ဘဂ္ဂဒက်ကိုပါ သိမ်းပိုက်မယ်လို့ ခြိမ်းခြောက် ထားတဲ့ ဆူနီစစ်သွေးကြွတွေကိုအီရတ်စစ်တပ်က တွန်းလှန်တိုက်ခိုက်နေတာမှာ ပဏာမလက်ဦးမှု ရရှိနေပြီ လို့ အီရတ်အစိုးရက ပြောပါတယ်။ 

အီရတ်တပ်ဖွဲ့အနေနဲ့ စနေနေ့ကစလို့ အကြမ်းဖက်သမား၂၇၉ ဦးကို သုတ်သင်လိုက်ပြီလို့ ၀န်ကြီးချုပ်ရဲ့ လုံခြုံရေးဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ် Qassem Atta က သတင်းထောက်တွေကိုပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားနယ်စပ်အနီးက အရေးပါတဲ့ Tal Afarမြို့အနီးမှာလည်း စစ်သွေးကြွတွေ အကြီးအကျယ် ဆုံးရှုံးသွားအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမြောက်ပိုင်းကမြို့တွေကိုစစ်သွေးကြွတွေက၀င်ရောက်သိမ်းပိုက်တဲ့အချိန်တုန်းက အစိုးရတပ်ဖွဲ့ဝင်တွေဟာသူတို့ လက်နက်တွေနဲ့ မော်တော်ယာဉ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

Source; Xinhua 
The Myanma Age

No comments:

Post a Comment

My Blog List