Tuesday, June 17, 2014

မြောက်ကိုရီးယားခေါင်းဆောင် ရေငုပ်သင်္ဘောတပ်ကို စစ်ဆေး


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ရေတပ် ရေငုပ်သင်္ဘောတပ်စိတ်ကို စစ်ဆေးနေတဲ့ ဓာတ်ပုံ အတော်များများကို နိုင်ငံပိုင်မီဒီယာ ကေအာရ်တီက ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကထုတ်လွှင့်ပြသပါတယ်။ဓာတ်ပုံတွေထဲမှာ ကိုရီးယားပြည်သူ့ တပ်မတော် ရေတပ်တပ်စိတ် ၁၆၇ က ရေတပ်သားတွေနဲ့ တွေ့ဆုံနေ ပုံတွေလည်း ပါဝင်ပါတယ်။

ကင်ဂျုံအွန်းဟာ စစ်သားတွေ ရဲ့ ရေအောက် စစ်ဆင်ရေးနဲ့ တိုက်ခိုက်ရေးအတွက် ပြင်ဆင်မှုတွေကို တိုးလုပ်ဖို့ လိုကြောင်း အလေးထား ပြောခဲ့တယ်လို့ ကေအာရ်တီသတင်းဌာနက ဆိုပါတယ်။ ဒါပေမယ့် စစ်ဆေးတဲ့ရက်စွဲနဲ့ နေရာကိုတော့ ကေအာရ်တီရုပ်သံက မပြောပါဘူး။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ကင်မင်းဆွတ်ကတော့ ရေငုပ်သင်္ဘောရဲ့ အတွင်း ပိုင်းကိုပါ ပြခဲ့တဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်က အတော်ကို မဖြစ်စဖူး ထူးခြားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားရေတပ်က မြောက်ကိုရီးယားထက် အများကြီး သာလွန်ပြီး ရေအောက်မှာလည်း အများကြီး ပိုကြာကြာ နေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေးစာချုပ်အရ စစ်ပွဲရပ်စဲခဲ့ပေမယ့် စစ်ပြေငြိမ်း ရေးစာချုပ် မချုပ်ဆိုရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။

DVB

No comments:

Post a Comment

My Blog List